Skip to main content

မြောက်ကိုရီးယား နိုင်ငံ ရဲ့ ထူးခြားဆန်းကြယ်သောအချက်များ

မြောက်ကိုရီးယား နိုင်ငံ ရဲ့ ထူးခြားဆန်းကြယ်သောအချက်များ


မြောက်ကိုရီးယား နိုင်ငံဟာ ထူးဆန်းရှည်လျားတဲ့ သမိုင်းကြောင်းတွေဖြစ်တဲ့ များစွာသောဘုရင်အုပ်ချုပ်မှုစနစ်၊ ဂျပန်တွေရဲ့ ကျူးကျော်ဝင်ရောက်ခံရမှု၊ စစ်အုပ်ချုပ်ရေးစနစ်တွေကြောင့် နာမည်ကျော်ကြားသလို ကိုရီယားနိုင်ငံရဲ့ နယ်မြေအပိုင်းအခြားတစ်ခု ဖြစ်တဲ့အပြင် ကိုရီးယားစစ်ပွဲ ကွန်မြူနစ်ဝါဒတွေကြောင့် မြောက်ကိုရီးယား နိုင်ငံဟာ ကမ္ဘာပေါ်မှာ စိတ်ဝင်မှုအကောင်းဆုံးနိုင်ငံတွေထဲကတစ်ခုအပါအ၀င်ဖြစ်နေပါတယ်။
ဒါကြောင့် စိတ်ဝင်စားဖွယ် ထူးခြားဆန်းပြားတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ လေ့လာစရာအချက်တွေကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။


ဒီချောကလက်မုန့်ကို မြန်မာ ပရိသတ်အနေနဲ့ ရင်းနှီးပြီးသားဖြစ်သလို စားလည်းစားဖူးကြမှာပါ။ဒီ မုန့် က တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး သွားရည်စာ မုန့်တမျိုးဖြစ်ပါတယ်။ဒါပေမယ့် မြောက်ကိုရီးယား နိုင်ငံမှာတော့ ဒီ မုန့် စားသုံးမှုကို ကင်မ်အစိုးရက တားမြစ်ပိတ်ပင်ထားပါတယ်။ဒါကြောင့် ဒီ မုန့် စားသုံးခြင်းက မြောက်ကိုရီးယား နိုင်ငံရဲ့ အကြီးမားဆုံး တားမြစ်ပိတ်ပင်မှုတစ်ခု ဖြစ်နေပါတယ်။ဒါပေမယ့် ဒီ မုန့် စားသုံးမှုကို အပြင်းအထန်ကန့်ကွက်ထားတဲ့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့အနေနဲ့ ၂၀၁၄ခုနှစ် ဇူလိုင်လ ၂၀ရက်နေ့မှာ မြောက်ကိုရီးယားနိုင်ငံဘက်ကို ဦးတည်ပြီး Choco Pies ၁၀,၀၀၀ပါရှိတဲ့ ပူဖောင်းတွေကို တောင်ကိုရီးယားနိုင်ငံဘက်က လွှတ်တင်ခဲ့ပါတယ်။


မြောက်ကိုရီးယား မှာ ကိုကာကိုလာ အချိုရည် လုပ်ငန်းအတွက် စီးပွားရေး ဈေးကွက် မရှိပါဘူး။ ကိုကာကိုလာ လုပ်ငန်းကို မြောက်ကိုရီးယားနိုင်ငံမှာ ပိတ်ပင်တားမြစ်ထားပါတယ်။ကိုကာကိုလာ အတွက် စီးပွားရေး လုပ်ကိုင်ခွင့်ပိတ်ပင်တားမြစ်ထားတဲ့ နိုင်ငံဟာ ကမ္ဘာပေါ်မှာ မြောက်ကိုရီးယား နဲ့ ကျူးဘား နှစ်နိုင်ငံပဲရှိပါတယ်။ကိုကာကိုလာဟာ မြောက်ကိုရီးယားမှာ မှောင်ခိုဈေးကွက်အနေနဲ့သာ ရှိနေပြီး စစ်မက်ဖြစ်ပွားဖို့ စိုးရိမ်ကြောက်ရွံ့စရာ တစ်ခုလို အပြင်းအထန်ကန့်ကွက်ထားခြင်းခံရတယ်လို့ ကိုကာကိုလာဘက်က ဆိုပါတယ်။
မြောက်ကိုရီးယား မှာ ကိုကာကိုလာ အချိုရည် လုပ်ငန်းအတွက် စီးပွားရေး ဈေးကွက် မရှိပါဘူး။ ကိုကာကိုလာ လုပ်ငန်းကို မြောက်ကိုရီးယားနိုင်ငံမှာ ပိတ်ပင်တားမြစ်ထားပါတယ်။ကိုကာကိုလာ အတွက် စီးပွားရေး လုပ်ကိုင်ခွင့်ပိတ်ပင်တားမြစ်ထားတဲ့ နိုင်ငံဟာ ကမ္ဘာပေါ်မှာ မြောက်ကိုရီးယား နဲ့ ကျူးဘား နှစ်နိုင်ငံပဲရှိပါတယ်။ကိုကာကိုလာဟာ မြောက်ကိုရီးယားမှာ မှောင်ခိုဈေးကွက်အနေနဲ့သာ ရှိနေပြီး စစ်မက်ဖြစ်ပွားဖို့ စိုးရိမ်ကြောက်ရွံ့စရာ တစ်ခုလို အပြင်းအထန်ကန့်ကွက်ထားခြင်းခံရတယ်လို့ ကိုကာကိုလာဘက်က ဆိုပါတယ်။ပါတယ်။ပါတယ်ပါတယပါတပါပ
Pulgasari လို့ခေါ်တဲ့ သတ္တ၀ါအမျိုးအစားဟာ မြောက်ကိုရီးယား လူမျိုးတွေရဲ့ သီးသန့် ဖန်တီးထားတဲ့ ဂေါ်ဇီလာ အမျိုးအစားပဲဖြစ်ပါတယ်။အများစုသိထားတဲ့ ဂေါ်ဇီလာ ပုံသဏ္ဍာန်မဟုတ်ဘဲ မြောက်ကိုရီးယား လူမျိုးတွေရဲ့ သီးသန့် Godzilla Version ပဲဖြစ်ပါတယ်။Pulgasari က ဒါရိုက်တာ Shin Sang-ok ရိုက်ကူးတဲ့ Kaiju ဇာတ်ကားမှာပါတဲ့ ဖန်တီးမှုတစ်ခုဖြစ်ပြီး ဂျပန် လို ထူးဆန်းသတ္တ၀ါ (Strange Creature)လို့အဓိပ္ပာယ်ရပါတယ်။မြောက်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင် ကင်မ်ဂျုံအီ ကတော့ ဒီဇာတ်ကား ရဲ့ဖန်တီးရှင် ဒါရိုက်တာရဲ့ လေးစားအားကျရတဲ့သူဖြစ်လို့ပါပဲ။
မြောက်ကိုရီးယား နိုင်ငံမှာ အစိုးရ၀န်ထမ်းတွေနဲ့ အစိုးရသြဇာအာဏာရှိတဲ့သူတွေဟာ ကမ္ဘာ့အင်တာနက် ကွန်ရက်ကို ကိုယ်ပိုင်သုံးစွဲခွင့်ရှိကြပါတယ်။တခြား နိုင်ငံသူနိုင်ငံသားတွေကတော့ ကိုယ်ပိုင် နိုင်ငံတကာအင်တာနက်ကွန်ရက်မဟုတ်ဘဲ ပြည်တွင်း Kwangmyongလို့ ခေါ်တဲ့ ပြည်တွင်း အင်တာနက် ကွန်ရက်ကိုပဲ သုံးခွင့်ရှိကြပါတယ်။ဒီအချက်ဟာ နိုင်ငံတကာကိုစိတ်ဝင်စားစေတဲ့အချက် ဖြစ်သလို အစိုးရရဲ့ မနှစ်သက်ဖွယ် ဆင်ဆာလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံ ရဲ့နောက်ထပ် ထူးဆန်းတဲ့ ဥပဒေ တစ်ခုကတော့ အခုချိန်ထိတည်ရှိနေဆဲဖြစ်ပါတယ်။အဲဒီဥပဒေကတော့ မြောက်ကိုရီးယား နိုင်ငံ မှာ စစ်တပ်နဲ့အစိုးရတာဝန်ရှိသူတွေပဲ ကိုယ်ပိုင်ကားစီးခွင့်ရှိပါတယ်။သင့်အနေနဲ့မြောက်ကိုရီးယားကို သွားလည်ခွင့်ရမယ်ဆိုရင်တော့ ယာဉ်ကြောပိတ်ဆို့မှုကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတာမျိုးရှိမှာ မဟုတ်ပါဘူး။
ဒါကတော့ လူသားဆန်မှုမရှိတဲ့ ဥပဒေလို့ပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ မြောက်ကိုရီးယား နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ တောင်ကိုရီးယား နိုင်ငံရဲ့ ရုပ်ရှင်၊ဗီဒီယိုတွေကို ကြည့်ခွင့်မရှိသလို ဖြန့်ဖြူးရောင်းချခွင့်လည်းမရှိပါဘူး။ပိတ်ပင်တားမြစ်မှုကို ချိုးဖောက်တာတွေ့ရှိရင်တော့ ခေါင်းဖြတ်ကွပ်မျက်ခြင်းနဲ့ အပြစ်ပေးခြင်းခံရမှာပါ။ဒါ့အပြင် ပြည့်တန်ဆာလုပ်ငန်းကိုလည်း တားမြစ်ပိတ်ပင်ထားပါတယ်။
ဒီနေ့ခေတ်လို နည်းပညာပိုင်းဆိုင်ရာ အဖက်ဖက်မှာတိုးတက်နေပေမယ့် အဲဒီတိုးတက်မှုတွေက မြောက်ကိုရီးယားမှာတော့ အသုံးမ၀င်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ မြောက်ကိုရီးယား နိုင်ငံ အနေနဲ့ တောင်ကိုရီးယားနိုင်ငံဘက်ကို စစ်ရေးဆိုင်ရာစိန်ခေါ်မှု၊ ခြိမ်းခြောက်မှုတွေပြုလုပ်တဲ့အခါမှာတောင် ဖက်စ်(Fax) ကိုအသုံးပြုပြီး စာပို့ပါတယ်။ခေတ်စနစ်အရ အသုံးမ၀င်တော့တဲ့ စည်းမျဉ်းစည်းကမ်းတွေ ကို မြောက်ကိုရီးယားနိုင်ငံမှာ အခုချိန်ထိ အသုံးပြုနေဆဲဖြစ်ပါတယ်။နယ်စပ်မျဉ်းကိုကျော်ပြီး လက်ကမ်းစာစောင်ဝေမယ်ဆိုရင်တောင် ဟီလီယမ်ပူဖောင်းကိုအသုံးပြုပြီး လွှင့်တင်တာမျိုးတွေ လုပ်လေ့ရှိပါတယ်။

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

ခရမ်းပြာဂယက်

လင်ကြီးငုတ်တုတ်ရှိလျက် ဖောက်ပြန်တဲ့အမျိုးသမီးကို ဘယ်လို ဥပဒေမျိုးနှင့် အရေးယူသင့်