သက်အရှည်ဆုံးလူသားဆိုသည့် အင်ဒိုနီးရှား အဘိုးအို ကွယ်လွန်

သက်အရှည်ဆုံးလူသားဆိုသည့် အင်ဒိုနီးရှား အဘိုးအို ကွယ်လွန် အသက် ၁၄၆ နှစ်ရှိပြီလို့ဆိုတဲ့ အင်ဒိုနီးရှားနိုင်ငံမှ အဘိုးအိုဟာ ဂျာဗားကျွန်းအလယ်ပိုင်းက ၎င်းရဲ့ကျေးရွာလေးမှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ဆိုဒီမက်ဒ်ဂျိုလို့ အမည်ရှိပြီး အဘိုးဂိုတိုလို့လည်း ရွာခံတွေက ခေါ်ဝေါ်ကြတဲ့ အဆိုပါ အဘိုးအိုရဲ့ စာရွက်စာတမ်းတွေအရ ၎င်းဟာ ၁၈၇၀ ပြည့်နှစ် ဒီဇင်ဘာလမှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ သို့သော် အင်ဒိုနီးရှားနိုင်ငံက မွေးစာရင်း တရားဝင်မှတ်ပုံတင်သွင်းမှုကို ၁၉၀၀ ပြည့်နှစ်မှသာ စတင်ခဲ့ပြီး ထိုကာလမတိုင်မီက မွေးစာရင်းမှတ်တမ်း အမှားအယွင်းများရှိခဲ့ရာ အဘိုးအို ဆိုဒီမက်ဒ်ဂျိုရဲ့ မွေးဖွားခုနှစ်ဟာ အငြင်းပွားဖွယ် ဖြစ်နေခဲ့ပါတယ်။ အင်ဒိုနီးရှား တာဝန်ရှိသူတွေကတော့ အဆိုပါ အဘိုးအိုက ပေးအပ်ခဲ့တဲ့ စာရွက်စာတမ်းတွေနနဲ့ ၎င်းနဲ့ တွေ့ဆုံမေးမြန်းမှုတွေအရ အဘိုးအိုရဲ့ မှတ်တမ်းတွေဟာ မှန်ကန်တယ်လို့ ပြောပါတယ်။ အဘိုးအိုဟာ နေမကောင်းဖြစ်မှုကြောင့် ဧပြီ ၁၂ ရက်မှာ ဆေးရုံတင်ခဲ့ရသေးပြီး ၆ ရက်အကြာမှာ ဆေးရုံဆင်းခဲ့တာ ဖြစ်ပါတယ်။ “ဆေးရုံကနေ ပြန်ရောက်ပြီးကတည်းက အစားတစ်ဇွန်းလောက်နဲ့ ရေအနည်းသာ စားသောက်တော့တယ်” လို့ ၎င်းရဲ့မြေးတော်စပ်သူ ဆူယန်တိုက BBC သတင်း...