မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ပါ ကော်မတီသည် စစ်ရေးမဟာမိတ်အဖွဲ့မဟုတ်ဟု UWSA ပြော

မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ပါ ကော်မတီသည် စစ်ရေးမဟာမိတ်အဖွဲ့မဟုတ်ဟု UWSA ပြော မြောက်ပိုင်းလက်နက် ကိုင်ခုနစ်ဖွဲ့ပါဝင်သည့် ပြည် ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်း ရေးကော်မတီသည် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရန် ဖွဲ့စည်းထား သော စစ်ရေးမဟာမိတ်အဖွဲ့အ စည်းတစ်ခုမဟုတ်ကြောင်းနှင့် အစိုးရ၊ တပ်မတော်နှင့် အများ ပြည်သူများအနေဖြင့် ကော်မတီ အပေါ် အထင်မလွဲမှားစေရန် မျှော်လင့်ကြောင်း ‘ဝ’လက်နက် ကိုင်အဖွဲ့ (UWSA) ဥက္ကဋ္ဌ ဦးပေါက်ယိုချန်းက ပြောသည်။ UWSA၊ ကချင်လက်နက် ကိုင်အဖွဲ့ (KIO)၊ ရှမ်းလက်နက် ကိုင်အဖွဲ့ (SSPP)၊ မိုင်းလားလက် နက်ကိုင်အဖွဲ့ (NDAA)၊တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုး ကန့်လက်နက်ကိုင်အဖွဲ့ (MND-AA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) တို့ပါဝင်သော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီကို ပြီးခဲ့သည့် ဧပြီကအတည်ပြုဖွဲ့စည်းခဲ့၍ ယင်းကော်မတီဥက္ကဋ္ဌသည် UWSA ဦးပေါက် ယိုချန်းဖြစ်သည်။ ဦးပေါက်ယိုချန်းကို ပြည်ပ မီဒီယာမှ ဆက်သွယ်မေးမြန်းချက်များကို UWSA လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းက မေလ ၁၉ ရက် ည တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်သည်။ ‘‘ဌာနချုပ်က တင်ခ...