Posts

Showing posts with the label မှူခင်း

အိမ်အကူမိန်းကလေး နှစ်ဦးကို ပိတ်လှောင်ထားသည့် အမျိုးသားကို အမှုဖွင့်

Image
အိမ်အကူမိန်းကလေး နှစ်ဦးကို ပိတ်လှောင်ထားသည့် အမျိုးသားကို အမှုဖွင့် 02-May-2017 အသက် ၁၈ နှစ်နှင့် ၁၆ နှစ်အရွယ် မိန်းကလေးနှစ်ဦးအား နေအိမ်အကူအဖြစ် စေခိုင်းရန် ခေါ်ဆောင်ထားပြီး ကျာက်တံတားမြို့နယ်ရှိ နေအိမ်၌ သော့ခတ်ပိတ်လှောင်ထားသည့် အမျိုးသားကို ယင်းမြို့နယ် မြို့မရဲစခန်းမှ (ပ) ၁၇၁/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၄၂ ဖြင့် မေလ ၁ ရက်နံနက်ပိုင်းက အမှုဖွင့်ထားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ ညောင်ဦးမြို့နယ်တွင် နေထိုင်သူ အသက် ၁၈ နှစ် မိန်းကလေးနှင့် အသက် ၁၆ နှစ် မိန်းကလေးတို့သည် ဧပြီလ ၃၀ ရက် ညနေပိုင်းက ပွဲစားမှတစ်ဆင့် နေအိမ်အကူအဖြစ် လုပ်ကိုင်ရန် ရောက်ရှိလာရာ နေအိမ်ပိုင်ရှင်အမျိုးသားက သေသေချာချာကြည့်၍ “ငါပြန်လာလျှင် နင်တို့နှစ်ယောက် ငါနှင့်အတူ အိပ်ရမည်” ဟု ပြောဆိုပြီး နေအိမ်တိုက်ခန်း တံခါးအား သော့ခတ်ပိတ် ထွက်သွားစဉ် ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီ တောင်းရာမှ လွတ်မြောက်ခဲ့ပြီး ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ “ကောင်မလေးတွေကို ပွဲစားက တစ်ယောက်ကို တစ်လတစ်သိန်းနဲ့ ထားခဲ့တာ၊ အိမ်ရှင်ရဲ့အမျိုးသားရဲ့ အကြည့်နဲ့ အမူအရာကိုကြည့်ပြီး ကောင်မလေ...

ဘန်ကောက်သို့ လာရောက်လာသည့် မော်ဒယ်တဦး အား အငှားယာဉ်မောင်းသမားက မုဒိန်းကျင့်...

Image
ဘန်ကောက်သို့ လာရောက်လာသည့် မော်ဒယ်တဦး အား အငှားယာဉ်မောင်းသမားက မုဒိန်းကျင့်... ၂၇-၄-၂၀၁၇ ဧပြီလ (၂၆)ရက်နေ့ က ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်လာတဲ့ ဘရားဇီး နိုင်ငံသူ မော်ဒယ်ဟာဒိုမောင်းလေ လေဆိပ်ကနေ အ၀ါရောင် အငှားယာဉ်နဲ့ မြို့ တွင်းကို စီးနင်းသွားစဉ်ကားသမားကမြို့ ပြင်မောင်းသွားပြီး လယ်တောတခုမှာ ရိုက်နှက် မုဒိန်းကျင့်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ ကိုဟန်ပြမယ်မိန်းခလေးကဟာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့  လဲနေတာကို တွေ့ သွားတဲ့ ခြံရှင်က ရဲစခန်းကို လိုက်ပို့ ခဲ့ပါတယ်။ တရားခံ Kokooncharoen ကိုခွန်ကျလန် အသက် ၄၄ နှစ် ကို (၂၄)နာရီအတွင်း ဆူဖန်ဘူရီမှာ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံရဲ့  အစစ်ခံချက်အရ တဦးတည်း ငှားစီးတဲ့ မိန်းအလေးတွေ ခုလိုမုဒိန်းကျင့်နေတာ အကြိမ်ကြိမ်ေ နပြီလို့ သိရပါတယ်။ တရားခံဟာ ၂၀၀၈ ခုနှစ် အတွင်း ထိုင်းနိုင်ငံသူတဦး(ပထုံဌာနီပြည်နယ် ) နဲ ၂၅နှစ်အရွယ် ရှိ မြန်မာနိုင်ငံသူ (ကန်ဖန်ဖက်မြို့ နယ် )တဦးကိုလည်း ခုလို ပုံစံ မျိုးရိုက်နှက် မုဒိန်း ကျင့်ခဲ့တဲ့အမှု ဟောင်းတွေကိုပါ ဖေါ်ထုတ်ခဲ့တယ်လို့  စစ်ဆေးချက်တွေအရ သိရပါတယ်။ SAW crime.kachon