Posts

Showing posts with the label သမိုင်း

ပြည်နယ်နှင့်တိုင်းဖွဲ့စည်းပုံအတွင်း- မည်သည့်အခါမှ ခွဲမထွက်ရ ဆိုသည့်အချက် - ထည့်သွင်းဖော်ပြမှုမသင့်ဟု SNLD ပြော

Image
ပြည်နယ်နှင့်တိုင်းဖွဲ့စည်းပုံအတွင်း- မည်သည့်အခါမှ ခွဲမထွက်ရ ဆိုသည့်အချက် - ထည့်သွင်းဖော်ပြမှုမသင့်ဟု  SNLD  ပြော သျှမ်းသံတော်ဆင့် / ဆိုင်ဖူး မေလ ၂၅ ရက် ၂၀၁၇ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယနေ့မှာ UPDJC မှ ချမှတ်ပေးထားသည့် နိုင်ငံရေးကဏ်ဏ္ဍ အစုအဖွဲ့အလိုက် ဆွေးနွေးရန်အတွက် အချက် ၂၁ ချက် ပါရှိသည့်အနက် အပိုဒ် ၈ အပိုဒ်ခွဲ (ဂ) တွင်ပါရှိသည့် ပြည်ထောင် စု နယ်မြေအတွင်းမှ မည်သည့် အခါမှ ခွဲမထွက်ရ ဆိုသည့် အချက် ထည့်သွင်းဖော်ပြမှုမသင့်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်  SNLD  ကျားခေါင်းပါတီဘက်မှ ဆွေးနွေးခဲ့သည်။ အဆိုပါ ပြည်ထောင်စု နယ်မြေအတွင်းမှ မည်သည့် အခါမှ ခွဲထွက်ခွင့်မပြုရ ဆိုသည့် အချက် ဖော်ပြရာတွင် အပိုဒ် ရ (က) မှာ ဒို့တာဝန်အရေးသုံးပါး ကို ဖော်ပြပြီးသားဖြစ်သည့်အတွက် ထည့်သွင်းရန် မလိုကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ နိုင်ငံရေးဆွေးနွေးပွဲ ကိုယ်စားလှယ် စိုင်းထင်ကျော် ကပြောသည်။  “ခု ပြန်လည်ဆွေးနွေးခွင့် ၂၁ ချက်ရှိပါတယ်၊ အဲ့ဒီ ၂၁ ချက်ထဲမှာ အပိုဒ် ၈ အပိုဒ်ခွဲ(ဂ) အနေနဲ့ ကျနော်တို့ ဆွေးနွေးရတာ ဖြစ်ပါတယ်၊ ဒါကို ကျနော်တို့ ကိုင်ြ...

ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ

Image
#ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ ရှမ်းပြည်နယ်မှာ ကချင်၊ ဝ၊ တအာင်း၊ ရှမ်း၊ ကိုးကန့်၊ အခါ၊ ပအိုဝ်း အစရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းပေါင်း အနဲဆုံး ၈ ဖွဲ့ရှိပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ကျော့ကွင်းမှာဆင်းသက်သွား ပြီး ပြည်သူ့စစ်အသွင်ပြောင်းခဲ့ရတာ၊ အကျိုးစီးပွားလုပ်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ပင်းပြီးဖွဲ့ထားတဲ့ ဒေသခံ တိုင်းရင်းသားနဲ့ တရုတ်လူမျိုးတွေရဲ့ ပြည်သူ့စစ် စသဖြင့် ပြည်သူ့စစ်အင်အားကြီးကြီးငယ်ငယ် အဖွဲ့ပေါင်း ၂၀၀ ကျော်ရှိပါတယ်။ မြန်မာ့တပ်မတော်က စစ်တိုင်းဌာနချုပ် လေးခုနဲ့ ခြေမြန်တပ်မဌာနချုပ် တခု ဖွင့်လှစ်ထားပြီး၊ အားလုံးစုစုပေါင်း တပ်ရင်း ၂၀၀ ကျော် ရှမ်းပြည်နယ်ဒေသအသီးသီးမှာ အခြေချလှုပ်ရှားနေပါတယ်။ (က) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ၁) ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၄) နဲ့ တပ်မဟာ (၆) တို့နဲ့စုဖွဲ့ထားတဲ့ KIO တောင်ပိုင်းတိုင်း ၂) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၃) မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA- ကိုးကန့် ၄) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် - NDAA - မိုင်းလား ၅) ရှမ်းပြည်တိုးတက်ရေးပါ...

အစ္စလာမ့်သမိုင်းကြောင်းတွေ လေ့လာဖတ်ရှုကြည့်ပါ

Image
အစ္စလာမ့်သမိုင်းကြောင်းတွေ လေ့လာဖတ်ရှုကြည့်ပါ ဖတ်ဖို့ မအားသေးရင် save ထားပါ အားမှ ဖတ်ရှုပါ ငါအလ္လာဟ်ဆိုပြီး ကြွေးကြော်ခဲ့တဲ့ မင်းစိုးဘုရင်ဆိုး နမ္မ် ရွတ် နမ်္မရွတ်ဘုရင်ဆိုးကြီးနှင့်ဇနီးကြင်ရာတော်တို့မြူပ်နှံထားသည်သင်္ချိင်းနေရာကိုကမ္ဘာ့သုတေသနပညာရှင်များကအီရတ်နိုင်ငံတွင်ပြန်လည်တူးဖေါ်တွေ့ရှိ။ အီရတ်နိုင်ငံမြောက်ပိုင်းကလ်ကူရ်းမြို့တွင်နမ်္မရွတ်ဘုရင်နှင့်ဇနီးကြင်ယာတော်တို့ကိုအမေရိကန်ဒေါ်လာသန်းသုံးရာတန်းဖိုးရှိတစ်ကိုရေစာရွှေငွေကျောက်သံပတ္တများဝတ်စဉ်လျှက်မြူပ်နှံထားသည်ရုပ်ကလပ်တော်ကိုတူးဖေါ်တွေ့ရှိခဲ့သည်။ သုတေသနပညာရှင်များသည်လာမည့်ရက်တပတ်တွင်အနီးနားပတ်ဝင်းကျင်ရှိအခြားသောသင်္ချိင်းများကိုဆက်လက်တူးဖော်သွားမည်ဖြစ်သည်။ အစ္စလာမ်သမိုင်းတွင်ဘုံရန်သူအဖြစ်ထင်ရှားပေါ်ပေါက်ခဲ့သည့်ရှင်ဘုရင်တစ်ပါးဖြစ်သူနမ်္မရွတ်ဘုရင်သည်မိမိကိုမိမိခိုဒါ(ဖန်ဆင်း၇ှင်ဟူ၍)အဖြစ်ကြွေးကြော်ခဲ့ပြီးမိမိအားယုံကြည်မကိုးကွယ်သူများကိုအမျိုးမျိုးဒုက္ခပေးသတ်ဖြတ်ခဲ့သူတစ်ဦးဖြစ်သည်။ နမ်္မရွတ်ဘုရင်သည်မိမိကိုမိမိဘုရားတစ်ဆူအသွင်အမည်ဖော်ဆောင်ကာတိုင်းသူပြည်သားများအပေါ်ဂုဏ်သိက္ခာမောက်မားစွာဆက်ဆံခဲ့သည်။ များမကြာမီကာလလေးအတွင်းအ...

“ မုန်တိုင်းကြားက သျှမ်းစာပေ”

Image
“ မုန်တိုင်းကြားက သျှမ်းစာပေ” “ စာပေမြင့်မှ လူမျိုးတင့်မည်ဟုဆိုပေမဲ့လည်း မုန်တိုင်းကြားက သျှမ်းစာပေအကြောင်းတစေ့တစောင်း ” သျှမ်းလူငယ်အပေါင်းတို့ရေ ယနေ့ ကမ္ဘာပေါ်ရှိ ယဉ်ကျေးသော လူမျိုးအသီးသီးတွင် သူ့လူမျိုး၊ သူ့ဘာသာ နှင့် သူ့စာပေ အသီးသီးရှိကြသည်။ နိုင်ငံတို့၏ ယဉ်ကျေးမှု (Culture)၊ မြို့ပြယဉ်ကျေးမှု (Civilization)၊ နှင့် ဓလေ့ (Custom) တို့ကို တိုင်းတာရာမှာ စာပေကို ထင်ရှားသော စံတစ်ခု အဖြစ် ပညာရှင်များအားလုံးက တညီတညွတ်တည်း လက်ခံထားကြသည်။ စကားမှ ဖြစ်လာသောစာကို အက္ခရာတင်ရာတွင် ဗျည်း၊ သရများကို ခွဲခြားနိုင်သောစာပေ၊ ဗျည်းသရ မခွဲခြားနိုင်သော တရုတ်စာ၊ အီဂျစ်စာဟူသော စာပေ စသည်ဖြင့် စာပေအဆင့်အတန်း အမျိုးမျိုး ရှိကြသည်။ ထို့အပြင် လူမျိုးများ၏ စာပေများ တိုးတတ်မှုများကို ရွှေပေစာ၊ ငွေပေစာ၊ ကြေးပေစာ၊ ပေစာ၊ ပုရပိုဒ်စာ၊ ကျူစာ၊ ခေါင်းလောင်းစာ၊ အုတ်ခွက်စာ၊ ကျောက်စာ၊ အရိုးအိုးကျောက်စာ၊ အရုပ်စာ၊ မှင်စာ စသည်များမှာ မည်သို့မည်ပုံ ရေးဖွဲ့ခဲ့ကြပုံများကို ကြည့်ခြင်းအားဖြင့် ခွဲခြားလေ့လာနိုင်ပါသေးသည်။ ထိုစာများ အဆင့်အတန်းမြင့်ပါက မြင့်သည့်အလျောက် ထိုခေတ်က လူများ၏ လူနေမှုအဆင့်အတန်း ကိုလည်း တိုင်းတာနိုင်...