မြန်မာ့ပထမဆုံး ညစ်ညမ်းဗီဒီယို (Porn Movie) ရိုက်ကူးသူများကို အရေးယူမည်

မြန်မာ့ပထမဆုံး ညစ်ညမ်းဗီဒီယို (Porn Movie) ရိုက်ကူးသူများကို အရေးယူမည် မန်မာ့ပထမဆုံး ညစ်ညမ်းဗီဒီယိုဇာတ်ကား (Porn Movie) ထွက်ရှိလာခြင်းနှင့်စပ်လျဉ်း၍ ရိုက်ကူးသူများကို အရေးယူနို င်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စတင် စုံစမ်းနေပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ေ ဌးက ပြောကြားသည်။ မြန်မာ့ ပထမဆုံး ညစ်ညမ်းဗီဒီယိုဇာတ်ကားသည် ယနေ့ (ဧပြီလ ၂၄ ရက်)တွင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကတစ်ဆင့် ပျံ့နှံ့ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စကို နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးထံသို့ The Voice က ဆက်သွယ် မေးမြန်းခဲ့ရာတွင် ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ မြန်မာ့ပထမဆုံး ညစ်ညမ်းဗီဒီယိုဇာတ်ကားကို Art of Myanmar Production ဟု အမည်ပေးထားသည့် ဖေ့စ်ဘွ တ် ခ်စာမျက်နှာက ဖြန့်ချိခြင်းဖြစ်ပြီး ဇာတ်ကားရိုက်ကူးခြင်းဆိုင်ရာ အချက်အလက်များကိုလည်း ၎င်းတို့က အသေးစိတ် ဖော်ပြထားသည်။ Art of Myanmar Production သည် ယနေ့ (ဧပြီလ ၂၄ ရက်) နံနက်တွင် ယင်းမြန်မာ့ပထမဆုံး ညစ်ညမ်း ဗီဒီယိုဇာ တ်ကား၏ လေးမိနစ်ကျော်စာ နမူနာကို ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် စတင်လွှင့်တင်ခဲ့...