Posts

Showing posts with the label နိုင်ငံရေး

ပြည်နယ်နှင့်တိုင်းဖွဲ့စည်းပုံအတွင်း- မည်သည့်အခါမှ ခွဲမထွက်ရ ဆိုသည့်အချက် - ထည့်သွင်းဖော်ပြမှုမသင့်ဟု SNLD ပြော

Image
ပြည်နယ်နှင့်တိုင်းဖွဲ့စည်းပုံအတွင်း- မည်သည့်အခါမှ ခွဲမထွက်ရ ဆိုသည့်အချက် - ထည့်သွင်းဖော်ပြမှုမသင့်ဟု  SNLD  ပြော သျှမ်းသံတော်ဆင့် / ဆိုင်ဖူး မေလ ၂၅ ရက် ၂၀၁၇ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယနေ့မှာ UPDJC မှ ချမှတ်ပေးထားသည့် နိုင်ငံရေးကဏ်ဏ္ဍ အစုအဖွဲ့အလိုက် ဆွေးနွေးရန်အတွက် အချက် ၂၁ ချက် ပါရှိသည့်အနက် အပိုဒ် ၈ အပိုဒ်ခွဲ (ဂ) တွင်ပါရှိသည့် ပြည်ထောင် စု နယ်မြေအတွင်းမှ မည်သည့် အခါမှ ခွဲမထွက်ရ ဆိုသည့် အချက် ထည့်သွင်းဖော်ပြမှုမသင့်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်  SNLD  ကျားခေါင်းပါတီဘက်မှ ဆွေးနွေးခဲ့သည်။ အဆိုပါ ပြည်ထောင်စု နယ်မြေအတွင်းမှ မည်သည့် အခါမှ ခွဲထွက်ခွင့်မပြုရ ဆိုသည့် အချက် ဖော်ပြရာတွင် အပိုဒ် ရ (က) မှာ ဒို့တာဝန်အရေးသုံးပါး ကို ဖော်ပြပြီးသားဖြစ်သည့်အတွက် ထည့်သွင်းရန် မလိုကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ နိုင်ငံရေးဆွေးနွေးပွဲ ကိုယ်စားလှယ် စိုင်းထင်ကျော် ကပြောသည်။  “ခု ပြန်လည်ဆွေးနွေးခွင့် ၂၁ ချက်ရှိပါတယ်၊ အဲ့ဒီ ၂၁ ချက်ထဲမှာ အပိုဒ် ၈ အပိုဒ်ခွဲ(ဂ) အနေနဲ့ ကျနော်တို့ ဆွေးနွေးရတာ ဖြစ်ပါတယ်၊ ဒါကို ကျနော်တို့ ကိုင်ြ...

ရှမ်းတပ်နှင့် တိုက်ပွဲများရပ်တန့်ရေး ဆွေးနွေးရန်အသင့်ရှိဟု တအာင်းတပ်ပြော

Image
ရှမ်းတပ်နှင့် တိုက်ပွဲများရပ်တန့်ရေး ဆွေးနွေးရန်အသင့်ရှိဟု တအာင်းတပ်ပြော ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) နဲ့ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ (အာစီအက်စ်အက်စ်) တို့ကြား တိုက်ပွဲတွေရပ်တန့်နိုင်ဖို့ လုံခြုံရေးအရ အဆင်ပြေတဲ့နေရာမှာ ဆွေးနွေးဖို့ အဆင်သင့်ရှိနေကြောင်း တီအန်အယ်လ်အေက ပြောပါတယ်။ တီအန်အယ်လ်အေ ပြန်ကြားရေးမှူး တာအိုက်ကျော်က “တွေ့ဆုံညှိနှိုင်းဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက ပြောတယ်။ သူတို့က တွေ့ဆုံဖို့ ရှောင်လွဲနေတယ်။ တရုတ်ပြည်၊ ပန်ဆန်း၊ မိုင်းလား တနေနေရာမှာ တွေ့ဖို့အစဉ်သင့်ရှိတယ်။ သူတို့ကလည်း ဒီချင်းမိုင်မှာပဲ အဆင်ပြေနေတယ်။ ချင်းမိုင်ကျတော့ ကျနော်တို့က အန်စီအေ လက်မှတ်မထိုးထားတော့ လုံခြုံရေးမှာ အခက်အခဲရှိတယ်။ တွေ့ဖို့ နေရာအဆင်ပြေရင်တော့ တွေ့ဖို့အဆင့်သင့်ပဲ” လို့ သူကပြောပါတယ်။ တအာင်းအမျိုးသားပါတီ (တီအန်ပီ)က ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာမှာ အာစီအက်စ်အက်စ်နဲ့ ကြားဝင်ညှိနှိုင်းခဲ့ကြောင်း မီဒီယာတွေမှာ ဖော်ပြထားပေမယ့် ရှမ်းပြည်တောင်ပိုင်းရှိ စာသင်ကျောင်းကိစ္စရပ်တွေကိုသာ ဆွေနွေးတာဖြစ်ပြီး တီအန်အယ်လ်အေ နဲ့ အာစီအက်စ်အက်စ် ...

လားရှိုးဟိုတယ်တွေကို ဆက်ကြေးကောက်တာ TNLAအဖွဲ့ စစ်ဆေးနေ

Image
လားရှိုးဟိုတယ်တွေကို ဆက်ကြေးကောက်တာ TNLAအဖွဲ့ စစ်ဆေးနေ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က ဟိုတယ်တွေကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က အခွန်ကောက်ခံတဲ့ စာတွေပေးပို့တာဟာ TNLA အဖွဲ့က စီစစ်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ "ရဲတပ်ဖွဲ့ကတော့ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေပါတယ်။ မြို့အဝင်ထွက်တွေမှာ အားလုံးပိတ်ဆို့ရှာဖွေနေတာ ၈ နေရာမှာလုပ်နေပါတယ်။ ကျွန်တော်တို့ မော်တော်ယာဉ်လှည့်ကင်း၊ မော်တော်ဆိုင်ကယ်လှည့်ကင်း၊ ခြေလျင်လှည့်ကင်း၊ အရပ်ဝတ်စောင့်ကြည့်အဖွဲ့များ ချထားပြီးတော့မှ အထူးသဖြင့် ဟိုတယ်တွေကို စောင့်ကြည့်လုံခြုံရေးတာဝန်ယူမှုတွေ လုပ်နေပါတယ်ခင်ဗျ။ ဟိုတယ်မှာရှိတဲ့ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့မှ ။ ကျန်တာတော့ မြို့တမြို့လုံးကို လှည့်ကင်းယာဉ်တွေနဲ့ လှည့်ပတ်ပြီးတော့မှ စောင့်ကြည့်နေပါတယ်ခင်ဗျ " အင်တာနက် လူမှုကွန်ယက်စာမျက်နှာမှာ ပျံနှံနေတဲ့ လားရှိုးမြို့ ဟိုတယ်တွေထံ အခွန် ကောက်ခံတဲ့စာမှာ TNLA အဖွဲ့ရဲ့ တံဆိပ်တုံးတွေ၊ ခေါင်းစီးလည်း မပါတဲ့အပြင် စာရဲ့အောက်မှာ လက်မှတ်ထိုးထားတဲ့ နာမည်နဲ့ အဖွဲ့ဝင်လည်း မရှိတာကြောင့် TNLA အနေနဲ့ စိစစ်နေတယ်လို့ ပြန်ကြားရေးတာဝန်ခံ ...

ကျောက်မဲမြို့၌ RCSS/SSA နှင့် TNLA တို့တိုက်ပွဲဖြစ်ပွား

Image
မြေမြုပ်မိုင်းရှင်းလင်းရေးလှုပ်ရှားမှုမှ ကျောက်မဲမြို့၌ RCSS/SSA နှင့် TNLA  တို့တိုက်ပွဲဖြစ်ပွား သျှမ်းသံတော်ဆင့် မေလ ၂၂ ရက် ၂၀၁၇ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်တို့ကြား တိုက်ပွဲများဖြစ်ပွါး မှုကြောင့် ဒေသခံရွာသားများ ကျောက်မဲမြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ ကျောက်မဲမြို့နယ် မြောက်ဘက်နှင့်အနောက်မြောက်ဘက်ရှိ ကွန်ကော်ကျေးရွာအုပ်စု၊  လွယ်အံကျေးရွာအုပ်စုအတွင်း  မေလ ၂၁ ရက် ၅၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့က  RCSS နှင့် TNLA ကြားတိုက်ပွဲဖြစ်ပွား မှုကြောင့်  ကျောက်မဲမြို့ ရပ်ကွက် ၈ သို့ စစ်ဘေးရှောင် ၁၀၀ နီးပါးခန့်ရောက်ရှိလာကြောင်း၊ များသောအားဖြင့် တအာင်းရွာသားများဖြစ်ပြီး သျှမ်းရွာသားတချို့လည်းပါဝင်ကြောင်း ကျောက်မဲမြို့ခံ စိုင်းပါက ပြောသည်။ “ကွန်ကော်အုပ်စုထဲက တော့ဖယ် အုံအွီးရွာသားတွေ၊ လွယ်အန်အုပ်စုထဲက ခုမ်ငင်း၊ ဝန်ကန်ရွာတွေက ရွာသား ၉၅ ယောက် ရပ်ကွက် ၈ မှာလာပြီး ခိုလှုံနေတယ်။ လောလောဆယ်တော့ တည်းခိုတဲ့စခန်း အနီးတဝိုက်ကရွာသားတွေသွ...

မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ပါ ကော်မတီသည် စစ်ရေးမဟာမိတ်အဖွဲ့မဟုတ်ဟု UWSA ပြော

Image
မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ပါ ကော်မတီသည် စစ်ရေးမဟာမိတ်အဖွဲ့မဟုတ်ဟု UWSA ပြော  မြောက်ပိုင်းလက်နက် ကိုင်ခုနစ်ဖွဲ့ပါဝင်သည့် ပြည် ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်း ရေးကော်မတီသည် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရန် ဖွဲ့စည်းထား သော စစ်ရေးမဟာမိတ်အဖွဲ့အ စည်းတစ်ခုမဟုတ်ကြောင်းနှင့် အစိုးရ၊ တပ်မတော်နှင့် အများ ပြည်သူများအနေဖြင့် ကော်မတီ အပေါ် အထင်မလွဲမှားစေရန် မျှော်လင့်ကြောင်း ‘ဝ’လက်နက် ကိုင်အဖွဲ့ (UWSA) ဥက္ကဋ္ဌ ဦးပေါက်ယိုချန်းက ပြောသည်။ UWSA၊ ကချင်လက်နက် ကိုင်အဖွဲ့ (KIO)၊ ရှမ်းလက်နက် ကိုင်အဖွဲ့ (SSPP)၊ မိုင်းလားလက် နက်ကိုင်အဖွဲ့ (NDAA)၊တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုး ကန့်လက်နက်ကိုင်အဖွဲ့ (MND-AA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) တို့ပါဝင်သော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီကို ပြီးခဲ့သည့် ဧပြီကအတည်ပြုဖွဲ့စည်းခဲ့၍ ယင်းကော်မတီဥက္ကဋ္ဌသည် UWSA ဦးပေါက် ယိုချန်းဖြစ်သည်။ ဦးပေါက်ယိုချန်းကို ပြည်ပ မီဒီယာမှ ဆက်သွယ်မေးမြန်းချက်များကို UWSA လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းက မေလ ၁၉ ရက် ည တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်သည်။ ‘‘ဌာနချုပ်က တင်ခ...

RCSS ကြောင့် ရှမ်းတွေကို တိုင်းရင်းသားတွေ မုန်းရလိမ့်မယ်

Image
RCSS ကြောင့် ရှမ်းတွေကို တိုင်းရင်းသားတွေ မုန်းရလိမ့်မယ် ဒီလိုစာ မရေးချင်တာတော့ အမှန်ပါ။ အကြောင်းအရင်းက အောက်တန်းကျသောတိုင်းရင်းသားတွေရဲ့ စိတ်ဓာတ်နဲ့ မိမိရဲ့ page မှာမဖော်ပြလိုပါ။ လူမျိုးကြီးဝါဒဆန်ပြီး နိုင်ငံကို အလွဲသုံးစားလုပ်နေတဲ့ စစ်အဏာရှင်တွေကိုသာ မိမိဝေဖန်လေ့ရှိသည်။ သို့သော် အကြောင်းအမျိုးကြောင့် ဒီလိုစာမရေးရင် မှားနေတာတွေ အမှန်ဖြစ်သွားမှာကို မလိုလားသောကြောင့် ရေးခြင်းဖြစ်သည်။ RCSS ဟာ ရှမ်းမြောက်ကို ဗမာစစ်တပ်ရဲ့ အကူအညီမပါဘဲနဲ့ ဘယ်လိုပုံစံနဲ့မှ ရောက်ဖို့ မဖြစ်နိုင်ပါ။ မိုင်ပေါင်းထောင်ချီတဲ့နေရာဒေသကို တောတောင်များကျော်ဖြတ်တာဟာ လမ်းလျှောက်ရင်ဖြင့် လချီလောက်ထိ လျှောက်ရပါမယ်။ ဒါကြောင့် RCSS ဟာ ဗမာ့စစ်တပ်က ညွန်ကြားခြင်းအတိုင်း သွားနေသည်ကို ဘယ်တိုင်းရင်းသားမှ ယုံမှားဖွယ်မရှိပါ။ ကျွန်တော်သည် တအာင်းစစ်စစ်ဖြစ်သော်ငြားလည်း တအာင်းမှားရင် ကျွန်တော်ဝေဖန်ထောက်ပြခဲ့ပါတယ်။ သို့သော် ရှမ်းတွေက RCSS လုပ်ပုံကိုင်ပုံ လူ့အခွင့်အရေးချိုးဖောက်မှုကို မမြင်ချင်ဟန်ဆောင်သည်မှာ အင်မတန်စိတ်ပျက်ဖွယ်ကောင်းလှသည်။ ရှမ်းလူမျိုးတွေဟာ ဗမာတွေထက် လူမျိုးကြီးဆန်တယ်လို့ တိုင်းရင်းသားအများစုက ဆိုကြပါတယ်။ ရှမ်ြး...

PSLF-TNLA တအာင်းပလောင်အဖွဲ့ ရဲ့ ရက်စက်မှုဖြင့် ပြာကျသွားသော မိုးဝီးမြို့ နဲ့  ကျောက်မဲမြို

Image
ဘယ်မြန်မာသတင်းမှ ဖော်ပြခြင်းမခံရသော PSLF-TNLA တအာင်းပလောင်အဖွဲ့ ရဲ့ ရက်စက်မှုဖြင့် ပြာကျသွားသော မိုးဝီးမြို့ နဲ့  ကျောက်မဲမြို့ ပါ။ =================== ကျောက်မဲမြို့နယ် တော့ဆန်ရွာကတော့ မြင်တဲ့အတိုင်းပါပဲ ဗမာ့တပ်မတော်နှင့် TNLA တအာင်း တိုက်ပွဲကြောင့် ပျက်စီးသွားခဲ့သောအိမ်တွေပါ။ ဒီသတင်းကတော့ ဗမာများပိုင် မီဒီယာများဖြစ်တဲ့ BBC/ DVB/VOA မြန်မာ့အလင်း ကြေးမုံ ကမ္ဘောဇတိုင်းသတင်း နှင့် မြန်မာ့မီဒီယာများအားလုံးက လျစ်လျူ ရူထားခြင်းရတဲ့  ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ မီးရို့ ခံခြင်းသာဖြစ်သည်။ ဒါမဟုတ်လျှင်လဲ ခုတလော အစိုးရသစ်လက်ထက်မှာ မန္တလေး ရန်ကုန် နဲ့  မြန်မာအနေများတဲ့နေရာမဟုတ်လျှင် သတင်းက မဖော်ပြတော့ဘူးလား။ ဒါမဟုတ် မြန်မာပြည်မှာ ဒီမိုခရေစီ လူမိုက်အားပေးတဲ့ ဒီမိုခရေစီဖြစ်ပြီလား။ အိုက်ခမ်းမဲန့်  ကျောက်မဲ 11.05.2016

မူဆယ် ၁၀၅မိုင်စခန်းမှာ ပေါက်ကွဲမှုဖြစ်ပွား

Image
မူဆယ် ၁၀၅မိုင်စခန်းမှာ ပေါက်ကွဲမှုဖြစ်ပွား ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ၁၀၅မိုင်မှာ အင်္ဂါနေ့ ညနေပိုင်းက မိုင်းတလုံးပေါက်ကွဲခဲ့ပြီးနောက်ထပ်မိုင်းတလုံးကို လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းခဲ့ရပါတယ်။ ဒီ မိုင်းပေါက်ကွဲတာကြောင့် ထိခိုက်သေကျေတာမရှိပေမဲ့ မူဆယ်မြို့မှာ လုံခြုံရေးတင်းကျပ်ထားပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာ အစိုးရတပ်နဲ့ ပလောင်တပ်ဖွဲ့အကြား နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒီလအတွင်းမှာ အကြိမ်၂၀နီးပါး ဖြစ်ပွားခဲ့ပြီဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။ ဒီမိုင်းပေါက်ကွဲတာဟာ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကကျတဲ့ ကုန်သွယ်ရေးစခန်း မူဆယ် ၁၀၅မိုင်မှာ ဒီလ ၉ရက်နေ့ ညနေ ၄နာရီ ၅မိနစ်ဖြစ်ပွားခဲ့တာပါ။ မိုင်းပေါက်ကွဲမှုအခြေအနေကိုတော့ လုံခြုံရေးတပ်ဖွဲ့က တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။ “မူဆယ်မြို့ ၁၀၅ မိုင်၊ မိုင်းယုကျေးရွာ ပြည်ထောင်စုလမ်းမကြီးကနေမှ ပေ ၁၀၀ အကွာမှာ ဘုန်းကြီးကျောင်းအမည်က ထေရ၀ါဒ ဘုန်းကြီးကျောင်း အ၀င် ၀ဲဘက်အခြမ်း အပင် ကြားမှာ ထောင်ထားတဲ့ မိုင်းတလုံးက ပေါက်ကွဲသွားတာ။ လူ၊ တိရိစ္ဆာန်ပစ္စည်းဘာမှ ထိခိုက်မှုမရှိဘ...

တအာင်းတပ်မတော်နှင့်မြန်မာ့တပ်မတော်တို့ တိုက်ပွဲ

Image
တအာင်းတပ်မတော်နှင့်မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ================================= (၂)ကြိမ် ထပ်မံဖြစ်ပွား ============== ၂၀၁၇ ခုနှစ် မေလ ၆ ရက် တအာင်းဒေသ၊ တပ်မဟာ ၁ နယ်မြေ၊ မန်တုံမြို့နယ်နှင့် တပ်မဟာ ၃ နယ်မြေ၊ နမ္မတူမြို့နယ်တို့၌ ယနေ့ မေလ ၆ ရက်နေ့တွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့သည်။ နေ့လည် ၁၂း၀၀ နာရီမှ ၁၃း၀၀ နာရီအချိန်ထိ တပ်မဟာ ၃ နယ်မြေ၊ နမ္မတူမြို့နယ် ပန်စန့်ကျေးရွာ အနီးတွင် တအာင်းတပ်မတော် တပ်ရင်း ၇၆၅ နှင့် မြန်မာ့တပ်မတော် တပ်မ (၃၃) တို့ ကလည်းကောင်း၊ ညနေ ၁၆း၁၅ နာရီအချိန်မှ ၁၉း၀၀ နာရီအချိန်ထိ တပ်မဟာ ၁ နယ်မြေ မန်တုံမြို့နယ်၊ ၀ိန်းပတ်ကျေးရွာအနီးတွင် လည်းကောင်း တအာင်းတပ်မတော် တပ်ရင်း ၄၇၈ နှင့် မြန်မာ့တပ်မတော် တပ်မ (၈၈) တို့လည်းကောင်း အသီးသီးရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ နမ္မတူမြို့နယ်၊ ပန်စန့်ကျေးရွာအနီး တိုက်ပွဲတွင် မြန်မာ့တပ်မတော် စီးနင်းလာသည့် ကား ၂ စီးသည် တအာင်းတပ်မတော် ပစ်လိုက်သည့် ပခုံးထမ်းလောင်ချာ RPG ထိမှန်မှုကြောင့် တစ်စီး တိမ်းမှောက်ကာ တစ်စီး မီးလောင်ပျက်စီး သွားသည်။ ၀ိန်းပတ် အနီး တိုက်ပွဲတွင် တိုက်ပွဲ ည ၁၉း၀၀ နာရီအချိန် ပြီးသွားသော်လည်း မြန်မာ့တပ်မတော်သည် မိုင်းဝီးတပ်စခ...