Posts

Showing posts with the label knowledge

ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ

Image
#ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ ရှမ်းပြည်နယ်မှာ ကချင်၊ ဝ၊ တအာင်း၊ ရှမ်း၊ ကိုးကန့်၊ အခါ၊ ပအိုဝ်း အစရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းပေါင်း အနဲဆုံး ၈ ဖွဲ့ရှိပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ကျော့ကွင်းမှာဆင်းသက်သွား ပြီး ပြည်သူ့စစ်အသွင်ပြောင်းခဲ့ရတာ၊ အကျိုးစီးပွားလုပ်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ပင်းပြီးဖွဲ့ထားတဲ့ ဒေသခံ တိုင်းရင်းသားနဲ့ တရုတ်လူမျိုးတွေရဲ့ ပြည်သူ့စစ် စသဖြင့် ပြည်သူ့စစ်အင်အားကြီးကြီးငယ်ငယ် အဖွဲ့ပေါင်း ၂၀၀ ကျော်ရှိပါတယ်။ မြန်မာ့တပ်မတော်က စစ်တိုင်းဌာနချုပ် လေးခုနဲ့ ခြေမြန်တပ်မဌာနချုပ် တခု ဖွင့်လှစ်ထားပြီး၊ အားလုံးစုစုပေါင်း တပ်ရင်း ၂၀၀ ကျော် ရှမ်းပြည်နယ်ဒေသအသီးသီးမှာ အခြေချလှုပ်ရှားနေပါတယ်။ (က) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ၁) ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၄) နဲ့ တပ်မဟာ (၆) တို့နဲ့စုဖွဲ့ထားတဲ့ KIO တောင်ပိုင်းတိုင်း ၂) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၃) မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA- ကိုးကန့် ၄) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် - NDAA - မိုင်းလား ၅) ရှမ်းပြည်တိုးတက်ရေးပါ...

စော်ဘွားခေတ် ကျိုင်းတုံဝက်ဖှကျောဝ်(Wat Pha Kiao Keng Tung)

Image
စော်ဘွားခေတ် ကျိုင်းတုံဝက်ဖှကျောဝ်(Wat Pha Kiao Keng Tung) (วัดพระแก้วนครเชียงตุง เมื่อสมัยก่อน)  ဘုန်းတော်ကြီးကျောင်း တစ်ချိန်က ကျိုင်းတုံဟော်နန်းတော်ကြီးရဲ့နန်းဦးကျောင်းဖြစ်ပြီး 43ဆက်မြောက်ကျိုင်းတုံစော်ဘွားကြီးစောဝ်ဖှကွမ်ကျောဝ်အင်းထလိုင်း(Sao Mom Kawn Kiao Interng ruled during AD-1897 until 1937or M.E era of 1259 to 1297 reigned for 38 years.) အမြဲတရားဘာဝနာအားထုတ်သည့် ကျောင်းတော်ဖြစ်ပါတယ် ယနေ့ခေတ်ထိတိုင် မဟာမြတ်မုနိဘုရားကြီးဝိဟာရကျောင်းတော်ရဲ့ မြောက်ဘက်မုဒ်ဦးရှေ့တည့်တည့်တွင်တည်ရှိပါတယ် #Kyaw Ye Myint Aung

မြို့နယ်ပေါင်း ၅၂ မြို့နယ်အတွက် လျှပ်စစ်မီတာဘီလ်များကို CB Bank 's Mobile Banking ဖြင့် လွယ်ကူစွာ ပေးဆောင်နိုင်ပါပြီ.

Image
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်ပေါင်း ၅၂ မြို့နယ်အတွက် လျှပ်စစ်မီတာဘီလ်များကို CB Bank 's Mobile Banking ဖြင့် လွယ်ကူစွာ ပေးဆောင်နိုင်ပါပြီ. အချိန်မကုန်၊ လူမပန်းပဲ မိမိဖုန်းလေးထဲကနေ အချိန်မရွေး မီတာဘီလ်ဆောင်နိုင်ဖို့အတွက် CB Bank's Mobile Banking ကိုချိတ်ဆက်ထားဖို့တော့ လိုမယ်နော်!! နီးစပ်ရာ CB Bank's ဘဏ်ခွဲများသို့ အမြန်ဆုံးသွားရောက် ပြီးချိတ်ဆက်ထားဖို့ မမေ့နဲ့နော်... အောက်ဖော်ပြပါ Link တွင် CB Bank's Mobile Banking ဖြင့် Meter Bil ပေးဆောင်လို့ ရသော မြို့နယ်များကို ဖော်ပြထားပါသည် ။ http://bit.ly/MB_MeterBill သင်တို့၏ ရွေးချယ်မှုတိုင်းအတွက် CB Bank Mobile Banking မှ လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် စီစဉ်ထားပါသည် ။ CB Bank Mobile Banking #EasiMobile #Meter_Bil #Township_52 #Myanmar

လျှပ်​စစ်​ထမင်း​ပေါင်းအိုး ပျက်​ရင်​ ပစ်​မထားနဲ့ ပြင်​ပြီးသုံးပါ။(မီးဖို​ချောင်​ စရိတ်​ ​ချွေတာကြမယ်​)

Image
လျှပ်​စစ်​ထမင်း​ပေါင်းအိုး ပျက်​ရင်​ ပစ်​မထားနဲ့ ပြင်​ပြီးသုံးပါ။(မီးဖို​ချောင်​ စရိတ်​ ​ချွေတာကြမယ်​) ---------------------- မြို​ပေါ်​နေ မိသားစု​တွေအတွက်​ လျှပ်​စစ်​ထမင်း​ပေါင်းအိုးဟာ မရှိမဖြစ်​ အ​ရေးပါတဲ့ အိမ်​သုံးပစ္စည်းတခုပါ။ အသုံးများသလို အပျက်​လည်းများကြပါတယ်​။ အခုတ​ခေါက်​မှာ​တော့သားချင်းတ​ယောက်​ရဲ့ တရုတ်​ထမင်း​ပေါင်​အိုး (​လေးဘူးချက်​)တလုံး ပျက်​​​နေပြီး အမှိုက်​ထဲ ​ရောက်​မဲ့ ​ပေါင်းအိုး​လေး ပြုပြင်​ပုံကို တင်​ပြ​ပေးပါမယ်​။ --- ​ပေါင်းအိုးပြစ်​ချက်​များက​တော့ ----------------- 1.Power supply မီးအဝင်​​ခေါင်း အရည်​​ပျော်​​နေတယ်။ 2.ခလုတ်​(check point) မကြာခန တက်​​နေတယ်​။ ပြစ်​ချက်​ ၁ အတွက်​... ​အောက်​ခံ ​ကြွေသားပါတဲ့ မီးအဝင်​​ခေါင်း ​ဆော့ကက်​ အထိုင်​​ကို လျှပ်​စစ်​အပိုပစ္စည်းဆိုင်​​တွေမှာ ၅၀၀ိ/-နဲ့ ဝယ်​ပြီး ပုံမှာပြထားသလို လဲ​ပေးလိုက်​ရင်​ ​ရေရှည်​ အသုံးခံတဲ့​ခေါင်းဖြစ်​မယ်​။(ယိုးဒယား ဒယ်​အိုး အနီ သုံးတဲ့ ​ခေါင်းကြိုး တပ်​သုံးလို့ရသွားပြီ)။{အထိုင်​​ပေါက်​က အတူတူဘဲ နတ်​ကြပ်​ရုံပါ} ​အော်​ရီဂျင်​နယ်​ သုံး​ပေါက်​​ခေါင်းကြိုးနဲ့ အထိုင်​ ​ခေါင်း ​တွေက အပူဒ...

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

Image
WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း 💀💉💊 ================================== ဖတ်​ဖို့မအား ​သေးရင်​ Share ထား​ပေါ့ဗျား ဗဟုသုတ​ရပါတယ်​😍 မိဘတွေက ကိုယ့်သားသမီးခြေလှမ်း ကြည့်နေသင့်တယ်။၁၆ ၁၇နှစ်နေ ၂၅ ၂၆ ကြားက သူငယ်ချင်းတွေ ဖျက်ဆီးမှုေ ကြာင့်ပါသွားတာအများကြီး။ တချို့အနုပညာသမား Model တွေကို ဆေးရောင်းသူတွေက အိတ်လိုက် အလကားပေးတ ယ်ပြောတယ် ။ဘေးနား ကသူတွေကို ဆေးစွဲအောင်ပြီးမှ့သူရောင်းမယ်လေ။ ဘဝပျက်သွားတဲ့ဘော်ဒါတွေအများကြီး အရင်က ဂီတနဲ့ရုပ်ရှင်ပဲ၊ နောက်ပိုင်း Model လောကပါ ဒါသုံးရင်ပိန်လို့ဆိုပြီး အရမ်းသုံးလာတယ်ကြားတယ်။ လမ်းမှားတွေပါ။ ဆင်ခြင်စေချင်တယ်။ ဒီစာကိုဖတ်၍ တစ်ဦးတစ်ယောက်အတွက်ပင် အကျိုးရှိညားကြိုးစားရေးသားရကျိုးနပ်ပါသည် စိတ်ကြွရူးသွပ်ဆေးပြား အကြောင်းကို ဗဟုသုတနှင့်အတွေ့အကြုံပေါင်းစပ်၍ သူငယ်ချင်းများအား သိစေချင်သောကြောင့် ရေးသား လိုက် ရပါသည် ။ ဆေးပြား၏ပုံစံမှာ ဘာမီတွန်အရွယ်အစားထက် အနည်းငယ် ငယ်ပြီးအရောင် မှာပန်းရောင်ရင့်ရင့်ဖြစ်ပြီး တချိုမှာ အစိမ်းေ ရာင် အဖြူရောင်တို့ဖြစ်ကြပါသည်။ ၎င်းဆေး ပြားကို ရေသန့်ဗူးခွံ သိုမဟုတ် ဖျော်ရည်ဗူးခွံဖြင့် ဗူးကိုဖေါက်ပြီးဖျော်...

ဖေဖေ့ကိုလည်း ချစ်ကြပါ

Image
ဖေဖေ့ကိုလည်း  ချစ်ကြပါ ================ ဝမ်းနဲ့မလွယ်ခဲ့ရပေမယ့်  ဝမ်းရေးအတွက် နေပူကျဲကျဲမှာ ရုန်းကန်ခဲ့ရသူပါ … နို့ချိုမတိုက်ခဲ့ရပေမယ့်  ထမင်းစေ့လေးတွေ ဖန်တီးပေးခဲ့သူပါ … မေမေ့ပါးကို နမ်းတဲ့အချိန် ဖေဖေ့ပါးကြမ်းကြမ်းမှာ အနမ်းဝေးနေဆဲပါ … မေမေ့လို  ပုံပြင်မဟြေပြပေမယ့် ဘဝပုံပြင်တွေကို  လက်တွေ့ချပြသူပါ … မေမေ  သီချင်းသံတွေကြားမှာ ဖေဖေ့အတွက် သီချင်းတစ်ပုဒ်စပ်ပေးသူမရှိ … ရေချိုးပေးတဲ့ မေမေ့ကိုချစ်သလို ရေခပ်ပေးတဲ့ ဖေဖေ့ကိုမမေ့ပါနဲ့ … မေမေ့မေတ္တာ  ကြီးမားသလို ဖေဖေ့မေတ္တာလည်း နက်ရှိုင်းလှပါတယ် … မေမေ့ကို  ချစ်သလိုမျိုး ဖေဖေ့ကိုလည်း ချစ်ပေးပါကွယ် … သားနဲ့သမီးအတွက်ဆို  မေမေက မိုးကောင်းကင်ကြီးဖြစ်သလို … ဖေဖေကလည်း  သားနဲ့သမီးရဲ့ဘဝအတွက် ကမ္ဘာမြေကြီးတစ်ခုပါကွယ် … မေမေ့နို့ဖိုးဟာ  ဆပ်မကုန်သလို ဖေဖေ့ချွှေးဖိုးဟာလည်း ဆပ်မကုန်ပါဘူး ဖေဖေ့ကိုလည်း  ချစ်ပေးကြပါ … မေတ္တာဖြင့် ရေးသားခြင်းဖြစ်သည် ×××   Credit                           အမေ...

ခေါင်းဆောင်ဆိုတာ

Image
✔ Credit - Original Uploader ✔ 💥 ဝံပုလွေအုပ်လိုနိုင်ငံ 👹 ရှေ့ဆုံးက ၃ ကောင်က အသက်ကြီးပြီး အတွေ့အကြုံရှိ လမ်းရှာကျွမ်းတဲ့သူတွေပေါ့.. 👹 ဒုတိယနေရာက ၅ ကောင်က ဝံပုလွေအုပ်ထဲက သန်မာတဲ့တိုက်ခိုက်ရေးသမားတွေ သူတို့ကတော့ ရှေ့ကနေတိုက်ခိုက်လာမယ့် ရန်သူတွေကို ပြန်တိုက်ခိုက်ဖို့အတွက် တိုက်ခိုက်ရေးအုပ်ပေါ့ .. 👹 အလယ်က အုပ်စုလိုက်ကြီးကတော့ ဝံပုလွေကလေးငယ်တွေ ၊ ဝံပုလွေမတွေနဲ့ မတိုက်ခိုက်နိုင်တဲ့ကောင်တွေ ဝံပုလွေပြည်သူတွေပေါ့.. သူတို့ကို ရှေ့ကကာကွယ်မယ့် တိုက်ခိုက်ရေးအုပ်စုနဲ့ နောက်ဘက်မှာ ဘက်စုံထူးချွန်တဲ့တိုက်ခိုက်ရေးအုပ်တွေကရံထားတယ်.. တိုက်ခိုက်ရေးသမားတွေသာအသေခံသွားမယ် ဝံပုလွေပြည်သူတွေကိုတော့ အထိမခံဖူး အသက်ပေးမယ်ဆိုသူတွေဝန်းရံထားတယ်.... 👹 ဝံပုလွေပြည်သူတွေနောက်မှာတော့ ဝံပုလွေအုပ်ရဲ့ တိုက်ခိုက်ရေးအကျွမ်းကျင်ဆုံး အရဲရင့်ဆုံးနဲ့ အသန်မာဆုံးတွေကလိုက်တယ် .. နောက်ကျောကတိုက်ခိုက်လာတဲ့ရန်သူဟာ လူတွေမှာကြောက်စရာအကောင်းဆုံးဖြစ်သလို သူတို့လည်း ဝံပုလွေအုပ်ရဲ့နောက်ကျောကို ကာကွယ်ဖို့အတွက် အတော်ဆုံးတွေကိုထားထားတယ်... 👹 နောက်ဆုံးက တစ်ကောင်တည်းကတော့ ခေါင်းဆောင်ပါ သူ့နောက်မှ ဘယ်သူ့ကိုမှမ...

ခွဲထွက်ရေးလား ပြည်ထောင်စုစိတ်ဓါတ်လား သျှမ်းစာရေး ဆရာတဦး ရဲ့ မှတ်တမ်း

Image
ခွဲထွက်ရေးလား ပြည်ထောင်စုစိတ်ဓါတ်လား သျှမ်းစာရေး ဆရာတဦး ရဲ့ မှတ်တမ်း (အမြင်သဘောထား) သျှမ်းသံတော်ဆင့် ဖေဖော်ဝါရီလ ၂၇ ရက် ၂၀၁၇ ( သျှမ်းစာပေပညာရှင် စာရေးဆရာ ကဗျာဆရာ ဟိဏ်းကာယန်း ထွန့်လွယ်ဟိုဆေ စာပေဟောပြောပွဲမှ မှတ်တမ်းတင် (သျှမ်း - ဗမာ) ဘာသာပြန်ထားချက် ကောက်နှုတ်ချက်တချို့သာဖြစ်သည်) ၁၉၄၇ တုန်းက လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၀ နှစ်ပြည့်လို့ တန်းတူညီမျှ ခွင့်မရှိဘူးလို့ မြင်ရင်ခွဲထွက်ချင် ခွဲထွက် လို့ရတယ်လို့ ဖွဲ့စည်းပုံမှာပါတယ်။ တကယ်တမ်း ၁၀ နှစ်ပြည့်တချိန်မှာတော့ ခွဲထွက်မယ်လို့ ဘယ်သျှမ်းစော်ဘွား မှမပြောဘူး။  ခွဲထွက်မယ်လို့ ဘယ်သျှမ်းနိုင်ငံရေးခေါင်းဆောင်မှမပြောဘူး။ “မှားနေတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတိုင်းဆက်သွားလို့မဖြစ်ဘူး။ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုတော့ အသစ်ပြန်လည်ရေးဆွဲမှဖြစ်မယ် ”- လို့ဘဲပြောတယ်။ ဘယ်သူမှခွဲထွက်ချင်စိတ်မရှိဘူး။  ပြည်ထောင်စုနိုင်ငံကို ချစ်ခင်မြတ်နိုး တဲ့ စိတ်ရှိကြတယ်။ ၁၉၆၁ သျှမ်းစော်ဘွား တွေ ဦးဆောင်တဲ့ တိုင်းရင်း သားေ ခါင်းဆောင်တွေဟာ သျှမ်းပြည် မြို့တော် တောင်ကြီး မှာလာပြီး တော့ေ ဆွး နွေးကြ တယ်။ အဲဒီမှာ သျှမ်းစော်ဘွားတွေ က ပြောတယ် ။...

ဘီးပေါက်လျှင် တိမ်းမမှောက်စေဖို့

Image
ဘီးပေါက်လျှင် တိမ်းမမှောက်စေဖို့ ------------------------------------- အဝေးပြေးလမ်းများတွင် ကားတာယာရုတ်တရက် ပွင့်/ပေါက်ခြင်းသည် ယာဉ်မောင်းများအတွက် အသက်အန္တရာယ်များဆုံး မတော်တဆဖြစ်ရပ်များတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။ HILUX SURF, PRADO, LAND CRUISER စသော 4×4 SUV အမြင့်ကားများအတွက် အဆိုပါတာယာပွင့်ခြင်းများ ပို၍ဆိုးပါသည်။ အခြားကားများ တာယာပွင့်လျှင် ထိန်း၍ရနိုင်သောလည်း 4×4 SUV အမြင့်ကားများ တာယာပွင့်လျှင် တိမ်းမှောက်ရန် ၉၀% သေချာသည်။ ယခုခေတ် အဆင့်မြင့် နည်းပညာများကြောင့် တာယာပွင့်ထွက်မှု အကြိမ်ရေလျော့နည်း လာသော်လည်း ယာဉ်မောင်းများ၏ အသက်အန္တရာယ်ကို ချိန်းခြောက်ဆဲဖြစ်သည်။ ထို့ကြောင့် ``ရုတ်တရက်တာယာပွင့်ခဲ့လျှင်´´ဆောင်ရွက်ရန် အောက်ပါအချက်(၆)ချက်ကို အကြံပြုအပ်ပါသည်။ *၁။ (အကောင်းဆုံးစည်းကမ်း) စိတ်ချရသော သတ်မှတ်အရှိန်နှုန်းအောက်တွင်သာ မောင်းနှင်ပါ။ တာယာပွင့်စဉ် အရှိန်လျော့နည်းလေ သင့်အသက်ရှင်ရန် အခွင့်အလမ်းများလေ ဖြစ်သည်။ 80 မှ 90 km/h နှင့် 120 မှ 140 km/h အရှိန်နှုန်းနှစ်ခုအနက် အသေအပျောက်အချိုးမှာ (၁း၁၀) ဖြစ်ပါသည်။ 130km/h အရှိန်နှင့် မောင်းစဉ် တာယာပွင့်၍ သင်ဘာမှမဖြစ်လျှင် မဟာကံထူးရှင်ဖြစ...

ငပိစားသူများသတိထား...!

Image
ငါးပိရည်ကျို ပြုလုပ်ရာတွင် ငါးအရိုးများအနူးလွယ်စေသည့် ယူရီးယား ဓာတ်မြေသြဇာများ ထည့်သွင်းအသုံးပြုကာ ဈေးကွက်တွင်း ရောင်းချနေကြသဖြင့် ငါးပိ ကြိုက်သူ မြန်မာလူထုများ ကျန်းမာရေး အန္တရာယ် သတိထားကြရန် လိုသည်။ ထို့ပြင် ယင်းသို့ တွေ့ရှိချက်များအား အတည်ပြုရန် ဈေးကွက်တွင်းရှိ ငါးပိရည်ကျိုများကို ဓာတ်ခွဲခန်းပို့ကာ စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက ပြောဆိုသော်လည်း အမျိုးသား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ကမူ အတည်ပြုနိုင်ခြင်း မရှိသေးသောကြောင့် အရေးယူရန် မရှိဟု ဆိုသည်။ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က ဈေးကွက်တွင်းဖြန့်ချိနေသော ငါးပိရည်ကျို များအတွင်း ယူရီးယားမြေသြဇာများ ထည့်သွင်းနေခြင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေကြောင်း၊ လတ်တလောတွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ ငါးပိရည်ကျို များတွင် တွေ့ရှိနေရကြောင်း ပြောသည်။ “ဓာတ်မြေသြဇာ မပါတဲ့ ငါးပိရည်ကျို ကို ဒေသခံတွေနဲ့ ပေါင်းပြီး အတွင်းစည်းကနေ လိုက်ဝယ်တာ အကုန်လုံးနီးပါးက ယူရီးယားမြေသြဇာတွေ သုံးထားကြတယ်။ ဓာတ်မြေသြဇာ မပါတဲ့ ငါးပိရည် ကို ဈေးကွက်ထဲမှာ ဝယ်လို့မ...

သထုံတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်နေ

Image
သထုံတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် သဘာဝဓာတ်ငွေ့နှင့်  စွန့်ပစ်အပူသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်နေ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ သထုံ  ၊  မေ  ၊  ၄ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းမှ မွန်ပြည်နယ်၊ သထုံမြို့နယ်၊  ကြာပန်းကျေးရွာရှိ သထုံ ဓာတ်အားပေးစက်ရုံဝင်းအတွင်း ကမ္ဘာဘဏ်ချေးငွေ ဒေါ်လာ သန်း ၁၄၀ ဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှု ပမာဏ ၁၁၈.၉ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေး စက်ရုံ တစ်ရုံကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ “မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားမလုံလောက်မှုနဲ့  ပြတ်တောက်မှုတွေ ကိုကြုံတွေ့နေရတယ်။ ဒါတွေကို အသက်သာဆုံးဖြစ်အောင် လျော့နည်း သွားအောင် တည်ဆောက်ရခြင်းဖြစ်ပါတယ်။ စီမံကိန်းကို ၂၀၁၆ ဇန်န၀ါရီလလောက်က စတယ် လက်ရှိအချိန်မှာတော့ စက်ရုံ အဆောက် အဦက ပြီးတော့မယ် ဒါပြီးရင် ဇွန်လ လောက်မှာ စက်အရံပစ္စည်းတွေ ဒီကိုသယ်တော့မယ်။ စီမံကိန်း တစ်ခုလုံး ဆိုရင်တော့ ၂၀၁၈ နှစ်ဆန်း ပိုင်းလောက် ပြီးဖို့ မျှော်မှန်းထားပါတယ် ဒီစီမံကိန်းကို ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ သန်...

#ရောင်းကောင်းနေတဲ့ဆိုင်ရှင်တွေဆီကအတုယူနိုင်တဲ့အချက်(၄)ချက်

Image
#ရောင်းကောင်းနေတဲ့ဆိုင်ရှင်တွေဆီကအတုယူနိုင်တဲ့အချက်(၄)ချက် ကိုယ့်ဆိုင်က ရောင်းမကောင်းလို့ စိတ်ညစ်နေရပြီလား? သူများတွေလို ရောင်းကောင်းအောင် ဘယ်လိုလုပ်ကြမလဲဆိုပြီး စဉ်းစားရခက်နေပါသလား? ကိုယ့်ဆိုင်မှာ ရောင်းအားတက်ဖို့ စတိုးဆိုင်ပိုင်ရှင်ကြီးတွေဆီက အတုယူသင့်တဲ့ နည်းလမ်းတွေကို E-ဘောင်ချာ​က ဖော်ပြပေးလိုက်ပါတယ်။ #ဝယ်သူတွေဦးစားပေးဂရုစိုက် အရမ်း ရောင်းကောင်းနေတဲ့ ဆိုင်ပိုင်ရှင်တွေဆိုတာ ဝယ်သူတစ်ယောက်ချင်းစီကို သေချာ ဂရုတစိုက် ရှိတတ်ကြပါတယ်။ ဝယ်သူကို ဝင်လာတာနဲ့ နှုတ်ဆက်တာ၊ ရောင်းမှား၊ ဝယ်မှားတွေ ရှိလာတဲ့အခါမှာလည်း ပြေလည်အောင် ဖြေရှင်းပေးနိုင်တာ၊ တစ်ခါဝယ်ပြီးသား ဝယ်သူတွေကို ကိုယ့်ဆိုင်မှာပဲ ထပ်ခါထပ်ခါ ဝယ်ချင်လာအောင် ဆွဲဆောင်ထားနိုင်တာ စတဲ့ အရည်အချင်းတွေ ရှိကြပါတယ်။ #အသစ်အဆန်းတွေတီထွင်ဖန်တီးနိုင်ခြင်း ဆိုင်မှာ ဈေးရောင်းတဲ့အခါ တစ်သတ်မတ်တည်း ရောင်းတာမျိုးထက် ပွဲတော်တွေဆို ဒစ်စကောင့်ချပေးတာ၊ ပရိုမိုးရှင်းပေးတာ၊ ဖောက်သည်တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ မေတ္တာလက်ဆောင်ပေးတာ စတဲ့ အစီအစဉ်တွေ ဖန်တီးနိုင်တာ၊ ဈေးကွက်မှာ ခေတ်စားလာမယ့် ကုန်ပစ္စည်းတွေကို ခန့်မှန်းနိုင်တာ စတဲ့ အရည်အချင်းတွေလည်း ရှိအောင...

ဆရာမအီးတီနှင့်ပက်သက်၍ ကျနော်လေ့လာထားသလောက် ဖော်ပြလိုက်ပါတယ်....

Image
လိပ်ကျွန်းအမှုစွပ်စွဲခံထားရသည့် ၀င်းနဲ့ဇော်တို့နှစ်ဦးအတွက် ထိုင်းဘုရင်မင်းမြတ်ထံအသနားခံစာတင်သွင်းသည့်  အကြားအမြင်ဆရာမအီးတီနှင့် ပက်သက်လို့ မသိရှိသေးသူသည့် ညီအစ်ကိုမောင်နှမများစွာရှိနေတာ တွေ့ရသလို အချို့ကလည်း ဆရာမလိပ်စာကိုမေးမြန်းကြလို့ အလုပ်သမားဟစ်တိုင် မှ ဖော်ပြပေးလိုက်ပါတယ်... လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကတည်းက မြန်မာပြည်မှာ လူသိများခဲ့သလို အရှေ့တောင် အာရှ တစ်ခွင်လုံးက နိုင်ငံခေါင်းဆောင်းများ၊နိုင်ငံရေး သမားများနှင့် စီးပွားရေးသမားများ အထူးယုံကြည်အားကိုးခံရသည့် ဆရာမအီးတီ နှင့်ပက်သက်လို့ ထိုင်းနိုင်ငံက ဆရာမရဲ့ဘ၀ဇာတ်ကြောင်း ရုပ်သံများရိုက်ကူးခဲ့ပါတယ်။ ဆရာမအီးတီကို ယုံကြည်အားထားသူများထဲတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်၊မစ္စတာအဘီဆစ်တို့သည်လည်း  အပါဝင်ဖြစ်သလို ယခုလက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်စဉ် ဆရာမနှင့်တွေ့ဆုံမည်ဟု သတင်းများထွက်ခဲ့သော် လည်း တွေ့ဖြစ် မဖြစ်ဆိုတာတော့ အတည်မပြုနိုင်ပါ... ဆရာမအီးတီနှင့်ပက်သက်၍ ကျနော်လေ့လာထားသလောက် ဖော်ပြလိုက်ပါတယ်.... အီးတီ (ET) အီးတီဟာ ခိုကိုးရာမဲ့ ကလေးငယ်များ ၊ ပရဟိတ မိဘမဲ့ ကလေးမျာ...

လေဖြတ်နိုင်ခြေ ရှေ့ပြေး နိမိတ်များ (၆) ချက်

လေဖြတ်နိုင်ခြေ ရှေ့ပြေး နိမိတ်များ (၆) ချက် 🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹 လေဖြတ်ရောဂါဟာ  ကမ္ဘာပေါ်မှာ  လူသေဆုံးမှု ဒုတိယအများဆုံး ရောဂါဖြစ်တယ်။ လေဖြတ်မယ့်ရှေ့ပြေး နိမိတ်တွေ သိထားရင် ကြိုတင်ကာကွယ်ခြင်းဖြင့် လေဖြတ်ရန်မှ ကင်းဝေးနိုင်မှာပါ။  လေဖြတ်ခြင်းမှာ ပုံစံနှစ်မျိုးရှိတယ်။ ပထမတစ်မျိုးက သွေးကြောထဲ သွေးခဲများ စုပိတ်ကာ ဦးနှောက်သို့ သွေးစီးဆင်းမှု နည်းသွားခြင်း သို့မဟုတ် လုံးဝရပ်သွားခြင်းကြောင့် ဦးနှောက်လုပ်ငန်း အချို့ရပ်ဆိုင်း ကာ လေဖြတ်ရတတ်တယ်။ နောက်ပုံစံတစ်မျိုးက ဦးနှောက်သွေးကြောပေါက်ကာ ဦးနှောက် အခြားအစိတ်အပိုင်းများကို သွေးမရောက်တော့ဘဲ ခန္ဓာလုပ်ငန်းတွေ ရပ်ဆိုင်းသွားလို့ ဖြစ်တယ်။ ယင်းနောက်ဆုံး အဆင့်မရောက်မီ ရုတ်တရက်ပြတတ်တဲ့ ရှေ့ပြေးလက္ခဏာများ သိထားရင် လေမဖြတ်အောင် ကာကွယ်နိုင်မှာပဲဖြစ်တယ်။ (၁) မြင်ကွင်း နှစ်ထပ်ဖြစ်ခြင်း မျက်စိတစ်ဖက်ကကောင်းပြီး အခြားတစ်ဖက်က မြင်ကွင်းတွေ နှစ်ထပ်ဖြစ်နေ၊ ဝေဝါးနေပြီဆိုရင် လေဖြတ် မယ့်ရှေ့ ပြေးနိမိတ်ဆိုတာ သတိပြုသင့်ပါတယ်။ အလုပ်ပင်ပန်းရုံ၊ စာဖတ်ရုံလောက်နဲ့ မျက်စိ ကမြင်ကွင်း နှစ်ထပ်ဖြစ်တာမျိုး တော်တော်ရှားပါတယ်။ နေရင်းထိုင်ရင်း မြင်ကွင်းနှ...

“ မုန်တိုင်းကြားက သျှမ်းစာပေ”

Image
“ မုန်တိုင်းကြားက သျှမ်းစာပေ” “ စာပေမြင့်မှ လူမျိုးတင့်မည်ဟုဆိုပေမဲ့လည်း မုန်တိုင်းကြားက သျှမ်းစာပေအကြောင်းတစေ့တစောင်း ” သျှမ်းလူငယ်အပေါင်းတို့ရေ ယနေ့ ကမ္ဘာပေါ်ရှိ ယဉ်ကျေးသော လူမျိုးအသီးသီးတွင် သူ့လူမျိုး၊ သူ့ဘာသာ နှင့် သူ့စာပေ အသီးသီးရှိကြသည်။ နိုင်ငံတို့၏ ယဉ်ကျေးမှု (Culture)၊ မြို့ပြယဉ်ကျေးမှု (Civilization)၊ နှင့် ဓလေ့ (Custom) တို့ကို တိုင်းတာရာမှာ စာပေကို ထင်ရှားသော စံတစ်ခု အဖြစ် ပညာရှင်များအားလုံးက တညီတညွတ်တည်း လက်ခံထားကြသည်။ စကားမှ ဖြစ်လာသောစာကို အက္ခရာတင်ရာတွင် ဗျည်း၊ သရများကို ခွဲခြားနိုင်သောစာပေ၊ ဗျည်းသရ မခွဲခြားနိုင်သော တရုတ်စာ၊ အီဂျစ်စာဟူသော စာပေ စသည်ဖြင့် စာပေအဆင့်အတန်း အမျိုးမျိုး ရှိကြသည်။ ထို့အပြင် လူမျိုးများ၏ စာပေများ တိုးတတ်မှုများကို ရွှေပေစာ၊ ငွေပေစာ၊ ကြေးပေစာ၊ ပေစာ၊ ပုရပိုဒ်စာ၊ ကျူစာ၊ ခေါင်းလောင်းစာ၊ အုတ်ခွက်စာ၊ ကျောက်စာ၊ အရိုးအိုးကျောက်စာ၊ အရုပ်စာ၊ မှင်စာ စသည်များမှာ မည်သို့မည်ပုံ ရေးဖွဲ့ခဲ့ကြပုံများကို ကြည့်ခြင်းအားဖြင့် ခွဲခြားလေ့လာနိုင်ပါသေးသည်။ ထိုစာများ အဆင့်အတန်းမြင့်ပါက မြင့်သည့်အလျောက် ထိုခေတ်က လူများ၏ လူနေမှုအဆင့်အတန်း ကိုလည်း တိုင်းတာနိုင်...

၂၆ နှစ်အရွယ် CEO ဝေမျှတဲ့ လူငယ်တိုင်းသိသင့်တဲ့ အောင်မြင်မှုအတွက် လျှို့ဝှက်ချက် ၉ ခု

Image
၂၆ နှစ်အရွယ် CEO ဝေမျှတဲ့ လူငယ်တိုင်းသိသင့်တဲ့ အောင်မြင်မှုအတွက် လျှို့ဝှက်ချက် ၉ ခု  Brian Wong ဆိုတဲ့ ဟောင်ကောင်နွယ်ဖွား ကနေဒါနိုင်ငံသား စွန့်ဦးတီထွင်လူငယ်ဟာ ပညာရေးမှာ ထူးချွန်လွန်းတဲ့အတွက် အသက် ၁၄ နှစ်မှာတင် သူ့ရဲ့ အထက်တန်းကျောင်း ဒီပလိုမာကိုရရှိခဲ့ပါတယ်။ ၁၈ နှစ်မှာပဲ University of Brithish Columbia ကနေ ဘွဲ့ရခဲ့ပြီးနောက်မှာတော့ သူဟာ ကုမ္ပဏီတစ်ခုကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။  ၁၉၉၁ ခုနှစ်ဖွားဖြစ်တဲ့ Wong ဟာ အခုဆိုရင် အသက် ၂၆ နှစ်အရွယ် CEO တစ်ယောက်ဖြစ်ပါတယ်။ သူဟာ မိုဘိုင်း ကြော်ငြာကုမ္ပဏီ Kiip ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်ပြီး အောင်မြင်မှုကို မြန်မြန်ဆန်ဆန်ပဲ ရယူနိုင်ခဲ့ပါတယ်။ သူက တစ်ခြားသူတွေကို သူလုပ်ခဲ့သလို လုပ်ဖို့ ကူညီချင်တဲ့ဆန္ဒရှိပါတယ်။  သူရေးသားတဲ့ “The Cheat Code” စာအုပ်ထဲမှာ ကိုယ့်ရဲ့ အသက်မွေးမှုနဲ့ နေ့စဉ်ဘဝမှာ ပိုမိုအောင်မြင်စေမယ့် ပရိယယ်ပေါင်း ၇၀ ကျော်ကို ပြန်လည်ဝေမျှထားပါတယ်။ အဲဒီထဲကမှ အောက်ပါအချက် ၈ ချက်ကို ပြန်လည်ထုတ်နုတ်ဖော်ပြပေးလိုက်ပါတယ်။ ၁။ ဘယ်လိုကဏ္ဍခွဲရမလဲဆိုတာကို သင်ယူပါ  ကိုယ့်အနေနဲ့ ပုဂ္ဂိုလ်ရေးပြဿနာတွေ ဒါမှမဟုတ် ဖိအားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အဲ...

မျက်နှာပေါ်ကတင်းတိပ်တွေ ကို ဂျင်းနဲ့အဲ့ဒီပစ္စည်းလေးတွေရောလိမ်းပြီး နူတ်ဆက်လိုက်ရအောင်

Image
【 အလှအပနှင့်ကျန်းမာရေး 】မျက်နှာပေါ်ကတင်းတိပ်တွေ ကို ဂျင်းနဲ့အဲ့ဒီပစ္စည်းလေးတွေရောလိမ်းပြီး နူတ်ဆက်လိုက်ရအောင် ============================================= MI ပရိသတ်ကြီးတို့ရေ။ . နှစ်ဆယ်ကျော်ငါးနှစ်ပတ်လည် တင့်တင့်တို့အရွယ်မှာ မျက်နှာလေးက ဖွေးနုသန့်ရှင်းချစ်စရာကောင်းနေတာမှန်ပေမယ့် အသက် သုံးဆယ်ကိုကျော်သွားရင် မျက်နှာပေါ်မှာ အစက်အပြောက်တွေ၊ တင်းတိပ်တွေ တဖြည်းဖြည်းချင်းပေါ်လာလို့ စိတ်ပျက်လက်ပျက်ဖြစ်ရတတ်ပါတယ်။ ဒါပေမယ့် အခုတင်ပြပေးမယ့်နည်းလမ်းလေးက မျက်နှာပေါ်က အစက်အပျောက်များနှင့် တင်းတိပ်များကို ယူပစ်သလို ကင်းစင်သွားပြီး အသက်နှစ်ဆယ်အရွယ်တုန်းကလို အသားအရေမျိုးပြန်ရမယ်ဆိုရင်  ပရိတ်သတ်ကြီး မလိုချင်ဘူးလား။ လုပ်ရတာလည်း မခက်ခဲသလို အကုန်အကျလည်းမများပါဘူးနော်။ . ကဲ ဘယ်လိုလုပ်ရမလဲကြည့်လိုက်ရအောင်။ . လိုအပ်တဲ့ပစ္စည်း။ -ဂျင်း၊ ရှာလကာရည်အဖြူ နှင့် ပျားရည် . ပြုလုပ်နည်း ၁။ ဂျင်းကိုရေစင်စင်ဆေးပြီး အပြားကလေးများလှီးပေးထားပါ။ ၂။ ထို့နောက် ဂျင်းကိုပုလင်းလေးးထဲထည့်ပြီး ရှာလကာရည်လောင်းထည့်ပေးလိုက်ပါ။ ရှာလကာရည်က ဂျင်းကိုမကျော်စေရပါ။ ၃။ ထို့နောက်ပုလင်းကို လေလုံေ...

ဘီယာသောက်သင့်တဲ့အချက် (6) ချက်

Image