ဆရာမအီးတီနှင့်ပက်သက်၍ ကျနော်လေ့လာထားသလောက် ဖော်ပြလိုက်ပါတယ်....


လိပ်ကျွန်းအမှုစွပ်စွဲခံထားရသည့် ၀င်းနဲ့ဇော်တို့နှစ်ဦးအတွက် ထိုင်းဘုရင်မင်းမြတ်ထံအသနားခံစာတင်သွင်းသည့်  အကြားအမြင်ဆရာမအီးတီနှင့်
ပက်သက်လို့ မသိရှိသေးသူသည့် ညီအစ်ကိုမောင်နှမများစွာရှိနေတာ
တွေ့ရသလို အချို့ကလည်း ဆရာမလိပ်စာကိုမေးမြန်းကြလို့ အလုပ်သမားဟစ်တိုင်
မှ ဖော်ပြပေးလိုက်ပါတယ်...

လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကတည်းက မြန်မာပြည်မှာ လူသိများခဲ့သလို
အရှေ့တောင် အာရှ တစ်ခွင်လုံးက နိုင်ငံခေါင်းဆောင်းများ၊နိုင်ငံရေး
သမားများနှင့် စီးပွားရေးသမားများ အထူးယုံကြည်အားကိုးခံရသည့်
ဆရာမအီးတီ နှင့်ပက်သက်လို့ ထိုင်းနိုင်ငံက ဆရာမရဲ့ဘ၀ဇာတ်ကြောင်း
ရုပ်သံများရိုက်ကူးခဲ့ပါတယ်။

ဆရာမအီးတီကို ယုံကြည်အားထားသူများထဲတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း
မစ္စတာသက်ဆင်၊မစ္စတာအဘီဆစ်တို့သည်လည်း  အပါဝင်ဖြစ်သလို
ယခုလက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအနေဖြင့် မြန်မာနိုင်ငံသို့
လာရောက်စဉ် ဆရာမနှင့်တွေ့ဆုံမည်ဟု သတင်းများထွက်ခဲ့သော်
လည်း တွေ့ဖြစ် မဖြစ်ဆိုတာတော့ အတည်မပြုနိုင်ပါ...

ဆရာမအီးတီနှင့်ပက်သက်၍ ကျနော်လေ့လာထားသလောက် ဖော်ပြလိုက်ပါတယ်....

အီးတီ (ET)

အီးတီဟာ ခိုကိုးရာမဲ့ ကလေးငယ်များ ၊ ပရဟိတ မိဘမဲ့ ကလေးများကို နှစ်စဉ် နှစ်တိုင်း
အလှူဒါန ပြုလေ့ ရှိပါတယ်လို့ ကြားဖူးပါတယ်။E.T ဖောင်ဒေးရှင်း မျက်စိအခမဲ့ ခွဲစိတ်ကု ဆေးရုံလည်းတည်ဆောက်ထားပါတယ်။ သူ့ ရည်မှန်းချက် ဖြစ်တဲ့ ပုသိမ်မြို့ ပရိယတ္တိ
စာသင်တိုက်မှာ တိုးချဲ့ တန်ဆောင်းကြီး၊ သိမ်တော်ကြီး နဲ့  သုံးထပ်ကျောင်းဆောင် တွေကို
ကိုယ်တိုင် မ,တည်ပြီးတော့ အများကုသိုလ် ပါဝင်နိုင်အောင် ပံ့ပိုး လှုံ့ ဆော်တည်ဆောက်
ခဲ့ပါတယ်။ ထေရ၀ါဒ တစ်ထပ်ဆောင်ကိုလည်း လှူဒါန်းခဲ့ပါတယ်။

ပုသိမ်မြို့ မြောင်းမြ စာသင်တိုက်၊ တိုက်ကြီးကျောင်း စာသင်တိုက် မှ ဆရာတော် ၃ ပါးကို ဗုဒ္ဓဂယာ ခရီး ပို့ ဆောင်ခဲ့ပါတယ်။ မြောင်းမြစာသင်တိုက် က ဓမ္မာစရိယ ပါဠိပါရဂူဘွဲ့ ရ ဆရာတော် တစ်ပါးကိုလည်း မလေးရှား နဲ့ စင်္ကာပူ နိုင်ငံ ပို့ ပြီး အသံတိမ်ရောဂါကို ပျောက်ကင်းအောင်
 ဆေးကုသစေခဲ့ပါတယ်။

အီးတီ ဟာ သာမန်လူနဲ့ မတူတဲ့ ခန္ဓာကိုယ် ဖွဲ့ စည်းပုံကို ပိုင်ဆိုင်ထားတဲ့ သူ တစ်ဦးပါ။
နားအကြားအာရုံကြော အားနည်းပြီးတော့ လေသံမျှလောက်သာ ပြောနိုင်ပါတယ်။

----------------------------------------------

ရည်မှန်းချက်
လူသား အားလုံး စိတ်နှလုံးလှလှ နဲ့  သာသနာပြု လုပ်ငန်း ၀၀ကြီး လုပ်ဆောင်ပြီး လူသား
 အချင်းချင်း ရိုင်းပင်းစေချင်၊ တတ်နိုင်သရွေ့ ရှေ့ ဆောင်လမ်းညွန် ဆရာကောင်း
တစ်ဆူဖြစ်အောင် စွမ်းအားပြည့် နှင့် ပံ့ပိုး ချင်ပါတယ်။

အီးတီ (ဒေါ်ဆွေဆွေဝင်း)

-----------------------------------

အီးတီရဲ့ ဟောပြောနည်းကတော့ မေးလာသူရဲ့ အိတ်ကပ်ထဲက ပိုက်ဆံ ဘယ်လောက်ပါတယ်။ တစ်ဆက်တည်းမှာပဲ အဲဒီ ငွေစက္ကူရဲ့ နံပါတ်ကို စာရွတ်လွတ်ပေါ်မှာ ရေးလေ့ရှိပါတယ်။ မယုံရင် တိုက်ကြည့်လိုက်ပါ။ အံ့သြဖွယ်ကောင်းလောက်အောင် အတိအကျ တူနေပါစေ့မယ် ။ တစ်ခါ မိသားစု ဆွေမျိုးထဲက အမည်မှန်သမျှကို သိနေရပါစေ့မယ်။ ပြောပြစရာ မလိုဘဲ သူကပဲ စာရွတ်ပေါ်မှာ အမည်တွေနဲ့ တော်စပ်ပုံတွေကို ရေးပြတတ်ပါတယ်။

အီးတီဟာ သင်္ကန်းကျွန်း ရတနာသီရိအိမ်ရာမှာ နေထိုင်ပါတယ်။

ကံကြမ္မာကို ယုံကြည်တဲ့သူတွေကတော့ အီးတီ ဟောပြောမှု ဟာ အကြားအမြင် လို့  ယူဆကြပါတယ်။

ကျေးဇူးတင်ပါတယ်....

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

ခရမ်းပြာဂယက်

ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD ဇာတ်ကားများကိုရိုက်ကူးရောင်းချသူများကိုသက်သေခံ ပစ္ဓည်းများနှင့်အတူဖမ်းဆီးရမိ