Posts

Showing posts from April 30, 2017

အောင်ပြီဟေ့ အောင်ပြီ

Image
အောင်ပြီဟေ့ အောင်ပြီ #တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို လူမတိုးရပဲ အွန်လိုင်းကနေကြည့်ဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးအတွက်ပါရှင့်။ ဤ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း အနှစ်ချုပ် Post အား Share ပေးခြင်းဖြင့် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ကူညီပေးကြပါရန် ပညာရေးဝန်ကြီးဋ္ဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။ မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီး၏ မြို့နယ်အသီးသီးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေငြာပေးရန် Album များအား ပညာရေးဝန်ကြီးဋ္ဌာန မှ တည်ဆောက်ပေးထားပြီးဖြစ်၍ မိမိတို့ ကြည့်ရှုလိုသည့် မြို့နယ် Album အား Likeပြုလုပ်ထားခြင်းဖြင့် အောင်စာရင်းများ တင်သည်နှင့် တစ်ပြိုင်နက် Notificaiton ရယူသိရှိနိုင်မည် ဖြစ်ပါသည်။ အောင်စာရင်းထုတ်ပြန်မည့်အချိန်မှာ တရားဝင်ကြေငြာထားသည့် ဇွန်လ၁၁ရက်နေ့ နံနက်ပိုင်းဖြစ်ပါသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ကြည့်ရှုနိုင်သောစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ . နေပြည်တော်ကောင်စီနယ်မြေ https://www.facebook.com/moe.gov.mm/photos/a.925011847605879.1073741828.924512940989103/1003408263099570 . ကချင်ပြည်နယ် https...

ငပိစားသူများသတိထား...!

Image
ငါးပိရည်ကျို ပြုလုပ်ရာတွင် ငါးအရိုးများအနူးလွယ်စေသည့် ယူရီးယား ဓာတ်မြေသြဇာများ ထည့်သွင်းအသုံးပြုကာ ဈေးကွက်တွင်း ရောင်းချနေကြသဖြင့် ငါးပိ ကြိုက်သူ မြန်မာလူထုများ ကျန်းမာရေး အန္တရာယ် သတိထားကြရန် လိုသည်။ ထို့ပြင် ယင်းသို့ တွေ့ရှိချက်များအား အတည်ပြုရန် ဈေးကွက်တွင်းရှိ ငါးပိရည်ကျိုများကို ဓာတ်ခွဲခန်းပို့ကာ စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက ပြောဆိုသော်လည်း အမျိုးသား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ကမူ အတည်ပြုနိုင်ခြင်း မရှိသေးသောကြောင့် အရေးယူရန် မရှိဟု ဆိုသည်။ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က ဈေးကွက်တွင်းဖြန့်ချိနေသော ငါးပိရည်ကျို များအတွင်း ယူရီးယားမြေသြဇာများ ထည့်သွင်းနေခြင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေကြောင်း၊ လတ်တလောတွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ ငါးပိရည်ကျို များတွင် တွေ့ရှိနေရကြောင်း ပြောသည်။ “ဓာတ်မြေသြဇာ မပါတဲ့ ငါးပိရည်ကျို ကို ဒေသခံတွေနဲ့ ပေါင်းပြီး အတွင်းစည်းကနေ လိုက်ဝယ်တာ အကုန်လုံးနီးပါးက ယူရီးယားမြေသြဇာတွေ သုံးထားကြတယ်။ ဓာတ်မြေသြဇာ မပါတဲ့ ငါးပိရည် ကို ဈေးကွက်ထဲမှာ ဝယ်လို့မ...

တရုတ်ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ်တွေ လာပြီ

Image
တရုတ်ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ်တွေ လာပြီ ___________________________________ တရုတ်နိုင်ငံဟာ သူ့ရဲ့ ပထမဆုံး ပြည်တွင်းဖြစ် ကိုယ်ပိုင်ထုတ် ခရီးသည်တင် ဂျက်လေယာဉ်ကြီး တစင်းကို စတင် ပျံသန်းလိုက်ပါပြီ။  ဒါဟာ ခရီးသည်တင်လေယာဉ်ဈေးကွက်ကို လွှမ်းမိုးထားတဲ့ ဘိုရင်းနဲ့ အဲဘတ်စ်တို့ အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။ တရုတ် အစိုးရပိုင် Comac ကုမ္ပဏီရဲ့ ဒီစီမံကိန်းဟာ ၂၀၀၈ ခုနှစ်ကတည်း စတင်ခဲ့တာပါ။  စတင်ပျံသန်းမယ့် ခရီးစဉ်ကို အကြိမ်ကြိမ်နောက်ဆုတ်ခဲ့ရပေမယ့် ဒီနေ့မှာတော့ မိနစ် ၉၀ ကြာ လေထဲမှာ အဖွင့် ပျံသန်းပြီးနောက် တရုတ်ထုတ် လေယာဉ်ကြီးဟာ ရှန်ဟိုင်းမြို့ ဖူဒွန်လေဆိပ်ကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့ပါတယ်။ အခုအချိန်မှာ တရုတ်ပြည်ဖြစ် ဒီ လေယာဉ်အမျိုးအစားကို လေကြောင်းကုမ္ပဏီ၂၃ ခု က အစီးရေ ၅၀၀ ကျော် မှာယူထားကြပြီး ဝယ်ယူသူအများစုက တရုတ်လေကြောင်းလိုင်းတွေ ဖြစ်ပါတယ်။  အဓိက ဖောက်သည်ကတော့ တရုတ်အရှေ့ပိုင်း (China Eastern Airlines) လေကြောင်းလိုင်း ဖြစ်ပါတယ်။ ပြည်တွင်းဖြစ် ကိုယ်ပိုင် ခရီးသည်တင် လေယဉ် ထုတ်လုပ်ခြင်းဟာ ဘေဂျင်း အစိုးရရဲ့ ကမ္ဘာ့ လေကြောင်း ဈေးကွက်ထဲကို ထိုးဖောက်ရောက်ရှိလိုတဲ...

ခရမ်းပြာဂယက်

Image
Art of Myanmar ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် နမူနာတင်ထားသော Violet of Myanmar ဗီဒီယိုဖိုင်ပါ ဇာတ်ကွက်တစ်ခုခရမ်းရောင်လုံချည်ကို ၀တ် ဆင်၍ ပုံတော်ဖိနပ် စီးထားသည့် မိန်း ကလေးတစ်ဦး အစိမ်းရောင် မြက်ခင်းပေါ်တွင် စာထိုင်ဖတ်နေသည်။ မည်သူမည်ဝါမှန်းမသိရန် မျက်နှာကို ၀ါးထားပြီး မျက်နှာဖုံးကို ၀တ်ဆင်ထားသဖြင့် ၎င်းမျက်နှာ ကို မမြင်ရပေ။ ထိုမြင်ကွင်းသည် မြန်မာပြည်ရဲ့ ပထမဆုံး HD ဟု ကြေညာ ခဲ့သည့် Violet of Myanmar မြန် မာ အပြာကား၏ အမြည်းတစ် ပိုင်းတစ်စ ဖြစ်ပါသည်။ နှစ်နာရီကျော် ကြာမြင့်သည့် မြန်မာအပြာကားကို Art Of Myanmar ဆိုသည့် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် အွန်လိုင်းမှတစ် ဆင့် ကျပ်တစ်သောင်းဖြင့် ရောင်းချမည်ဟု ကြေညာခဲ့သည်။ အာရုံစိုက်ခံရစေရန်နှင့် စိတ်ဝင်စားမှုရရှိရန် လေးမိနစ်ခန့်ကြာ အမြည်းအဖြစ် ဗီဒီယိုဖိုင်တစ်ခုကို ကြိုတင်ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ ထိုဇာတ်ကားကို ‘ခရမ်းပြာ’ ဟုလည်း ခေါ်ဝေါ်နေသည်။ ဇာတ်ကားဝယ်ယူရန် အမေရိကန်နိုင်ငံကုတ်နံပါတ် Viber နံပါတ်တစ်ခုဖြင့် ဆက်သွယ်ဝယ်ယူရန် ပြောကြားခဲ့သော်လည်း နာရီပိုင်းအ တွင်း အမှာစာ ၂,၀၀၀ ခန့် ရောက်လာသဖြင့် Viber အကောင့် ပျက် သွားသည်ဟုဆိုကာ အရောင်းပိတ်ခဲ့သည်။ ထိုအပြာကား ဖြ...

နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) အား တောင်းဆိုထားသည့် နေရာတွင် ကျင်းပခွင့် မရပါက ညီလာခံ တက်၊ မတက် အဖွဲ့အတွင်း ဆွေးနွေးဆုံးဖြတ်မည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဆို

Image
၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) အား တောင်းဆိုထားသည့် နေရာတွင် ကျင်းပခွင့် မရပါက ညီလာခံ တက်၊ မတက် အဖွဲ့အတွင်း ဆွေးနွေးဆုံးဖြတ်မည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဆို ================== ================== ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး မတိုင်မီ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) အား တောင်းဆိုထားသည့် နေရာတွင် ကျင်းပခွင့် မရပါက ညီလာခံ တက်၊ မတက်အား အဖွဲ့အတွင်း ဆွေးနွေးဆုံးဖြတ်မည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင် လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဗဟို အလုပ်အမှုဆောင် ကော်မတီက ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအား တောင်ကြီးမြို့ သို့မဟုတ် ပင်လုံမြို့သို...

သထုံတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်နေ

Image
သထုံတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် သဘာဝဓာတ်ငွေ့နှင့်  စွန့်ပစ်အပူသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်နေ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ သထုံ  ၊  မေ  ၊  ၄ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းမှ မွန်ပြည်နယ်၊ သထုံမြို့နယ်၊  ကြာပန်းကျေးရွာရှိ သထုံ ဓာတ်အားပေးစက်ရုံဝင်းအတွင်း ကမ္ဘာဘဏ်ချေးငွေ ဒေါ်လာ သန်း ၁၄၀ ဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှု ပမာဏ ၁၁၈.၉ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေး စက်ရုံ တစ်ရုံကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ “မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားမလုံလောက်မှုနဲ့  ပြတ်တောက်မှုတွေ ကိုကြုံတွေ့နေရတယ်။ ဒါတွေကို အသက်သာဆုံးဖြစ်အောင် လျော့နည်း သွားအောင် တည်ဆောက်ရခြင်းဖြစ်ပါတယ်။ စီမံကိန်းကို ၂၀၁၆ ဇန်န၀ါရီလလောက်က စတယ် လက်ရှိအချိန်မှာတော့ စက်ရုံ အဆောက် အဦက ပြီးတော့မယ် ဒါပြီးရင် ဇွန်လ လောက်မှာ စက်အရံပစ္စည်းတွေ ဒီကိုသယ်တော့မယ်။ စီမံကိန်း တစ်ခုလုံး ဆိုရင်တော့ ၂၀၁၈ နှစ်ဆန်း ပိုင်းလောက် ပြီးဖို့ မျှော်မှန်းထားပါတယ် ဒီစီမံကိန်းကို ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ သန်...

#ရောင်းကောင်းနေတဲ့ဆိုင်ရှင်တွေဆီကအတုယူနိုင်တဲ့အချက်(၄)ချက်

Image
#ရောင်းကောင်းနေတဲ့ဆိုင်ရှင်တွေဆီကအတုယူနိုင်တဲ့အချက်(၄)ချက် ကိုယ့်ဆိုင်က ရောင်းမကောင်းလို့ စိတ်ညစ်နေရပြီလား? သူများတွေလို ရောင်းကောင်းအောင် ဘယ်လိုလုပ်ကြမလဲဆိုပြီး စဉ်းစားရခက်နေပါသလား? ကိုယ့်ဆိုင်မှာ ရောင်းအားတက်ဖို့ စတိုးဆိုင်ပိုင်ရှင်ကြီးတွေဆီက အတုယူသင့်တဲ့ နည်းလမ်းတွေကို E-ဘောင်ချာ​က ဖော်ပြပေးလိုက်ပါတယ်။ #ဝယ်သူတွေဦးစားပေးဂရုစိုက် အရမ်း ရောင်းကောင်းနေတဲ့ ဆိုင်ပိုင်ရှင်တွေဆိုတာ ဝယ်သူတစ်ယောက်ချင်းစီကို သေချာ ဂရုတစိုက် ရှိတတ်ကြပါတယ်။ ဝယ်သူကို ဝင်လာတာနဲ့ နှုတ်ဆက်တာ၊ ရောင်းမှား၊ ဝယ်မှားတွေ ရှိလာတဲ့အခါမှာလည်း ပြေလည်အောင် ဖြေရှင်းပေးနိုင်တာ၊ တစ်ခါဝယ်ပြီးသား ဝယ်သူတွေကို ကိုယ့်ဆိုင်မှာပဲ ထပ်ခါထပ်ခါ ဝယ်ချင်လာအောင် ဆွဲဆောင်ထားနိုင်တာ စတဲ့ အရည်အချင်းတွေ ရှိကြပါတယ်။ #အသစ်အဆန်းတွေတီထွင်ဖန်တီးနိုင်ခြင်း ဆိုင်မှာ ဈေးရောင်းတဲ့အခါ တစ်သတ်မတ်တည်း ရောင်းတာမျိုးထက် ပွဲတော်တွေဆို ဒစ်စကောင့်ချပေးတာ၊ ပရိုမိုးရှင်းပေးတာ၊ ဖောက်သည်တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ မေတ္တာလက်ဆောင်ပေးတာ စတဲ့ အစီအစဉ်တွေ ဖန်တီးနိုင်တာ၊ ဈေးကွက်မှာ ခေတ်စားလာမယ့် ကုန်ပစ္စည်းတွေကို ခန့်မှန်းနိုင်တာ စတဲ့ အရည်အချင်းတွေလည်း ရှိအောင...

အစ္စလာမ့်သမိုင်းကြောင်းတွေ လေ့လာဖတ်ရှုကြည့်ပါ

Image
အစ္စလာမ့်သမိုင်းကြောင်းတွေ လေ့လာဖတ်ရှုကြည့်ပါ ဖတ်ဖို့ မအားသေးရင် save ထားပါ အားမှ ဖတ်ရှုပါ ငါအလ္လာဟ်ဆိုပြီး ကြွေးကြော်ခဲ့တဲ့ မင်းစိုးဘုရင်ဆိုး နမ္မ် ရွတ် နမ်္မရွတ်ဘုရင်ဆိုးကြီးနှင့်ဇနီးကြင်ရာတော်တို့မြူပ်နှံထားသည်သင်္ချိင်းနေရာကိုကမ္ဘာ့သုတေသနပညာရှင်များကအီရတ်နိုင်ငံတွင်ပြန်လည်တူးဖေါ်တွေ့ရှိ။ အီရတ်နိုင်ငံမြောက်ပိုင်းကလ်ကူရ်းမြို့တွင်နမ်္မရွတ်ဘုရင်နှင့်ဇနီးကြင်ယာတော်တို့ကိုအမေရိကန်ဒေါ်လာသန်းသုံးရာတန်းဖိုးရှိတစ်ကိုရေစာရွှေငွေကျောက်သံပတ္တများဝတ်စဉ်လျှက်မြူပ်နှံထားသည်ရုပ်ကလပ်တော်ကိုတူးဖေါ်တွေ့ရှိခဲ့သည်။ သုတေသနပညာရှင်များသည်လာမည့်ရက်တပတ်တွင်အနီးနားပတ်ဝင်းကျင်ရှိအခြားသောသင်္ချိင်းများကိုဆက်လက်တူးဖော်သွားမည်ဖြစ်သည်။ အစ္စလာမ်သမိုင်းတွင်ဘုံရန်သူအဖြစ်ထင်ရှားပေါ်ပေါက်ခဲ့သည့်ရှင်ဘုရင်တစ်ပါးဖြစ်သူနမ်္မရွတ်ဘုရင်သည်မိမိကိုမိမိခိုဒါ(ဖန်ဆင်း၇ှင်ဟူ၍)အဖြစ်ကြွေးကြော်ခဲ့ပြီးမိမိအားယုံကြည်မကိုးကွယ်သူများကိုအမျိုးမျိုးဒုက္ခပေးသတ်ဖြတ်ခဲ့သူတစ်ဦးဖြစ်သည်။ နမ်္မရွတ်ဘုရင်သည်မိမိကိုမိမိဘုရားတစ်ဆူအသွင်အမည်ဖော်ဆောင်ကာတိုင်းသူပြည်သားများအပေါ်ဂုဏ်သိက္ခာမောက်မားစွာဆက်ဆံခဲ့သည်။ များမကြာမီကာလလေးအတွင်းအ...

ဆရာမအီးတီနှင့်ပက်သက်၍ ကျနော်လေ့လာထားသလောက် ဖော်ပြလိုက်ပါတယ်....

Image
လိပ်ကျွန်းအမှုစွပ်စွဲခံထားရသည့် ၀င်းနဲ့ဇော်တို့နှစ်ဦးအတွက် ထိုင်းဘုရင်မင်းမြတ်ထံအသနားခံစာတင်သွင်းသည့်  အကြားအမြင်ဆရာမအီးတီနှင့် ပက်သက်လို့ မသိရှိသေးသူသည့် ညီအစ်ကိုမောင်နှမများစွာရှိနေတာ တွေ့ရသလို အချို့ကလည်း ဆရာမလိပ်စာကိုမေးမြန်းကြလို့ အလုပ်သမားဟစ်တိုင် မှ ဖော်ပြပေးလိုက်ပါတယ်... လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကတည်းက မြန်မာပြည်မှာ လူသိများခဲ့သလို အရှေ့တောင် အာရှ တစ်ခွင်လုံးက နိုင်ငံခေါင်းဆောင်းများ၊နိုင်ငံရေး သမားများနှင့် စီးပွားရေးသမားများ အထူးယုံကြည်အားကိုးခံရသည့် ဆရာမအီးတီ နှင့်ပက်သက်လို့ ထိုင်းနိုင်ငံက ဆရာမရဲ့ဘ၀ဇာတ်ကြောင်း ရုပ်သံများရိုက်ကူးခဲ့ပါတယ်။ ဆရာမအီးတီကို ယုံကြည်အားထားသူများထဲတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်၊မစ္စတာအဘီဆစ်တို့သည်လည်း  အပါဝင်ဖြစ်သလို ယခုလက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်စဉ် ဆရာမနှင့်တွေ့ဆုံမည်ဟု သတင်းများထွက်ခဲ့သော် လည်း တွေ့ဖြစ် မဖြစ်ဆိုတာတော့ အတည်မပြုနိုင်ပါ... ဆရာမအီးတီနှင့်ပက်သက်၍ ကျနော်လေ့လာထားသလောက် ဖော်ပြလိုက်ပါတယ်.... အီးတီ (ET) အီးတီဟာ ခိုကိုးရာမဲ့ ကလေးငယ်များ ၊ ပရဟိတ မိဘမဲ့ ကလေးမျာ...

လာမည့်ပညာသင်နှစ်ကစ၍ ကျောင်းသားများကို တော်၊ သင့်၊ ညံ့သတ်မှတ်၍ အခန်းမခွဲတော့ဟု ဆို

Image
လာမည့်ပညာသင်နှစ်ကစ၍ ကျောင်းသားများကို တော်၊ သင့်၊ ညံ့သတ်မှတ်၍ အခန်းမခွဲတော့ဟု ဆို ၂၀၁၇- ၁၈ ပညာသင်နှစ်တွင် ကျောင်းသားများကို တော်၊ သင့်၊ ညံ့သတ်မှတ်ပြီး အခန်းမခွဲတော့ ဘဲ ကျောင်းသားများအားလုံးကို ရောနှောထားရှိမည့်စနစ် ကျင့်သုံး မည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိ ယ၀န်ကြီးက ပြောကြားသည်။ ‘‘အရင်လိုမိမိကလေးကို အေတန်းမှာ ထားချင်လို့ဆိုပြီး လိုက် လုပ်ရတာမျိုး မရှိတော့ဘူး။ အေ၊ ဘီ၊စီ၊ဒီ အခန်းခွဲ ဘယ်လောက်ပဲရှိ ပါစေ တော်တဲ့သူ သတ်မှတ်ခြင်းခံ ရသူပါမယ်၊ ညံ့တယ်လို့သတ်မှတ် ခြင်းခံရသူပါမယ်’’ဟု ဧပြီ ၂၆ ရက်က ၀န်ကြီးဌာန တစ်နှစ်တာ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပညာ ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦး ၀င်းမော်ထွန်းက ပြောကြားသည်။ ယင်းကဲ့သို့ စနစ်ပြောင်းလဲ ကျင့်သုံးရခြင်းသည် ကလေးများ နှင့် မိဘများကိုယ်တိုင် ညံ့သည့်အ ခန်းတွင် နေရသည်ဟု စိတ်အား ငယ်မှုမျိုးမရှိနိုင်တော့ရန် ရည်ရွယ် သည်ဟု ၎င်းကဆိုသည်။ ‘‘အရင်တော်သူလို့ ယူဆ ထားတယ်။ ညံ့သူလို့ ယူဆထားသူ အားလုံးပေါင်းပြီး ပူးပေါင်းဆောင် ရွက်မှုရအောင် ဖြစ်ပါတယ်’’ဟု ၎င်းကပြောကြားသည်။ အခြေခံပညာကျောင်းများ တွင် အခန်းမခွဲတော့ဘဲ တော်၊သင့်၊ညံ့အလိုက် ရောနှောထားရှိမည...

ဘဏ်​​တွေ ပြိုလဲမယ်​ဆို​တဲ့ ​ကောလာဟလ မယုံမိကြ​စေဖို့

Image
ဘဏ်​​တွေ ပြိုလဲမယ်​ဆို​တဲ့ ​ကောလာဟလ မယုံမိကြ​စေဖို့ 🙈🙉🙊🙈🙉🙊🙈🙉🙊🙈🙉🙊 မြန်​မာနိုင်​ငံဘဏ်​​တွေ ပြိုလဲ​တော့မှာလားဆိုပြီး ​ရေးထားတဲ့စာ မ​နေ့ကစပြီး ​တော်​​တော်​​လေး ပျံ့​နေတာ​တွေ့ရတယ်​။ သူဘယ်​လို ရည်​ရွယ်​ချက်​နဲ့ ​ရေးလည်း မသိရ​ပေမယ့်​ လူ​တွေက​တော့ ယုံ​နေတာ ​တွေ့​နေရပါတယ်​။ မဖြစ်​နိုင်​ပါဘူး။ အဲဒီလို ​ကောလာဟလကို ယုံပြီး ဘဏ်​​တွေက ​အပ်​ထားတဲ့​ငွေ​တွေ ဝိုင်းထုတ်​မှပဲ ဘဏ်​​တွေတကယ်​ပြိုလဲမှာပါ။ ​ မြန်​မာနိုင်​ငံမှာ နှစ်​စဉ်​ ဘဏ်​​ပြို​တော့မယ်​ ​ငွေဝိုင်း ထုတ်​​နေတယ်​ ​ကောလာဟလ​တွေ ထွက်​ပါတယ်​။ မှတ်​မှတ်​ရရဆို မနှစ်​က ဘဏ်​တစ်​ဘဏ်​ပဲ ​ကောလာဟလထုတ်​ပြီး ဒီနှစ်​ထဲမှာ ဘဏ်​အားလုံးကိုရည်​ရွယ်​တဲ့ ​ကောလာဟလထုတ်​တာက ​ငွေကျပ်​​နေတဲ့ NLD အစိုးရကို ဒုက္ခ​ရောက်​​စေချင်​တဲ့ ရည်​ရွယ်​ချက်​မှတပါး အခြားမရှိပါဘူး။ ​နောက်​တစ်​ခုက လုပ်​ငန်းရှင်​ကြီးတစ်​ဦးပိုင်​ပြီး အဲဒီလုပ်​ငန်းရှင်​ကြီးက ဘဏ်​ကို ပစ်​ထားတယ်​ စိုးရိမ်​​နေကြတယ်​ဆိုပြီး ​ပြော​နေရာမှာလည်း အဲဒီဘဏ်​က ရှယ်​ယာထုတ်​​ရောင်းမှုနဲ့ ပတ်​သက်​တဲ့ ပြသနာနဲ့ ​ကောလာဟလ​ကြောင့်​ ​ငွေထုတ်​သူ​တွေများပြီး ပုံမှန်​လည်​ပတ်​​နေရုံပဲရှိ​တော့တဲ့ ဘဏ်​ပါ။...

ကျောက်စိမ်းတုံးကြီး တွေ့တဲ့ ကျောက်သမားတွေ ထွက်ပြေးနေ

Image
ကျောက်စိမ်းတုံးကြီး တွေ့တဲ့ ကျောက်သမားတွေ ထွက်ပြေးနေ ၃..၅..၁၇ ရေမဆေးကျောက်သမားတွေ တွေ့ခဲ့တဲ့ ကျောက်စိမ်းတုံးကြီး ကချင်ပြည်နယ် ဖားကန့်က ကျောက်စိမ်း လုပ်ကွက်မှာ ၈ တန်ကျော် ကျောက်စိမ်း တုံးကြီးကို တွေ့ရှိ တူးယူခဲ့ကြတဲ့ ရေမဆေးကျောက် ရှာသူတွေ အမှုဖွင့် ခံထားရ တဲ့ အတွက် ထွက်ပြေး တိမ်းရှောင် နေကြ ပါတယ်။ - ဧပြီ ၂၆ ရက် မနက်က ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာအုပ်စု ဆန်ခါရွာ အနီး တောက်ပကြယ် ကုမ္ပဏီပိုင် လုပ်ကွက် ထဲကို ရေမဆေးကျောက် ရှာသူတွေ ဝင်ရှာရာမှာ ၈ တန်ကျော် ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို ကျောက်သမား ငါးယောက်က စတွေ့ခဲ့ပြီး ကျန်တဲ့ သောင်းနဲ့ချီတဲ့ ကျောက်သမား တွေနဲ့အတူ တူးယူ သယ်ဆောင်ခဲ့ကြပါတယ်။ - တွေ့ရှိတဲ့ ကျောက်ကြီးကို ကုမ္ပဏီက ပြန်တောင်းတဲ့ အတွက် အချင်း များပြီး ဒေသခံ လွှတ်တော် အမတ်တွေနဲ့ အာဏာပိုင်တွေ ညှိနှိုင်းမှု အရ ရေမဆေးကျောက် ရှာသူတွေကို ကုမ္ပဏီဘက်က သိန်း ၁၅၀၀ ပေးပြီး ပြေလည် သွားခဲ့တာ ဖြစ်ပါတယ်။ - ဒါပေမဲ့ အဲဒီကျောက်ကြီးကို မြစ်ကြီးနားကို သယ်သွားပြီးနောက်မှာ ရေမဆေးကျောက် သမားတွေက ဝင်ရောက် တူးဖော်ခွင့် မရှိဘဲ အင်အားသုံး ခြိမ်းခြောက် ယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လုံးခင်း ကျောက်မျက်...

လေဖြတ်နိုင်ခြေ ရှေ့ပြေး နိမိတ်များ (၆) ချက်

လေဖြတ်နိုင်ခြေ ရှေ့ပြေး နိမိတ်များ (၆) ချက် 🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹 လေဖြတ်ရောဂါဟာ  ကမ္ဘာပေါ်မှာ  လူသေဆုံးမှု ဒုတိယအများဆုံး ရောဂါဖြစ်တယ်။ လေဖြတ်မယ့်ရှေ့ပြေး နိမိတ်တွေ သိထားရင် ကြိုတင်ကာကွယ်ခြင်းဖြင့် လေဖြတ်ရန်မှ ကင်းဝေးနိုင်မှာပါ။  လေဖြတ်ခြင်းမှာ ပုံစံနှစ်မျိုးရှိတယ်။ ပထမတစ်မျိုးက သွေးကြောထဲ သွေးခဲများ စုပိတ်ကာ ဦးနှောက်သို့ သွေးစီးဆင်းမှု နည်းသွားခြင်း သို့မဟုတ် လုံးဝရပ်သွားခြင်းကြောင့် ဦးနှောက်လုပ်ငန်း အချို့ရပ်ဆိုင်း ကာ လေဖြတ်ရတတ်တယ်။ နောက်ပုံစံတစ်မျိုးက ဦးနှောက်သွေးကြောပေါက်ကာ ဦးနှောက် အခြားအစိတ်အပိုင်းများကို သွေးမရောက်တော့ဘဲ ခန္ဓာလုပ်ငန်းတွေ ရပ်ဆိုင်းသွားလို့ ဖြစ်တယ်။ ယင်းနောက်ဆုံး အဆင့်မရောက်မီ ရုတ်တရက်ပြတတ်တဲ့ ရှေ့ပြေးလက္ခဏာများ သိထားရင် လေမဖြတ်အောင် ကာကွယ်နိုင်မှာပဲဖြစ်တယ်။ (၁) မြင်ကွင်း နှစ်ထပ်ဖြစ်ခြင်း မျက်စိတစ်ဖက်ကကောင်းပြီး အခြားတစ်ဖက်က မြင်ကွင်းတွေ နှစ်ထပ်ဖြစ်နေ၊ ဝေဝါးနေပြီဆိုရင် လေဖြတ် မယ့်ရှေ့ ပြေးနိမိတ်ဆိုတာ သတိပြုသင့်ပါတယ်။ အလုပ်ပင်ပန်းရုံ၊ စာဖတ်ရုံလောက်နဲ့ မျက်စိ ကမြင်ကွင်း နှစ်ထပ်ဖြစ်တာမျိုး တော်တော်ရှားပါတယ်။ နေရင်းထိုင်ရင်း မြင်ကွင်းနှ...

ကမ္ဘောဇဘဏ် ဒေဝါလီခံတော့မည်ဟူသည့် သတင်းများထွက်ပေါ်၊ ဘဏ်တစ်ခုပြိုလဲပါက နိုင်ငံစီးပွားရေးတစ်ခုလုံး ပြိုလဲနိုင်

Image
ကမ္ဘောဇဘဏ် ဒေဝါလီခံတော့မည်ဟူသည့် သတင်းများထွက်ပေါ်၊ ဘဏ်တစ်ခုပြိုလဲပါက နိုင်ငံစီးပွားရေးတစ်ခုလုံး ပြိုလဲနိုင် =========================== လက်ရှိ မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ်တွေရဲ့ပြဿနာက... အများပြည်သူတွေရဲ့အပ်ငွေအများစုကို SME လိုလုပ်ငန်းတွေကို ငွေပြန်မချေးပဲ ဘဏ်ထောင်ထားတဲ့ ခရိုနီတွေအချင်းချင်း ပမာဏအများကြီး လှည့်ပတ်ချေးထားကြတာပါပဲ... သာကေတအားဖြင့်... လုပ်ငန်းရှင် A က A1 ဆိုတဲ့ဘဏ်လုပ်ငန်းနဲ့ A2 ဆိုတဲ့ ဘဏ်မဟုတ်တဲ့ တခြားစီးပွားရေးလုပ်ငန်းတခု ထူထောင်ထားတယ်... သူ့ရဲ့မိတ်ဆွေ B က B1 ဆိုတဲ့ ဘဏ် နဲ့ B2 ဆိုတဲ့ တခြားစီးပွားရေး လုပ်ငန်းတွေလုပ်နေကြတယ်ဆိုကြပါစို့... မြန်မာပြည်ရဲ့ ဗဟိုဘဏ်စည်းမျဉ်းတွေအရ လုပ်ငန်းရှင် A ပိုင်ဆိုင်တဲ့ A1 ဘဏ်ဟာ လုပ်ငန်းရှင် Aပဲပိုင်တဲ့ A2 လုပ်ငန်းကိုငွေချေးပိုင်ခွင့်မရှိပါဘူး...*** ဒါ့ကြောင့် လုပ်ငန်းရှင် Aပိုင်တဲ့ A1 ဘဏ်က လုပ်ငန်းရှင် B ပိုင်တဲ့ လုပ်ငန်း B2 ကို ပမာဏ အများကြီးငွေထုတ်ချေးပါတယ်... အဲ့လိုပဲ အပြန်လှန်အနေနဲ့ လုပ်ငန်းရှင် B ပိုင်တဲ့ B1 ဘဏ်ဟာ လုပ်ငန်းရှင် Aပိုင်တဲ့ A2 လုပ်ငန်းကို ငွေအမြောက်အများထုတ်ချေးပါတယ်... ဒီလိုနဲ့ ပြည်သူတွေရဲ့အပ်ငွေကနေ ပြန်ထုတ...

“ မုန်တိုင်းကြားက သျှမ်းစာပေ”

Image
“ မုန်တိုင်းကြားက သျှမ်းစာပေ” “ စာပေမြင့်မှ လူမျိုးတင့်မည်ဟုဆိုပေမဲ့လည်း မုန်တိုင်းကြားက သျှမ်းစာပေအကြောင်းတစေ့တစောင်း ” သျှမ်းလူငယ်အပေါင်းတို့ရေ ယနေ့ ကမ္ဘာပေါ်ရှိ ယဉ်ကျေးသော လူမျိုးအသီးသီးတွင် သူ့လူမျိုး၊ သူ့ဘာသာ နှင့် သူ့စာပေ အသီးသီးရှိကြသည်။ နိုင်ငံတို့၏ ယဉ်ကျေးမှု (Culture)၊ မြို့ပြယဉ်ကျေးမှု (Civilization)၊ နှင့် ဓလေ့ (Custom) တို့ကို တိုင်းတာရာမှာ စာပေကို ထင်ရှားသော စံတစ်ခု အဖြစ် ပညာရှင်များအားလုံးက တညီတညွတ်တည်း လက်ခံထားကြသည်။ စကားမှ ဖြစ်လာသောစာကို အက္ခရာတင်ရာတွင် ဗျည်း၊ သရများကို ခွဲခြားနိုင်သောစာပေ၊ ဗျည်းသရ မခွဲခြားနိုင်သော တရုတ်စာ၊ အီဂျစ်စာဟူသော စာပေ စသည်ဖြင့် စာပေအဆင့်အတန်း အမျိုးမျိုး ရှိကြသည်။ ထို့အပြင် လူမျိုးများ၏ စာပေများ တိုးတတ်မှုများကို ရွှေပေစာ၊ ငွေပေစာ၊ ကြေးပေစာ၊ ပေစာ၊ ပုရပိုဒ်စာ၊ ကျူစာ၊ ခေါင်းလောင်းစာ၊ အုတ်ခွက်စာ၊ ကျောက်စာ၊ အရိုးအိုးကျောက်စာ၊ အရုပ်စာ၊ မှင်စာ စသည်များမှာ မည်သို့မည်ပုံ ရေးဖွဲ့ခဲ့ကြပုံများကို ကြည့်ခြင်းအားဖြင့် ခွဲခြားလေ့လာနိုင်ပါသေးသည်။ ထိုစာများ အဆင့်အတန်းမြင့်ပါက မြင့်သည့်အလျောက် ထိုခေတ်က လူများ၏ လူနေမှုအဆင့်အတန်း ကိုလည်း တိုင်းတာနိုင်...

၂၆ နှစ်အရွယ် CEO ဝေမျှတဲ့ လူငယ်တိုင်းသိသင့်တဲ့ အောင်မြင်မှုအတွက် လျှို့ဝှက်ချက် ၉ ခု

Image
၂၆ နှစ်အရွယ် CEO ဝေမျှတဲ့ လူငယ်တိုင်းသိသင့်တဲ့ အောင်မြင်မှုအတွက် လျှို့ဝှက်ချက် ၉ ခု  Brian Wong ဆိုတဲ့ ဟောင်ကောင်နွယ်ဖွား ကနေဒါနိုင်ငံသား စွန့်ဦးတီထွင်လူငယ်ဟာ ပညာရေးမှာ ထူးချွန်လွန်းတဲ့အတွက် အသက် ၁၄ နှစ်မှာတင် သူ့ရဲ့ အထက်တန်းကျောင်း ဒီပလိုမာကိုရရှိခဲ့ပါတယ်။ ၁၈ နှစ်မှာပဲ University of Brithish Columbia ကနေ ဘွဲ့ရခဲ့ပြီးနောက်မှာတော့ သူဟာ ကုမ္ပဏီတစ်ခုကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။  ၁၉၉၁ ခုနှစ်ဖွားဖြစ်တဲ့ Wong ဟာ အခုဆိုရင် အသက် ၂၆ နှစ်အရွယ် CEO တစ်ယောက်ဖြစ်ပါတယ်။ သူဟာ မိုဘိုင်း ကြော်ငြာကုမ္ပဏီ Kiip ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်ပြီး အောင်မြင်မှုကို မြန်မြန်ဆန်ဆန်ပဲ ရယူနိုင်ခဲ့ပါတယ်။ သူက တစ်ခြားသူတွေကို သူလုပ်ခဲ့သလို လုပ်ဖို့ ကူညီချင်တဲ့ဆန္ဒရှိပါတယ်။  သူရေးသားတဲ့ “The Cheat Code” စာအုပ်ထဲမှာ ကိုယ့်ရဲ့ အသက်မွေးမှုနဲ့ နေ့စဉ်ဘဝမှာ ပိုမိုအောင်မြင်စေမယ့် ပရိယယ်ပေါင်း ၇၀ ကျော်ကို ပြန်လည်ဝေမျှထားပါတယ်။ အဲဒီထဲကမှ အောက်ပါအချက် ၈ ချက်ကို ပြန်လည်ထုတ်နုတ်ဖော်ပြပေးလိုက်ပါတယ်။ ၁။ ဘယ်လိုကဏ္ဍခွဲရမလဲဆိုတာကို သင်ယူပါ  ကိုယ့်အနေနဲ့ ပုဂ္ဂိုလ်ရေးပြဿနာတွေ ဒါမှမဟုတ် ဖိအားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အဲ...

အိမ်အကူမိန်းကလေး နှစ်ဦးကို ပိတ်လှောင်ထားသည့် အမျိုးသားကို အမှုဖွင့်

Image
အိမ်အကူမိန်းကလေး နှစ်ဦးကို ပိတ်လှောင်ထားသည့် အမျိုးသားကို အမှုဖွင့် 02-May-2017 အသက် ၁၈ နှစ်နှင့် ၁၆ နှစ်အရွယ် မိန်းကလေးနှစ်ဦးအား နေအိမ်အကူအဖြစ် စေခိုင်းရန် ခေါ်ဆောင်ထားပြီး ကျာက်တံတားမြို့နယ်ရှိ နေအိမ်၌ သော့ခတ်ပိတ်လှောင်ထားသည့် အမျိုးသားကို ယင်းမြို့နယ် မြို့မရဲစခန်းမှ (ပ) ၁၇၁/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၄၂ ဖြင့် မေလ ၁ ရက်နံနက်ပိုင်းက အမှုဖွင့်ထားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ ညောင်ဦးမြို့နယ်တွင် နေထိုင်သူ အသက် ၁၈ နှစ် မိန်းကလေးနှင့် အသက် ၁၆ နှစ် မိန်းကလေးတို့သည် ဧပြီလ ၃၀ ရက် ညနေပိုင်းက ပွဲစားမှတစ်ဆင့် နေအိမ်အကူအဖြစ် လုပ်ကိုင်ရန် ရောက်ရှိလာရာ နေအိမ်ပိုင်ရှင်အမျိုးသားက သေသေချာချာကြည့်၍ “ငါပြန်လာလျှင် နင်တို့နှစ်ယောက် ငါနှင့်အတူ အိပ်ရမည်” ဟု ပြောဆိုပြီး နေအိမ်တိုက်ခန်း တံခါးအား သော့ခတ်ပိတ် ထွက်သွားစဉ် ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီ တောင်းရာမှ လွတ်မြောက်ခဲ့ပြီး ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ “ကောင်မလေးတွေကို ပွဲစားက တစ်ယောက်ကို တစ်လတစ်သိန်းနဲ့ ထားခဲ့တာ၊ အိမ်ရှင်ရဲ့အမျိုးသားရဲ့ အကြည့်နဲ့ အမူအရာကိုကြည့်ပြီး ကောင်မလေ...