ကမ္ဘောဇဘဏ် ဒေဝါလီခံတော့မည်ဟူသည့် သတင်းများထွက်ပေါ်၊ ဘဏ်တစ်ခုပြိုလဲပါက နိုင်ငံစီးပွားရေးတစ်ခုလုံး ပြိုလဲနိုင်

ကမ္ဘောဇဘဏ် ဒေဝါလီခံတော့မည်ဟူသည့် သတင်းများထွက်ပေါ်၊ ဘဏ်တစ်ခုပြိုလဲပါက နိုင်ငံစီးပွားရေးတစ်ခုလုံး ပြိုလဲနိုင်
===========================


လက်ရှိ မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ်တွေရဲ့ပြဿနာက...
အများပြည်သူတွေရဲ့အပ်ငွေအများစုကို SME လိုလုပ်ငန်းတွေကို ငွေပြန်မချေးပဲ ဘဏ်ထောင်ထားတဲ့ ခရိုနီတွေအချင်းချင်း ပမာဏအများကြီး လှည့်ပတ်ချေးထားကြတာပါပဲ...
သာကေတအားဖြင့်...
လုပ်ငန်းရှင် A က A1 ဆိုတဲ့ဘဏ်လုပ်ငန်းနဲ့ A2 ဆိုတဲ့ ဘဏ်မဟုတ်တဲ့ တခြားစီးပွားရေးလုပ်ငန်းတခု ထူထောင်ထားတယ်...
သူ့ရဲ့မိတ်ဆွေ B က B1 ဆိုတဲ့ ဘဏ် နဲ့ B2 ဆိုတဲ့ တခြားစီးပွားရေး လုပ်ငန်းတွေလုပ်နေကြတယ်ဆိုကြပါစို့...
မြန်မာပြည်ရဲ့ ဗဟိုဘဏ်စည်းမျဉ်းတွေအရ လုပ်ငန်းရှင် A ပိုင်ဆိုင်တဲ့ A1 ဘဏ်ဟာ လုပ်ငန်းရှင် Aပဲပိုင်တဲ့ A2 လုပ်ငန်းကိုငွေချေးပိုင်ခွင့်မရှိပါဘူး...***
ဒါ့ကြောင့် လုပ်ငန်းရှင် Aပိုင်တဲ့ A1 ဘဏ်က လုပ်ငန်းရှင် B ပိုင်တဲ့ လုပ်ငန်း B2 ကို ပမာဏ အများကြီးငွေထုတ်ချေးပါတယ်...

အဲ့လိုပဲ အပြန်လှန်အနေနဲ့ လုပ်ငန်းရှင် B ပိုင်တဲ့ B1 ဘဏ်ဟာ လုပ်ငန်းရှင် Aပိုင်တဲ့ A2 လုပ်ငန်းကို ငွေအမြောက်အများထုတ်ချေးပါတယ်...
ဒီလိုနဲ့ ပြည်သူတွေရဲ့အပ်ငွေကနေ ပြန်ထုတ်ချေးလို့ရတဲ့ ပမာဏ အများစုကို ဘဏ်ပိုင်ရှင် (ခရိုနီ) တွေအချင်းချင်းပြန်ပြီးလှည့်ပါတ်ချေးနေကြတာပါ...
အဲ့ဒီမှာပြဿနာတခုရှိလာတာက ပုံမှန်အနေအထားမှာတော့ လုပ်ငန်းအများစုက ဘဏ်တိုးထက်ပိုပြီးမြတ်စွန်းနေချိန်မှာတော့ အဆင်ပြေပေမဲ့ အစိုးရအပြောင်းအလဲဖြစ်လာပြီးနောက်ပိုင်း မှာတော့ တိုင်းပြည်စီးပွားရေး အရမ်းကျဆင်းလာတာနဲ့အတူ လုပ်ငန်းရှင်တော်တော်များများ ဘဏ်တိုးကိုမှန်အောင်မပေးနိုင်ကြတော့ပါဘူး...
အဲ့ဒီမှာတင် အတိုးပေါ်အတိုးဆင့်ပြီး ချေးငွေ ပမာဏတွေ အလွန်အမင်းတက်လာတာပါပဲ...
လုပ်ငန်းရှင်အချင်းချင်းကတော့ "မင်းလဲအတိုးမပေးနိုင် ငါလဲအတိုးမပေးနိုင်"ဆိုတဲ့အခြေအနေမှာ အချင်းချင်း ထေလို့ရပေမဲ့ အများပြည်သူတွေရဲ့အပ်ငွေအများစုကတော့ အန္တရယ်ဇုန်ထဲကျရောက်လာပါတယ်...
ဒါ့အပြင် ပိုဆိုးတာတချက်က တကယ်တမ်းချေးငွေစည်းမျဉ်းက Forced Sale Value လို့ခေါ်တဲ့ အတင်းအကြပ်ရောင်းဈေးရဲ့ ၃၀% ကိုပဲထုတ်ချေးရမှာဖြစ်ပေမဲ့ တကယ်တမ်း ခရိုနီအချင်းချင်းတွေ လက်ဝါးရိုက်ပြီး ကာလတန်ဖိုးထက်ကျော်လွန်တဲ့ပမာဏတွေ ထုတ်ချေးခဲ့တာမျိုးတွေအများကြီးရှိခဲ့ပါတယ်...
အိမ်ခြံမြေတန်ဖိုးတွေဟာ ဆက်ပြီးတန်ဖိုးတက်နေရင်တော့ပြဿနာမရှိပေမဲ့ အခုအချိန် မြန်မာပြည်ရဲ့ အိမ်ခြံမြေပူပေါင်းပေါက်နေပြီလို့ပြောလို့ရတဲ့အနေအထားပါ...
ရှင်းအောင် သာကေတ ပြရရင် လွန်ခဲ့တဲ့ (၃) နှစ်က သိန်းပေါင်း (၃၀,၀၀၀) တန်အဆောက်အဦးတစ်ခုကို ချေးငွေ အများဆုံး သိန်း (၉,၀၀၀) ပဲချေးပိုင်ခွင့်ရှိပေမဲ့ အချင်းချင်းလက်ဝါးရိုက်ပြီး သိန်း (၃၀,၀၀၀) ချေးကြတယ်...
သုံးနှစ်အတွင်းအတိုးက သိန်း (၁၀,၀၀၀) ကျော်ခက်တက်လာတော့ စုစုပေါင်း အဲ့ဒီလုပ်ငန်းရှင်က ဘဏ်မှာ သိန်း (၄၀,၀၀၀) ကျော်လောက် အကြွေးတင်သွားတယ်...
ဒါပေမဲ့ အစိုးရသစ်လက်ထက် စီးပွားရေးကျဆင်းလာတာနဲ့ အိမ်ခြံမြေဈေးပါ ပြုတ်ကျခဲ့တာကြောင့် လွန်ခဲ့တဲ့ (၃) နှစ်က ကာလတန်ဖိုး သိန်း (၃၀,၀၀၀) တနိတဲ့အဆောက်အဦးက အခု Forced Sale Value သိန်း (၁၅,၀၀၀) တက်ပိုမတန်တော့ဘူး...
အဲ့တော့ ဒီလုပ်ငန်းရှင်ဘာလုပ်မလဲ?
ထွေထွေထူးထူးမစဉ်းစားရပါဘူး...
သူအပေါင်ပေးထာတဲ့အဆောက်အဦး အဆုံးခံလိုက်တော့မှာပေါ့...
ဒါပေမဲ့ ဘဏ်ဘက်ကတော့ သိန်း (၂၅,၀၀၀) ကျော်အရှူံးပေါ်သွားပြ်ီလေ...
အရင်အစိုးရလက်ထက်မှာတော့ အဲ့လိုပေးမလုပ်ပါဘူး...
အထူးစုံစမ်းစစ်ဆေးရေးဌာန(စစစ)က ခေါ်ယူစစ်ဆေးပြီး တခြားပိုင်ဆိုင်မှုတွေပါပေါင်းပြီးကျေအောင်ပြန်ဆပ်ခိုင်းပါတယ်...
ဒီလိုဖြစ်ရပ်မျိုးတွေ က ဘဏ်တခုတခု မှာ ရာနဲ့ထောင်နဲ့ချီရှိပါတယ်...
အဲ့တော့ နောက်ဆုံးလက်လီ စားသုံးသူတွေဖြစ်တဲ့ အများပြည်သူတွေရဲ့ စုဆောင်းအပ်နှံငွေတွေက အာမခံချက် အားနည်းလာတာပါပဲ...

အခု ဗဟိုဘဏ်က ဒီကိစ္စတွေကိုဘယ်လိုကိုင်တွယ်မှာလဲ???
အဖြစ်မှန်တွေကိုဖုံးကွယ်ထားပြီး ဒီအတိုင်းမှေးနေရင် သိပ်မကြာခင်ကာလတစ်ခုမှာ အကြီးအကျယ်ပေါက်ကွဲပြီး လုံးဝထိန်းမရနိုင်တဲ့အနေအထားထိရောက်သွားနိုင်တယ်...
ဒါ့ကြောင့် စည်းကမ်းတင်းကျပ်ပြီး ကိုင်တွယ်မလား???
ကိုင်တွယ်မယ်ဆိုရင်ရော...
ပုဂ္ဂလိကဘဏ်တွေကို ဒေဝါလီခံစေမှာလား??? ကျောထောက်နောက်ခံပေးမှာလား???
ကျောထောက်နောက်ခံပေးဖို့ရော...
ကွားခြားနေတဲ့ငွေတွေကို ဖြည့်တင်းနိုင်ဖို့ဗဟိုဘဏ်ကိုယ်တိုင်မှာရော ငွေလုံလုံလောက်လောက်ရှိရဲ့လား???
မရှိလို့ မြန်မာငွေတွေ ရိုက်ထုတ်ရမယ်ဆို ဖြစ်လာမဲ့ငွေကြေးဖောင်းပွမှုဘယ်လောက်တောင်ရှိလာမလဲ???
ဖြစ်နိုင်ချေအားလုံးကိုခြုံကြည့်ရင်တော့ ငွေကြေးဆိုင်ရာအကြပ်အတည်းတစ်ခုဆ်ီ ဦးတည်နေပြီဆိုတာတော့အကြမ်းဖျင်းပြောနိုင်ပါတယ်...
စောင့်ကြည့်ကြတာပေါ့...
မကြာမီ...လာမည်...မျှော်....
(*** လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်နီးပါးက လုပ်ငန်းရှင်တစ်ဦးဟာ ဘဏ်တခုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတခုကို ပူးတွဲပိုင်ဆိုင်ရာကနေ ဆောက်လုပ်ရေးလုပ်ငန်းကကြီိးကြီးမားမားဆုံးရှုံးမှုတစ်ခုနဲ့ ကြုံတွေ့ရချိန်မှာ သူပိုင်တဲ့ဘဏ်ပါဒေဝါလီခံခဲ့ရတာကနေ တတိုင်းပြည်လုံးမှာရှိတဲ့ ပုဂ္ဂလိက ဘဏ်တွေအားလုံးနီးပါးဒေဝါလီခဲခဲ့ရတဲ့ အခြေအနေကြောင့် အဲ့ဒီစည်းမျဉ်းထုတ်ခဲ့ရခြင်းဖြစ်ပါတယ်...)

crd

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

ခရမ်းပြာဂယက်

လင်ကြီးငုတ်တုတ်ရှိလျက် ဖောက်ပြန်တဲ့အမျိုးသမီးကို ဘယ်လို ဥပဒေမျိုးနှင့် အရေးယူသင့်