Posts

Showing posts with the label Media

ခွဲထွက်ရေးလား ပြည်ထောင်စုစိတ်ဓါတ်လား သျှမ်းစာရေး ဆရာတဦး ရဲ့ မှတ်တမ်း

Image
ခွဲထွက်ရေးလား ပြည်ထောင်စုစိတ်ဓါတ်လား သျှမ်းစာရေး ဆရာတဦး ရဲ့ မှတ်တမ်း (အမြင်သဘောထား) သျှမ်းသံတော်ဆင့် ဖေဖော်ဝါရီလ ၂၇ ရက် ၂၀၁၇ ( သျှမ်းစာပေပညာရှင် စာရေးဆရာ ကဗျာဆရာ ဟိဏ်းကာယန်း ထွန့်လွယ်ဟိုဆေ စာပေဟောပြောပွဲမှ မှတ်တမ်းတင် (သျှမ်း - ဗမာ) ဘာသာပြန်ထားချက် ကောက်နှုတ်ချက်တချို့သာဖြစ်သည်) ၁၉၄၇ တုန်းက လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၀ နှစ်ပြည့်လို့ တန်းတူညီမျှ ခွင့်မရှိဘူးလို့ မြင်ရင်ခွဲထွက်ချင် ခွဲထွက် လို့ရတယ်လို့ ဖွဲ့စည်းပုံမှာပါတယ်။ တကယ်တမ်း ၁၀ နှစ်ပြည့်တချိန်မှာတော့ ခွဲထွက်မယ်လို့ ဘယ်သျှမ်းစော်ဘွား မှမပြောဘူး။  ခွဲထွက်မယ်လို့ ဘယ်သျှမ်းနိုင်ငံရေးခေါင်းဆောင်မှမပြောဘူး။ “မှားနေတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတိုင်းဆက်သွားလို့မဖြစ်ဘူး။ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုတော့ အသစ်ပြန်လည်ရေးဆွဲမှဖြစ်မယ် ”- လို့ဘဲပြောတယ်။ ဘယ်သူမှခွဲထွက်ချင်စိတ်မရှိဘူး။  ပြည်ထောင်စုနိုင်ငံကို ချစ်ခင်မြတ်နိုး တဲ့ စိတ်ရှိကြတယ်။ ၁၉၆၁ သျှမ်းစော်ဘွား တွေ ဦးဆောင်တဲ့ တိုင်းရင်း သားေ ခါင်းဆောင်တွေဟာ သျှမ်းပြည် မြို့တော် တောင်ကြီး မှာလာပြီး တော့ေ ဆွး နွေးကြ တယ်။ အဲဒီမှာ သျှမ်းစော်ဘွားတွေ က ပြောတယ် ။...

ခရမ်းပြာဂယက်

Image
Art of Myanmar ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် နမူနာတင်ထားသော Violet of Myanmar ဗီဒီယိုဖိုင်ပါ ဇာတ်ကွက်တစ်ခုခရမ်းရောင်လုံချည်ကို ၀တ် ဆင်၍ ပုံတော်ဖိနပ် စီးထားသည့် မိန်း ကလေးတစ်ဦး အစိမ်းရောင် မြက်ခင်းပေါ်တွင် စာထိုင်ဖတ်နေသည်။ မည်သူမည်ဝါမှန်းမသိရန် မျက်နှာကို ၀ါးထားပြီး မျက်နှာဖုံးကို ၀တ်ဆင်ထားသဖြင့် ၎င်းမျက်နှာ ကို မမြင်ရပေ။ ထိုမြင်ကွင်းသည် မြန်မာပြည်ရဲ့ ပထမဆုံး HD ဟု ကြေညာ ခဲ့သည့် Violet of Myanmar မြန် မာ အပြာကား၏ အမြည်းတစ် ပိုင်းတစ်စ ဖြစ်ပါသည်။ နှစ်နာရီကျော် ကြာမြင့်သည့် မြန်မာအပြာကားကို Art Of Myanmar ဆိုသည့် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် အွန်လိုင်းမှတစ် ဆင့် ကျပ်တစ်သောင်းဖြင့် ရောင်းချမည်ဟု ကြေညာခဲ့သည်။ အာရုံစိုက်ခံရစေရန်နှင့် စိတ်ဝင်စားမှုရရှိရန် လေးမိနစ်ခန့်ကြာ အမြည်းအဖြစ် ဗီဒီယိုဖိုင်တစ်ခုကို ကြိုတင်ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ ထိုဇာတ်ကားကို ‘ခရမ်းပြာ’ ဟုလည်း ခေါ်ဝေါ်နေသည်။ ဇာတ်ကားဝယ်ယူရန် အမေရိကန်နိုင်ငံကုတ်နံပါတ် Viber နံပါတ်တစ်ခုဖြင့် ဆက်သွယ်ဝယ်ယူရန် ပြောကြားခဲ့သော်လည်း နာရီပိုင်းအ တွင်း အမှာစာ ၂,၀၀၀ ခန့် ရောက်လာသဖြင့် Viber အကောင့် ပျက် သွားသည်ဟုဆိုကာ အရောင်းပိတ်ခဲ့သည်။ ထိုအပြာကား ဖြ...

~မြန်မာနိုင်​ငံအ​ကြောင်းအချိန်​ခဏ​လောက်​ယူပြီး ဖတ်​​ပေးပါလား😃😃

Image
~မြန်မာနိုင်​ငံအ​ကြောင်းအချိန်​ခဏ​လောက်​ယူပြီး ဖတ်​​ပေးပါလား😃😃 ....................................................................................... ……………………………………… ၁ ။ မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတ အရေအတွက့် ( 11 ) ယောက် … ၂ ။ သမ္မတ အမည်မျာ့းနဲ … … … မွေးဖွားချိန်ကွယ်လွန်ချိန် (1) စဝ်ရွှေသိုက်           … … … [ ၁၈၉၆ - ၁၉၆၂ ] (2) ဒေါက်တာဘဦး        … … … [ ၁၈၈၇ - ၁၉၆၃ ] (3) မန်းဝင်းမောင်          … … … [ ၁၉၁၆ - ၁၉၈၉ ] (4) ဦးနေဝင်း              … … … [ ၁၉၁၈ - ၂၀၀၂ ] (5) ဦးစန်းယု                … … … [ ၁၉၁၈ - ၁၉၉၆ ] (6) ဦးစိန်လွင်               … … … [ ၁၉၂၄ - ၂၀၀၄ ] (7) ဦးအေးကို             … … … [ ၁၉၂၁ - ၂၀၀၆ ] (8) ဒေါက်တာမောင်မောင်… … … [ ၁၉၂၅ - ၁၉၉၄ ] (9) ဦးစောမောင်           … … … [ ၁၉၂၈ - ၁၉၉၇  ] (...

တေးသီချင်းသစ် ” DESPACITO”ကို ပထမဆုံးအကြိမ် ဖျော်ဖြေခဲ့တဲ့ ဂျက်စတင်ဘီဘာ

Image
တေးသီချင်းသစ် ” DESPACITO”ကို ပထမဆုံးအကြိမ် ဖျော်ဖြေခဲ့တဲ့ ဂျက်စတင်ဘီဘာ ပေါ့ပ်အဆိုတော်ဂျက်စတင်ဘီဘာက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တေးဂီတဝက်ဘ်ဆိုက်ဒ်တွေမှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့တဲ့ သူ့ရဲ့တေးသီချင်းသစ်တစ်ပုဒ်ဖြစ်တဲ့” Despacito”ကို ပြီးခဲ့တဲ့ ဧပြီ ၁၅ရက်က ပထမဆုံးအကြိမ် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ ” Despacito ”တေးသီချင်းမှာ အခြားသောတေးသံရှင်တွေဖြစ်ကြေတဲ့ လူးအစ်ဖွန်စိုင်းနဲ့ ဒက်ဒီယန်ကီတို့ကလည်း အတူတွဲဖက်ဆိုထားတာဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပေါ်တိုရီကိုက ဖျော်ဖြေပွဲမှာတော့ ဂျက်စတင်ဘီဘာနဲ့အတူ လူးအစ်က အားဖြည့်သီဆိုပေးခဲ့တာဖြစ်ပါတယ်။ ဒီဖျော်ဖြေမှုဟာ ” Despacito ”ကို စတင် ထုတ်လွှင့်ခဲ့ပြီးနောက် ပထမဆုံးသော ဖျော်ဖြေမှုလည်းဖြစ်ကြောင်း သိရပါတယ်။ တေးသီချင်းဖျော်ဖြေမှုအပြီးမှာတော့ ဂျက်စတင်ဘီဘာက တေးသီချင်းသစ်ရဲ့ အောင်မြင်မှုအတွက် ပရိသတ် တွေကို ကျေးဇူးအထူးတင်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး တွဲဖက်သီဆိုပေးခဲ့တဲ့ လူးအစ်ကိုလည်း အားပေးကြဖို့ ပရိသတ်တွေကို တောင်းဆိုခဲ့ကြောင်းလည်း သိရပါတယ်။ Credit: အေးပြည့်( The Mirro...