တေးသီချင်းသစ် ” DESPACITO”ကို ပထမဆုံးအကြိမ် ဖျော်ဖြေခဲ့တဲ့ ဂျက်စတင်ဘီဘာ
” Despacito ”တေးသီချင်းမှာ အခြားသောတေးသံရှင်တွေဖြစ်ကြေတဲ့ လူးအစ်ဖွန်စိုင်းနဲ့ ဒက်ဒီယန်ကီတို့ကလည်း အတူတွဲဖက်ဆိုထားတာဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပေါ်တိုရီကိုက ဖျော်ဖြေပွဲမှာတော့ ဂျက်စတင်ဘီဘာနဲ့အတူ လူးအစ်က အားဖြည့်သီဆိုပေးခဲ့တာဖြစ်ပါတယ်။ ဒီဖျော်ဖြေမှုဟာ ” Despacito ”ကို စတင် ထုတ်လွှင့်ခဲ့ပြီးနောက် ပထမဆုံးသော ဖျော်ဖြေမှုလည်းဖြစ်ကြောင်း သိရပါတယ်။
တေးသီချင်းဖျော်ဖြေမှုအပြီးမှာတော့ ဂျက်စတင်ဘီဘာက တေးသီချင်းသစ်ရဲ့ အောင်မြင်မှုအတွက် ပရိသတ် တွေကို ကျေးဇူးအထူးတင်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး တွဲဖက်သီဆိုပေးခဲ့တဲ့ လူးအစ်ကိုလည်း အားပေးကြဖို့ ပရိသတ်တွေကို တောင်းဆိုခဲ့ကြောင်းလည်း သိရပါတယ်။
Credit: အေးပြည့်(The Mirror Daily)
Comments
Post a Comment