Posts

Showing posts with the label internationalnews

မြောက်ကိုရီးယား နိုင်ငံ ရဲ့ ထူးခြားဆန်းကြယ်သောအချက်များ

Image
မြောက်ကိုရီးယား နိုင်ငံ ရဲ့ ထူးခြားဆန်းကြယ်သောအချက်များ မြောက်ကိုရီးယား နိုင်ငံဟာ ထူးဆန်းရှည်လျားတဲ့ သမိုင်းကြောင်းတွေဖြစ်တဲ့ များစွာသောဘုရင်အုပ်ချုပ်မှုစနစ်၊ ဂျပန်တွေရဲ့ ကျူးကျော်ဝင်ရောက်ခံရမှု၊ စစ်အုပ်ချုပ်ရေးစနစ်တွေကြောင့် နာမည်ကျော်ကြားသလို ကိုရီယားနိုင်ငံရဲ့ နယ်မြေအပိုင်းအခြားတစ်ခု ဖြစ်တဲ့အပြင် ကိုရီးယားစစ်ပွဲ ကွန်မြူနစ်ဝါဒတွေကြောင့် မြောက်ကိုရီးယား နိုင်ငံဟာ ကမ္ဘာပေါ်မှာ စိတ်ဝင်မှုအကောင်းဆုံးနိုင်ငံတွေထဲကတစ်ခုအပါအ၀င်ဖြစ်နေပါတယ်။ ဒါကြောင့် စိတ်ဝင်စားဖွယ် ထူးခြားဆန်းပြားတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ လေ့လာစရာအချက်တွေကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။ ဒီချောကလက်မုန့်ကို မြန်မာ ပရိသတ်အနေနဲ့ ရင်းနှီးပြီးသားဖြစ်သလို စားလည်းစားဖူးကြမှာပါ။ဒီ မုန့် က တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး သွားရည်စာ မုန့်တမျိုးဖြစ်ပါတယ်။ဒါပေမယ့် မြောက်ကိုရီးယား နိုင်ငံမှာတော့ ဒီ မုန့် စားသုံးမှုကို ကင်မ်အစိုးရက တားမြစ်ပိတ်ပင်ထားပါတယ်။ဒါကြောင့် ဒီ မုန့် စားသုံးခြင်းက မြောက်ကိုရီးယား နိုင်ငံရဲ့ အကြီးမားဆုံး တားမြစ်ပိတ်ပင်မှုတစ်ခု ဖြစ်နေပါတယ်။ဒါပေမယ့် ဒီ မုန့် စားသုံးမှုကို အပြင်းအထန်ကန့်ကွက်ထားတဲ့...

ထီပေါက်တယ်လို့သိသိချင်း ခင်ပွန်းကို ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးခိုင်းခဲ့တဲ့ ဇနီး

Image
ထီပေါက်တယ်လို့သိသိချင်း ခင်ပွန်းကို ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးခိုင်းခဲ့တဲ့ ဇနီး တွမ်မိတ် (Tom Mabe) အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ အမျိုးသမီးကို နောက်ပြောင်မယ်ဆိုတဲ့ ဆန္ဒနဲ့ ပြီးခဲ့တဲ့ အပါတ်က ထွက်ခဲ့တဲ့ နံပါတ်များနဲ့ တူညီတဲ့ Powerball လက်မှတ်များကိုဝယ်ယူခဲ့ပါတယ်။ Power Ball ဟာ အမေရိကန် ထီကစားနည်းတစ်မျိုးဖြစ်ပြီး နှစ်စဉ် ဒေါ်လာ သန်း ၄၀ ခန့်ဆုချီးမြှင့်လေ့ရှိတဲ့ ထီကစားနည်းတစ်မျိုးဖြစ်ပါတယ်။Power Ball ထီလက်မှတ်များဟာတစ်စောင်ကို အမေရိကန် ဒေါ်လာ ၁ ဒေါ်လာ ကျသင့်တယ် လို့သိရပါတယ်။ Powerball လက်မှတ်များကို သူဟာ ၀ယ်ယူခဲ့အပြီးမှာ ပြီးခဲ့တဲ့ အပါတ်က Powerball လက်မှတ်ပေါက်စဉ်ဖွင့်တဲ့ ဗီဒီယိုကိုလည်း ရယူခဲ့ပြီး သူချစ်ရတဲ့ ဇနီးဖြစ်သူကို စနောက်ဖို့အတွက် အဆင်သင့်ပြင်ဆင်ထားခဲ့ပါတယ်။Powerball လက်မှတ် ထီပေါက်စဉ်ဖွင့်တဲ့အခါမှာ တွမ်မိတ်ဟာ ဇနီးဖြစ်သူကို လှမ်းခေါ်ပြီး သူမဟာ ဒေါ်လာ ၁၅ သန်းတန် Powerball ထီပေါက်ပြီဖြစ်ကြောင်း ယခင်လက ရိုက်ကူးထားခဲ့တဲ့ ထီပေါက်စဉ်ဖွင့်တဲ့ ဗီဒီယိုကို ပြသခဲ့ပါတယ်။ဇနီးဖြစ်သူဟာ သူမထီပေါက်ပြီလို့သိရပြီးပြီးချင်းနောက်မှာ သူမရဲ့ အိတ်မှတဆင့် Powerball လက်မှတ်ကို လှန်လှော ရှာဖွေနေခဲ့ပြ...

၃၆ နှစ်ကြာအချိန်ပေးပြီးတောင်သုံးတောင်ကိုကျော်ဖြတ်ကာ ရေမြောင်းတူးခဲ့တဲ့ ရွာသူကြီး

Image
၃၆ နှစ်ကြာအချိန်ပေးပြီးတောင်သုံးတောင်ကိုကျော်ဖြတ်ကာ ရေမြောင်းတူးခဲ့တဲ့ ရွာသူကြီး ကျေးရွာသားတွေရဲ့ ရေရှားပါးမှုပြသနာကို ၃၆ နှစ်ကြာအချိန်ပေးပြီးဖြေရှင်းပေးတဲ့ တရုတ်နိုင်ငံက လူ တစ်ယောက်အကြောင်းဟာအခုတစ်လော အင်တာနက်မှာရေပန်းစားလို့နေပါတယ်။ ဟောင်းဒါဖာ ဟာဂွိုင်ဇူပြည်နယ်ကတောင်တွေပတ်လည်ဝိုင်းနေတဲ့ ရွာလေးတစ်ရွာရဲ့ ရွာလူကြီးတစ်ယောက်ပါ။ တည် နေရာအ နေအထားအပြင်မိုးခေါင်ရေရှားမှုတွေကြောင့် ဒါဖာရဲ့ရွာသားတွေကို ရေကိုနေ့ဖို့ ညစာချန်ပြီ့း အကန့်အသတ်နဲ့သုံးစွဲခဲ့ရပါတယ်။ ဒါကိုရွာလူကြီးဖြစ်တဲ့ ဒါဖာကဖြေရှင်းဖို့ကြံစည် ပါတယ်။ သူ့ရည်ရွယ်ချက်တော့ တောင်သုံးတောင်ကိုဖြတ်ပြီး ရွာကိုရေရရှိစေမယ့် တူးမြောင်း တစ်ခု ကိုတူးဖော်ဖို့ပဲဖြစ်ပါ တယ်။ ဒါပေမယ့် သူ့အကြံအစည်ကိုလူအများစုကတော့လက်မခံပါဘူး။ ဒါဟာမ ဖြစ်နိုင်တဲ့ကိစ္စဆိုပြီး ဒါဖာကိုတောင်ပျက်ရယ်ပြုကြပါတယ်။ ဒါပေမယ့် ဒါဖာကအားမလျော့ပါဘူး။ သူ့သက်တမ်းမှာမပြီး ရင်တောင်နောင်လာနောင်သားတွေဆက်လုပ်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ သူကတော့ ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။ သူ့လုပ်ငန်းစဉ်မှာလူငယ်အချို့ရဲ့ လုပ်အားအကူ အညီကိုရယူခဲ့ပေမယ့် သူတို့ရဲ့စိတ်အားတက်ကြွမှုဟာ သူတို့ကြုံတွေ့ရတဲ့အခက်အခဲတွေကိုမကေ...

ပဲရစ် တိုက်ခိုက် ခံလာရပြီး ရဲတစ်ဦး သေဆုံး

Image
ပဲရစ် တိုက်ခိုက် ခံလာရပြန်ပြီး ရဲတစ်ဦး သေဆုံး ပြင်သစ် နိုင်ငံ မြို့တော် ပဲရစ်ရဲ့ မြို့လယ်ခေါင်မှာ သေနတ် ပစ်ခတ်မှု ဖြစ်ခဲ့ပြီး ရဲ တစ်ဦး သေဆုံး သွားပါတယ်။ တခြား ရဲ နှစ်ယောက်လည်း ဒဏ်ရာ ရသွား သလို၊ သေနတ်သမားလို့ ယူဆ ရသူတွေလည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လက်ချက် နဲ့ သေဆုံး ခဲ့ပါတယ်။ နာမည်ကျော် ရှောင်ဇေလီဇေး လမ်းမပေါ် ရပ်ထားတဲ့ ရဲတပ်ဖွဲ့ ဘတ်စ်ကား အတိုက်အခိုက် ခံခဲ့ ရတာပါ။ တစ်ကိုယ်တော် သေနတ်သမား တစ်ယောက်က ပစ်ခတ် ခဲ့ပြီး အခင်း ဖြစ်ရာ နေရာ ကနေ ထွက်အပြေး အသေ ပစ်ခတ် ဖမ်းဆီး ခဲ့ရတယ်လို့ ပြင်သစ် ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီ တိုက်ခိုက်မှုဟာ အကြမ်းဖက် ဝါဒ အခြေခံ ဖြစ်ရပ်လို့ ယူဆတယ် ဆိုပြီး ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလော်န့်က ပြောပါတယ်။ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကနေ ထုတ်ပြန်တာ ဆိုတဲ့ ကြေညာချက် တစ်စောင်လည်း ထွက်လာတာမှာ ဒီတိုက်ခိုက်မှုကို ဘယ်လ်ဂျီယံက သူတို့အဖွဲ့ဝင် အဘူ ယူဆွတ်ဖ် ဆိုသူ ကျူးလွန် ခဲ့တာ ဖြစ်တယ် ဆိုပြီး ရေးထားပါတယ်။ လာမယ့် တနင်္ဂနွေနေ့ ဆိုရင် ပြင်သစ် သမ္မတ ရွေးကောက်ပွဲ ပထမ အဆင့် ကျင်းပဖို့ ရှိနေချိန် မှာပဲ အခုလို ပစ်ခတ်မှု ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။ ပြင်သစ် ရဲတပ်ဖွဲ့ ပစ်မှတ်ထား အတိုက်အခိုက်...