၃၆ နှစ်ကြာအချိန်ပေးပြီးတောင်သုံးတောင်ကိုကျော်ဖြတ်ကာ ရေမြောင်းတူးခဲ့တဲ့ ရွာသူကြီး

၃၆ နှစ်ကြာအချိန်ပေးပြီးတောင်သုံးတောင်ကိုကျော်ဖြတ်ကာ ရေမြောင်းတူးခဲ့တဲ့ ရွာသူကြီး

ကျေးရွာသားတွေရဲ့ ရေရှားပါးမှုပြသနာကို ၃၆ နှစ်ကြာအချိန်ပေးပြီးဖြေရှင်းပေးတဲ့ တရုတ်နိုင်ငံက လူ တစ်ယောက်အကြောင်းဟာအခုတစ်လော အင်တာနက်မှာရေပန်းစားလို့နေပါတယ်။ ဟောင်းဒါဖာ ဟာဂွိုင်ဇူပြည်နယ်ကတောင်တွေပတ်လည်ဝိုင်းနေတဲ့ ရွာလေးတစ်ရွာရဲ့ ရွာလူကြီးတစ်ယောက်ပါ။
တည် နေရာအ နေအထားအပြင်မိုးခေါင်ရေရှားမှုတွေကြောင့် ဒါဖာရဲ့ရွာသားတွေကို ရေကိုနေ့ဖို့ ညစာချန်ပြီ့း အကန့်အသတ်နဲ့သုံးစွဲခဲ့ရပါတယ်။ ဒါကိုရွာလူကြီးဖြစ်တဲ့ ဒါဖာကဖြေရှင်းဖို့ကြံစည် ပါတယ်။ သူ့ရည်ရွယ်ချက်တော့ တောင်သုံးတောင်ကိုဖြတ်ပြီး ရွာကိုရေရရှိစေမယ့် တူးမြောင်း တစ်ခု ကိုတူးဖော်ဖို့ပဲဖြစ်ပါ တယ်။ ဒါပေမယ့် သူ့အကြံအစည်ကိုလူအများစုကတော့လက်မခံပါဘူး။ ဒါဟာမ ဖြစ်နိုင်တဲ့ကိစ္စဆိုပြီး ဒါဖာကိုတောင်ပျက်ရယ်ပြုကြပါတယ်။ ဒါပေမယ့် ဒါဖာကအားမလျော့ပါဘူး။
သူ့သက်တမ်းမှာမပြီး ရင်တောင်နောင်လာနောင်သားတွေဆက်လုပ်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ သူကတော့ ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။ သူ့လုပ်ငန်းစဉ်မှာလူငယ်အချို့ရဲ့ လုပ်အားအကူ အညီကိုရယူခဲ့ပေမယ့် သူတို့ရဲ့စိတ်အားတက်ကြွမှုဟာ သူတို့ကြုံတွေ့ရတဲ့အခက်အခဲတွေကိုမကျော် လွှားနိုင်ခဲ့ပါဘူး။ ဒါဖာဟာ ၁၉၅၉ ခုနှစ် သူ့အသက် ၂၃ နှစ်အရွယ်ကစပြီး ဒီရေမြောင်းတူးခြင်းကိုစ တင်ခဲ့တာဖြစ်ပြီး ကြားထဲမှာခဏခဏ ရပ်ဆိုင်းခဲ့ရပေမယ့် အခုချိန်မှာတော့ သူစတင်ခဲ့တဲ့ တူးမြောင်း လာ ဒေသခံလူ ၁၂၀၀ ကိုကောင်းစွာအကျိုးပြုနေပြီလို့သတင်းတွေမှာဖော်ပြပါတယ်။
အခုချိန်မှာ အသက် ၈၀ ကျော်အရွယ်ကိုရောက်ရှိနေပြီဖြစ်တဲ့ ဒါဖာဟာ ဒီရေမြောင်းကိုရရှိဖို့သူ့ဘဝရဲ့ ၃၆ နှစ်ကို အသုံးပြုခဲ့ပြီးဒီအလုပ်ကြောင့် သူ့သားသမီးဆွေမျိုးတွေရဲ့ဈာပနအခမ်းအနားတွေကိုတောင်တက် ရောက်ဖို့ပျက်ကွက်ခဲ့ဖူးတယ်လို့လဲဒေသခံတွေကပြောပါတယ်။
Ref:OC
#YangonMediaGroup #YangonTimesJournal #FlowerNewsJournal

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

ခရမ်းပြာဂယက်

လင်ကြီးငုတ်တုတ်ရှိလျက် ဖောက်ပြန်တဲ့အမျိုးသမီးကို ဘယ်လို ဥပဒေမျိုးနှင့် အရေးယူသင့်