Posts

Showing posts with the label ကျန်းမာရေး

လေဖြတ်နိုင်ခြေ ရှေ့ပြေး နိမိတ်များ (၆) ချက်

လေဖြတ်နိုင်ခြေ ရှေ့ပြေး နိမိတ်များ (၆) ချက် 🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹 လေဖြတ်ရောဂါဟာ  ကမ္ဘာပေါ်မှာ  လူသေဆုံးမှု ဒုတိယအများဆုံး ရောဂါဖြစ်တယ်။ လေဖြတ်မယ့်ရှေ့ပြေး နိမိတ်တွေ သိထားရင် ကြိုတင်ကာကွယ်ခြင်းဖြင့် လေဖြတ်ရန်မှ ကင်းဝေးနိုင်မှာပါ။  လေဖြတ်ခြင်းမှာ ပုံစံနှစ်မျိုးရှိတယ်။ ပထမတစ်မျိုးက သွေးကြောထဲ သွေးခဲများ စုပိတ်ကာ ဦးနှောက်သို့ သွေးစီးဆင်းမှု နည်းသွားခြင်း သို့မဟုတ် လုံးဝရပ်သွားခြင်းကြောင့် ဦးနှောက်လုပ်ငန်း အချို့ရပ်ဆိုင်း ကာ လေဖြတ်ရတတ်တယ်။ နောက်ပုံစံတစ်မျိုးက ဦးနှောက်သွေးကြောပေါက်ကာ ဦးနှောက် အခြားအစိတ်အပိုင်းများကို သွေးမရောက်တော့ဘဲ ခန္ဓာလုပ်ငန်းတွေ ရပ်ဆိုင်းသွားလို့ ဖြစ်တယ်။ ယင်းနောက်ဆုံး အဆင့်မရောက်မီ ရုတ်တရက်ပြတတ်တဲ့ ရှေ့ပြေးလက္ခဏာများ သိထားရင် လေမဖြတ်အောင် ကာကွယ်နိုင်မှာပဲဖြစ်တယ်။ (၁) မြင်ကွင်း နှစ်ထပ်ဖြစ်ခြင်း မျက်စိတစ်ဖက်ကကောင်းပြီး အခြားတစ်ဖက်က မြင်ကွင်းတွေ နှစ်ထပ်ဖြစ်နေ၊ ဝေဝါးနေပြီဆိုရင် လေဖြတ် မယ့်ရှေ့ ပြေးနိမိတ်ဆိုတာ သတိပြုသင့်ပါတယ်။ အလုပ်ပင်ပန်းရုံ၊ စာဖတ်ရုံလောက်နဲ့ မျက်စိ ကမြင်ကွင်း နှစ်ထပ်ဖြစ်တာမျိုး တော်တော်ရှားပါတယ်။ နေရင်းထိုင်ရင်း မြင်ကွင်းနှ...

မျက်နှာပေါ်ကတင်းတိပ်တွေ ကို ဂျင်းနဲ့အဲ့ဒီပစ္စည်းလေးတွေရောလိမ်းပြီး နူတ်ဆက်လိုက်ရအောင်

Image
【 အလှအပနှင့်ကျန်းမာရေး 】မျက်နှာပေါ်ကတင်းတိပ်တွေ ကို ဂျင်းနဲ့အဲ့ဒီပစ္စည်းလေးတွေရောလိမ်းပြီး နူတ်ဆက်လိုက်ရအောင် ============================================= MI ပရိသတ်ကြီးတို့ရေ။ . နှစ်ဆယ်ကျော်ငါးနှစ်ပတ်လည် တင့်တင့်တို့အရွယ်မှာ မျက်နှာလေးက ဖွေးနုသန့်ရှင်းချစ်စရာကောင်းနေတာမှန်ပေမယ့် အသက် သုံးဆယ်ကိုကျော်သွားရင် မျက်နှာပေါ်မှာ အစက်အပြောက်တွေ၊ တင်းတိပ်တွေ တဖြည်းဖြည်းချင်းပေါ်လာလို့ စိတ်ပျက်လက်ပျက်ဖြစ်ရတတ်ပါတယ်။ ဒါပေမယ့် အခုတင်ပြပေးမယ့်နည်းလမ်းလေးက မျက်နှာပေါ်က အစက်အပျောက်များနှင့် တင်းတိပ်များကို ယူပစ်သလို ကင်းစင်သွားပြီး အသက်နှစ်ဆယ်အရွယ်တုန်းကလို အသားအရေမျိုးပြန်ရမယ်ဆိုရင်  ပရိတ်သတ်ကြီး မလိုချင်ဘူးလား။ လုပ်ရတာလည်း မခက်ခဲသလို အကုန်အကျလည်းမများပါဘူးနော်။ . ကဲ ဘယ်လိုလုပ်ရမလဲကြည့်လိုက်ရအောင်။ . လိုအပ်တဲ့ပစ္စည်း။ -ဂျင်း၊ ရှာလကာရည်အဖြူ နှင့် ပျားရည် . ပြုလုပ်နည်း ၁။ ဂျင်းကိုရေစင်စင်ဆေးပြီး အပြားကလေးများလှီးပေးထားပါ။ ၂။ ထို့နောက် ဂျင်းကိုပုလင်းလေးးထဲထည့်ပြီး ရှာလကာရည်လောင်းထည့်ပေးလိုက်ပါ။ ရှာလကာရည်က ဂျင်းကိုမကျော်စေရပါ။ ၃။ ထို့နောက်ပုလင်းကို လေလုံေ...

သင့်အိပ်ရာထဲ ဖုန်းယူမသွားဘဲနဲ့ တစ်ပါတ်ကြာရင် ဘာတွေပြောင်းလဲသွားမလဲ သင့် အိပ်ရာ ထဲ ဖုန်း မယူသွားဘဲနဲ့ တစ်ပါတ် ကြာရင် ဘာတွေပြောင်းလဲသွားမလဲ

Image
သင့်အိပ်ရာထဲ ဖုန်းယူမသွားဘဲနဲ့ တစ်ပါတ်ကြာရင် ဘာတွေပြောင်းလဲသွားမလဲ သင့် အိပ်ရာ ထဲ ဖုန်း မယူသွားဘဲနဲ့ တစ်ပါတ် ကြာရင် ဘာတွေပြောင်းလဲသွားမလဲ အခုခေတ်နောက်ပိုင်း စမတ်ဖုန်း တွေထွန်းကားလာတာနဲ့ အမျှ လူတော်တော်များများက စမတ်ဖုန်း နဲ့ တစ်သားထဲကျသွားပါတယ်။ ကိုယ့်နေထိုင်မှု ဘ၀ထဲမှာ စမတ်ဖုန်းဟာ မရှိမဖြစ်လောက် နေရာယူနေပါပြီ။ အဲဒီတော့ နောက်ပိုင်းပိုဆိုးတာက အိပ်ရာထဲအထိ ယူဆောင်သွားကြတာတွေပါ၊ ဒီအချက်လေးတွေကတော့ သင့်ဖုန်းကို အိပ်ရာထဲမယူသွားပဲနဲ့ တစ်ပါတ်နေလိုက်တယ်ဆိုရင် သယ်ဘယ်လိုအကျိုးရလဒ်တွေရမလဲ ဆိုတာကိုပါ။ အိပ်မပျော်ဖြစ်မယ် အထီးကျန်သလို ခံစားရမယ် ကျန်းမာရေး ဆိုးကျိုးတစ်ခုတော့ မဟုတ်ပါဘူး။ သင်အရင်က ဖုန်း ယူသွားပြီး ဆိုရှယ်မီဒီယာတွေအပေါ်မှာ အချိန်တွေ မသိကုန်သွားတာမျိုးတွေကြောင့် ဖုန်းမရှိတော့တဲ့အခါမှာ သင်ဟာ အချိန်တွေပိုနေသလိုဖြစ်နေပါမယ်။ နောက်ပြီး သူငယ်ချင်းတွေနဲ့ စကားပြောရတာမျိုး မရှိတဲ့ အတွက် အထီးကျန် သလိုဖြစ်ပါမယ်။ မစိုးရိမ်ပါနဲ့ ဒါက သုံးလေးည ဖြစ်ပြီးနောက်ပျောက်ကွယ်သွားမယ့် အကျင့်ပါ။ ပြီးတော့ ဒါက တကယ် အထီးကျန် တာလဲ မဟုတ်ပါဘူး သင့်အလုပ်မှာ သင့်လုပ်ဖော်ကိုင်ဖက်တွေ၊ သင့်ကိုယ်ပိုင်အချိန်မှာ သူ...