Posts

Showing posts from May 21, 2017

ပြည်နယ်နှင့်တိုင်းဖွဲ့စည်းပုံအတွင်း- မည်သည့်အခါမှ ခွဲမထွက်ရ ဆိုသည့်အချက် - ထည့်သွင်းဖော်ပြမှုမသင့်ဟု SNLD ပြော

Image
ပြည်နယ်နှင့်တိုင်းဖွဲ့စည်းပုံအတွင်း- မည်သည့်အခါမှ ခွဲမထွက်ရ ဆိုသည့်အချက် - ထည့်သွင်းဖော်ပြမှုမသင့်ဟု  SNLD  ပြော သျှမ်းသံတော်ဆင့် / ဆိုင်ဖူး မေလ ၂၅ ရက် ၂၀၁၇ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယနေ့မှာ UPDJC မှ ချမှတ်ပေးထားသည့် နိုင်ငံရေးကဏ်ဏ္ဍ အစုအဖွဲ့အလိုက် ဆွေးနွေးရန်အတွက် အချက် ၂၁ ချက် ပါရှိသည့်အနက် အပိုဒ် ၈ အပိုဒ်ခွဲ (ဂ) တွင်ပါရှိသည့် ပြည်ထောင် စု နယ်မြေအတွင်းမှ မည်သည့် အခါမှ ခွဲမထွက်ရ ဆိုသည့် အချက် ထည့်သွင်းဖော်ပြမှုမသင့်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်  SNLD  ကျားခေါင်းပါတီဘက်မှ ဆွေးနွေးခဲ့သည်။ အဆိုပါ ပြည်ထောင်စု နယ်မြေအတွင်းမှ မည်သည့် အခါမှ ခွဲထွက်ခွင့်မပြုရ ဆိုသည့် အချက် ဖော်ပြရာတွင် အပိုဒ် ရ (က) မှာ ဒို့တာဝန်အရေးသုံးပါး ကို ဖော်ပြပြီးသားဖြစ်သည့်အတွက် ထည့်သွင်းရန် မလိုကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ နိုင်ငံရေးဆွေးနွေးပွဲ ကိုယ်စားလှယ် စိုင်းထင်ကျော် ကပြောသည်။  “ခု ပြန်လည်ဆွေးနွေးခွင့် ၂၁ ချက်ရှိပါတယ်၊ အဲ့ဒီ ၂၁ ချက်ထဲမှာ အပိုဒ် ၈ အပိုဒ်ခွဲ(ဂ) အနေနဲ့ ကျနော်တို့ ဆွေးနွေးရတာ ဖြစ်ပါတယ်၊ ဒါကို ကျနော်တို့ ကိုင်ြ...

ရှမ်းတပ်နှင့် တိုက်ပွဲများရပ်တန့်ရေး ဆွေးနွေးရန်အသင့်ရှိဟု တအာင်းတပ်ပြော

Image
ရှမ်းတပ်နှင့် တိုက်ပွဲများရပ်တန့်ရေး ဆွေးနွေးရန်အသင့်ရှိဟု တအာင်းတပ်ပြော ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) နဲ့ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ (အာစီအက်စ်အက်စ်) တို့ကြား တိုက်ပွဲတွေရပ်တန့်နိုင်ဖို့ လုံခြုံရေးအရ အဆင်ပြေတဲ့နေရာမှာ ဆွေးနွေးဖို့ အဆင်သင့်ရှိနေကြောင်း တီအန်အယ်လ်အေက ပြောပါတယ်။ တီအန်အယ်လ်အေ ပြန်ကြားရေးမှူး တာအိုက်ကျော်က “တွေ့ဆုံညှိနှိုင်းဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက ပြောတယ်။ သူတို့က တွေ့ဆုံဖို့ ရှောင်လွဲနေတယ်။ တရုတ်ပြည်၊ ပန်ဆန်း၊ မိုင်းလား တနေနေရာမှာ တွေ့ဖို့အစဉ်သင့်ရှိတယ်။ သူတို့ကလည်း ဒီချင်းမိုင်မှာပဲ အဆင်ပြေနေတယ်။ ချင်းမိုင်ကျတော့ ကျနော်တို့က အန်စီအေ လက်မှတ်မထိုးထားတော့ လုံခြုံရေးမှာ အခက်အခဲရှိတယ်။ တွေ့ဖို့ နေရာအဆင်ပြေရင်တော့ တွေ့ဖို့အဆင့်သင့်ပဲ” လို့ သူကပြောပါတယ်။ တအာင်းအမျိုးသားပါတီ (တီအန်ပီ)က ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာမှာ အာစီအက်စ်အက်စ်နဲ့ ကြားဝင်ညှိနှိုင်းခဲ့ကြောင်း မီဒီယာတွေမှာ ဖော်ပြထားပေမယ့် ရှမ်းပြည်တောင်ပိုင်းရှိ စာသင်ကျောင်းကိစ္စရပ်တွေကိုသာ ဆွေနွေးတာဖြစ်ပြီး တီအန်အယ်လ်အေ နဲ့ အာစီအက်စ်အက်စ် ...

လားရှိုးဟိုတယ်တွေကို ဆက်ကြေးကောက်တာ TNLAအဖွဲ့ စစ်ဆေးနေ

Image
လားရှိုးဟိုတယ်တွေကို ဆက်ကြေးကောက်တာ TNLAအဖွဲ့ စစ်ဆေးနေ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က ဟိုတယ်တွေကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က အခွန်ကောက်ခံတဲ့ စာတွေပေးပို့တာဟာ TNLA အဖွဲ့က စီစစ်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ "ရဲတပ်ဖွဲ့ကတော့ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေပါတယ်။ မြို့အဝင်ထွက်တွေမှာ အားလုံးပိတ်ဆို့ရှာဖွေနေတာ ၈ နေရာမှာလုပ်နေပါတယ်။ ကျွန်တော်တို့ မော်တော်ယာဉ်လှည့်ကင်း၊ မော်တော်ဆိုင်ကယ်လှည့်ကင်း၊ ခြေလျင်လှည့်ကင်း၊ အရပ်ဝတ်စောင့်ကြည့်အဖွဲ့များ ချထားပြီးတော့မှ အထူးသဖြင့် ဟိုတယ်တွေကို စောင့်ကြည့်လုံခြုံရေးတာဝန်ယူမှုတွေ လုပ်နေပါတယ်ခင်ဗျ။ ဟိုတယ်မှာရှိတဲ့ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့မှ ။ ကျန်တာတော့ မြို့တမြို့လုံးကို လှည့်ကင်းယာဉ်တွေနဲ့ လှည့်ပတ်ပြီးတော့မှ စောင့်ကြည့်နေပါတယ်ခင်ဗျ " အင်တာနက် လူမှုကွန်ယက်စာမျက်နှာမှာ ပျံနှံနေတဲ့ လားရှိုးမြို့ ဟိုတယ်တွေထံ အခွန် ကောက်ခံတဲ့စာမှာ TNLA အဖွဲ့ရဲ့ တံဆိပ်တုံးတွေ၊ ခေါင်းစီးလည်း မပါတဲ့အပြင် စာရဲ့အောက်မှာ လက်မှတ်ထိုးထားတဲ့ နာမည်နဲ့ အဖွဲ့ဝင်လည်း မရှိတာကြောင့် TNLA အနေနဲ့ စိစစ်နေတယ်လို့ ပြန်ကြားရေးတာဝန်ခံ ...

ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ

Image
#ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ ရှမ်းပြည်နယ်မှာ ကချင်၊ ဝ၊ တအာင်း၊ ရှမ်း၊ ကိုးကန့်၊ အခါ၊ ပအိုဝ်း အစရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းပေါင်း အနဲဆုံး ၈ ဖွဲ့ရှိပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ကျော့ကွင်းမှာဆင်းသက်သွား ပြီး ပြည်သူ့စစ်အသွင်ပြောင်းခဲ့ရတာ၊ အကျိုးစီးပွားလုပ်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ပင်းပြီးဖွဲ့ထားတဲ့ ဒေသခံ တိုင်းရင်းသားနဲ့ တရုတ်လူမျိုးတွေရဲ့ ပြည်သူ့စစ် စသဖြင့် ပြည်သူ့စစ်အင်အားကြီးကြီးငယ်ငယ် အဖွဲ့ပေါင်း ၂၀၀ ကျော်ရှိပါတယ်။ မြန်မာ့တပ်မတော်က စစ်တိုင်းဌာနချုပ် လေးခုနဲ့ ခြေမြန်တပ်မဌာနချုပ် တခု ဖွင့်လှစ်ထားပြီး၊ အားလုံးစုစုပေါင်း တပ်ရင်း ၂၀၀ ကျော် ရှမ်းပြည်နယ်ဒေသအသီးသီးမှာ အခြေချလှုပ်ရှားနေပါတယ်။ (က) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ၁) ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၄) နဲ့ တပ်မဟာ (၆) တို့နဲ့စုဖွဲ့ထားတဲ့ KIO တောင်ပိုင်းတိုင်း ၂) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၃) မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA- ကိုးကန့် ၄) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် - NDAA - မိုင်းလား ၅) ရှမ်းပြည်တိုးတက်ရေးပါ...

ကျောက်မဲမြို့၌ RCSS/SSA နှင့် TNLA တို့တိုက်ပွဲဖြစ်ပွား

Image
မြေမြုပ်မိုင်းရှင်းလင်းရေးလှုပ်ရှားမှုမှ ကျောက်မဲမြို့၌ RCSS/SSA နှင့် TNLA  တို့တိုက်ပွဲဖြစ်ပွား သျှမ်းသံတော်ဆင့် မေလ ၂၂ ရက် ၂၀၁၇ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်တို့ကြား တိုက်ပွဲများဖြစ်ပွါး မှုကြောင့် ဒေသခံရွာသားများ ကျောက်မဲမြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ ကျောက်မဲမြို့နယ် မြောက်ဘက်နှင့်အနောက်မြောက်ဘက်ရှိ ကွန်ကော်ကျေးရွာအုပ်စု၊  လွယ်အံကျေးရွာအုပ်စုအတွင်း  မေလ ၂၁ ရက် ၅၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့က  RCSS နှင့် TNLA ကြားတိုက်ပွဲဖြစ်ပွား မှုကြောင့်  ကျောက်မဲမြို့ ရပ်ကွက် ၈ သို့ စစ်ဘေးရှောင် ၁၀၀ နီးပါးခန့်ရောက်ရှိလာကြောင်း၊ များသောအားဖြင့် တအာင်းရွာသားများဖြစ်ပြီး သျှမ်းရွာသားတချို့လည်းပါဝင်ကြောင်း ကျောက်မဲမြို့ခံ စိုင်းပါက ပြောသည်။ “ကွန်ကော်အုပ်စုထဲက တော့ဖယ် အုံအွီးရွာသားတွေ၊ လွယ်အန်အုပ်စုထဲက ခုမ်ငင်း၊ ဝန်ကန်ရွာတွေက ရွာသား ၉၅ ယောက် ရပ်ကွက် ၈ မှာလာပြီး ခိုလှုံနေတယ်။ လောလောဆယ်တော့ တည်းခိုတဲ့စခန်း အနီးတဝိုက်ကရွာသားတွေသွ...

စော်ဘွားခေတ် ကျိုင်းတုံဝက်ဖှကျောဝ်(Wat Pha Kiao Keng Tung)

Image
စော်ဘွားခေတ် ကျိုင်းတုံဝက်ဖှကျောဝ်(Wat Pha Kiao Keng Tung) (วัดพระแก้วนครเชียงตุง เมื่อสมัยก่อน)  ဘုန်းတော်ကြီးကျောင်း တစ်ချိန်က ကျိုင်းတုံဟော်နန်းတော်ကြီးရဲ့နန်းဦးကျောင်းဖြစ်ပြီး 43ဆက်မြောက်ကျိုင်းတုံစော်ဘွားကြီးစောဝ်ဖှကွမ်ကျောဝ်အင်းထလိုင်း(Sao Mom Kawn Kiao Interng ruled during AD-1897 until 1937or M.E era of 1259 to 1297 reigned for 38 years.) အမြဲတရားဘာဝနာအားထုတ်သည့် ကျောင်းတော်ဖြစ်ပါတယ် ယနေ့ခေတ်ထိတိုင် မဟာမြတ်မုနိဘုရားကြီးဝိဟာရကျောင်းတော်ရဲ့ မြောက်ဘက်မုဒ်ဦးရှေ့တည့်တည့်တွင်တည်ရှိပါတယ် #Kyaw Ye Myint Aung

မြို့နယ်ပေါင်း ၅၂ မြို့နယ်အတွက် လျှပ်စစ်မီတာဘီလ်များကို CB Bank 's Mobile Banking ဖြင့် လွယ်ကူစွာ ပေးဆောင်နိုင်ပါပြီ.

Image
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်ပေါင်း ၅၂ မြို့နယ်အတွက် လျှပ်စစ်မီတာဘီလ်များကို CB Bank 's Mobile Banking ဖြင့် လွယ်ကူစွာ ပေးဆောင်နိုင်ပါပြီ. အချိန်မကုန်၊ လူမပန်းပဲ မိမိဖုန်းလေးထဲကနေ အချိန်မရွေး မီတာဘီလ်ဆောင်နိုင်ဖို့အတွက် CB Bank's Mobile Banking ကိုချိတ်ဆက်ထားဖို့တော့ လိုမယ်နော်!! နီးစပ်ရာ CB Bank's ဘဏ်ခွဲများသို့ အမြန်ဆုံးသွားရောက် ပြီးချိတ်ဆက်ထားဖို့ မမေ့နဲ့နော်... အောက်ဖော်ပြပါ Link တွင် CB Bank's Mobile Banking ဖြင့် Meter Bil ပေးဆောင်လို့ ရသော မြို့နယ်များကို ဖော်ပြထားပါသည် ။ http://bit.ly/MB_MeterBill သင်တို့၏ ရွေးချယ်မှုတိုင်းအတွက် CB Bank Mobile Banking မှ လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် စီစဉ်ထားပါသည် ။ CB Bank Mobile Banking #EasiMobile #Meter_Bil #Township_52 #Myanmar