ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ
#ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ
ရှမ်းပြည်နယ်မှာ ကချင်၊ ဝ၊ တအာင်း၊ ရှမ်း၊ ကိုးကန့်၊ အခါ၊ ပအိုဝ်း အစရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းပေါင်း အနဲဆုံး ၈ ဖွဲ့ရှိပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ကျော့ကွင်းမှာဆင်းသက်သွား ပြီး ပြည်သူ့စစ်အသွင်ပြောင်းခဲ့ရတာ၊ အကျိုးစီးပွားလုပ်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ပင်းပြီးဖွဲ့ထားတဲ့ ဒေသခံ တိုင်းရင်းသားနဲ့ တရုတ်လူမျိုးတွေရဲ့ ပြည်သူ့စစ် စသဖြင့် ပြည်သူ့စစ်အင်အားကြီးကြီးငယ်ငယ် အဖွဲ့ပေါင်း ၂၀၀ ကျော်ရှိပါတယ်။
မြန်မာ့တပ်မတော်က စစ်တိုင်းဌာနချုပ် လေးခုနဲ့ ခြေမြန်တပ်မဌာနချုပ် တခု ဖွင့်လှစ်ထားပြီး၊ အားလုံးစုစုပေါင်း တပ်ရင်း ၂၀၀ ကျော် ရှမ်းပြည်နယ်ဒေသအသီးသီးမှာ အခြေချလှုပ်ရှားနေပါတယ်။
(က) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ
၁) ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၄) နဲ့ တပ်မဟာ (၆) တို့နဲ့စုဖွဲ့ထားတဲ့ KIO တောင်ပိုင်းတိုင်း
၂) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA
၃) မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA- ကိုးကန့်
၎) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် - NDAA - မိုင်းလား
၅) ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA
၆) ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ RCSS/SSA
၇) ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/ UWSA
၈) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA
(ခ) လက်နက်ကိုင်ပြည်သူ့စစ်များ
၁) ကချင် KDA - ကောင်းခါးဌာနေပြည်သူ့စစ်
၂) ပလောင်ဌာနေပြည်သူ့စစ် PSLA
၃) ပအိုဝ်းဌာနေပြည်သူ့စစ် PNO
၎) မိုင်းပန်ဌာနေပြည်သူ့စစ် -ဗိုလ်မွန်း MTA
၅) ဟိုမိန်း ဌာနေပြည်သူ့စစ် -မဟာဂျာ MTA
၆) ရှမ်းဌာနေပြည်သူ့စစ် -စိန်ကျော့ SSNA
ရမခ တိုင်းမှူးပြောကြားချက်အရ ရှမ်းပြည်မြောက်ပိုင်းတခုတည်းမှာ ဌာနေပြည်သူ့စစ် ၁၂၇ ဖွဲ့ ရှိပြီး၊ ရှမ်းပြည်နယ်တခုလုံးဆိုရင် အဖွဲ့ပေါင်း ၂၀၀ ကျော်ရှိနိုင်ပါတယ်။
(ဂ) မြန်မာ့တပ်မတော် လက်နက်ကိုင်အဖွဲ့များ
၁) အရှေ့မြောက်တိုင်းစစ်ဌာနချုပ်- လားရှိုး (တပ်ရင်း ၄၆ ရင်း)
၂) အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် - မိုင်းနောင်-ခိုလန် (တပ်ရင်း ၄၀ ရင်း)
၃) တြိဂံဒေသတိုင်းစစ်ဌာနချုပ် - ကျိုင်းတုံ (တပ်ရင်း ၄၅ ရင်း)
၎) အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် - တောင်ကြီး (တပ်ရင်း ၄၅ ရင်း)
၅) ခြေမြန်တပ်မစစ်ဌာနချုပ် - အမှတ် (၅၅) တမခ-၅၅- ကလော (တပ်ရင်း ၁၀ ရင်း)
၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ -၁ ကျောက်မဲ (တပ်ရင်း ၁၀ ရင်း)
၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ -၁၆ သိန္နီ (တပ်ရင်း ၁၀ ရင်း)
၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ -၇ ဖယ်ခုံ (တပ်ရင်း ၁၀ ရင်း)
၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ -၁၄ မိုင်းဆတ် (တပ်ရင်း ၁၀ ရင်း)
၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ -၁၇ မိုင်းပန် (တပ်ရင်း ၁၀ ရင်း)
၁၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ -၁၈ တီဟယ်ဆဲ-ရှမ်း/ရှေ့ (တပ်ရင်း ၁၀ ရင်း)
၁၂) ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ဒစက - လောက်ကိုင် (တပ်ရင်း ၅ ရင်း)
စကခ နဲ့ ဒစက တွေအားလုံး သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေရဲ့လက်အောက်ခံတပ်တွေပဲဆိုတော့ ရှမ်းပြည်နယ်မှာ မြန်မာတပ်မတော် စုစုပေါင်းတပ်ရင်း ၁၈၆ ရင်းရှိပါတယ်။ အမြောက်တပ်၊ ဒုံးတပ်၊ အင်ဂျင်နီယာတပ်၊ ဆေးတပ် အစသဖြင့်စုပေါင်းလိုက်ရင်တော့ တပ်ရင်း ၂၀၀ ကျော်ရှိပါတယ်။ စာရင်းအရ မြန်မာ့တပ်မတော် စုစုပေါင်း တပ်ရင်း ၅၃၁ ရင်း မှာ သုံးချိုးတချိုးက ရှမ်းပြည်နယ်မှာအခြေစိုက်ပါတယ်။
ပျာည်းဂေါင်းမောဝ်း (ကုင်ဆိုရ်မျံမ်)

Comments
Post a Comment