Posts

Showing posts with the label SSA

RCSS ကြောင့် ရှမ်းတွေကို တိုင်းရင်းသားတွေ မုန်းရလိမ့်မယ်

Image
RCSS ကြောင့် ရှမ်းတွေကို တိုင်းရင်းသားတွေ မုန်းရလိမ့်မယ် ဒီလိုစာ မရေးချင်တာတော့ အမှန်ပါ။ အကြောင်းအရင်းက အောက်တန်းကျသောတိုင်းရင်းသားတွေရဲ့ စိတ်ဓာတ်နဲ့ မိမိရဲ့ page မှာမဖော်ပြလိုပါ။ လူမျိုးကြီးဝါဒဆန်ပြီး နိုင်ငံကို အလွဲသုံးစားလုပ်နေတဲ့ စစ်အဏာရှင်တွေကိုသာ မိမိဝေဖန်လေ့ရှိသည်။ သို့သော် အကြောင်းအမျိုးကြောင့် ဒီလိုစာမရေးရင် မှားနေတာတွေ အမှန်ဖြစ်သွားမှာကို မလိုလားသောကြောင့် ရေးခြင်းဖြစ်သည်။ RCSS ဟာ ရှမ်းမြောက်ကို ဗမာစစ်တပ်ရဲ့ အကူအညီမပါဘဲနဲ့ ဘယ်လိုပုံစံနဲ့မှ ရောက်ဖို့ မဖြစ်နိုင်ပါ။ မိုင်ပေါင်းထောင်ချီတဲ့နေရာဒေသကို တောတောင်များကျော်ဖြတ်တာဟာ လမ်းလျှောက်ရင်ဖြင့် လချီလောက်ထိ လျှောက်ရပါမယ်။ ဒါကြောင့် RCSS ဟာ ဗမာ့စစ်တပ်က ညွန်ကြားခြင်းအတိုင်း သွားနေသည်ကို ဘယ်တိုင်းရင်းသားမှ ယုံမှားဖွယ်မရှိပါ။ ကျွန်တော်သည် တအာင်းစစ်စစ်ဖြစ်သော်ငြားလည်း တအာင်းမှားရင် ကျွန်တော်ဝေဖန်ထောက်ပြခဲ့ပါတယ်။ သို့သော် ရှမ်းတွေက RCSS လုပ်ပုံကိုင်ပုံ လူ့အခွင့်အရေးချိုးဖောက်မှုကို မမြင်ချင်ဟန်ဆောင်သည်မှာ အင်မတန်စိတ်ပျက်ဖွယ်ကောင်းလှသည်။ ရှမ်းလူမျိုးတွေဟာ ဗမာတွေထက် လူမျိုးကြီးဆန်တယ်လို့ တိုင်းရင်းသားအများစုက ဆိုကြပါတယ်။ ရှမ်ြး...

နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) အား တောင်းဆိုထားသည့် နေရာတွင် ကျင်းပခွင့် မရပါက ညီလာခံ တက်၊ မတက် အဖွဲ့အတွင်း ဆွေးနွေးဆုံးဖြတ်မည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဆို

Image
၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) အား တောင်းဆိုထားသည့် နေရာတွင် ကျင်းပခွင့် မရပါက ညီလာခံ တက်၊ မတက် အဖွဲ့အတွင်း ဆွေးနွေးဆုံးဖြတ်မည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဆို ================== ================== ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး မတိုင်မီ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) အား တောင်းဆိုထားသည့် နေရာတွင် ကျင်းပခွင့် မရပါက ညီလာခံ တက်၊ မတက်အား အဖွဲ့အတွင်း ဆွေးနွေးဆုံးဖြတ်မည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင် လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဗဟို အလုပ်အမှုဆောင် ကော်မတီက ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအား တောင်ကြီးမြို့ သို့မဟုတ် ပင်လုံမြို့သို...

သျှမ်းပြည်တပ်မတော် SSA တည်ထောင်ခြင်း ၅၃ နှစ်ပြည့်အခမ်းအနား

Image
သျှမ်းပြည်တပ်မတော် SSA တည်ထောင်ခြင်း ၅၃ နှစ်ပြည့်အခမ်းအနားအား သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်ဌာနချုပ် ၀မ့်ဟိုင်းတွင် အခမ်းအနားကျင်းပ သျှမ်းသံတော်ဆင့် ဧပြီလ ၂၅ ရက် ၂၀၁၇ ဧပြီလ ၂၄ ရက်တွင်ကျရောက်သော သျှမ်းပြည်တပ်မတော်  SSA တည်ထောင်ခြင်း ၅၃ နှစ်ပြည့်အခမ်းအနားအား သျှမ်းပြည်တိုးတက်ရေး ပါတီ သျှမ်းပြည်တပ်မတော်ဌာနချုပ် ၀မ့်ဟိုင်းတွင် အခမ်းအနားကျင်းပရာ ဒေသတွင်းပြည်သူလူထုနှင့် တပ်မှူးတပ်သားများ စုစုပေါင်း ၁၄၀၀ ကျော်တက်ရောက်ခဲ့သည်။ SSPP/SSA နာယက ဗိုလ်ချုပ်ကြီးဆေထင်၊ အတွင်းရေးမှူး ၁ ဒု ဗိုလ်မှူးကြီးကျော်လှတို့က SSA ဖြစ်ပေါ်လာပုံအကြောင်း ရှင်း လင်းပြောပြခဲ့သည်။ SSPP/SSA ဥကဌကြီး ဒု ဗိုလ်ချုပ်ကြီးပန်ဖ ကမူ SSPP/SSA ၏ ရှေ့ဆက်လုပ်ငန်းစဉ်များနှင့် မူဝါဒသဘောထားများကိုရှင်းပြခဲ့သည်။ သျှမ်းပြည်တပ်မတော် SSA ကို ညောင်ရွှေစော်ဘွားကြီးစ၀်ရွှေသိုက်၏ မဟာဒေ၀ီ စ၀်မယ်နန်းဟိန်းခမ်းက ၁၉၆၄ တွင် စတင်တည်ထောင်ခဲ့သည်။ By Panglong