သျှမ်းပြည်တပ်မတော် SSA တည်ထောင်ခြင်း ၅၃ နှစ်ပြည့်အခမ်းအနား

သျှမ်းပြည်တပ်မတော် SSA တည်ထောင်ခြင်း ၅၃ နှစ်ပြည့်အခမ်းအနားအား သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်ဌာနချုပ် ၀မ့်ဟိုင်းတွင် အခမ်းအနားကျင်းပ


သျှမ်းသံတော်ဆင့်
ဧပြီလ ၂၅ ရက် ၂၀၁၇

ဧပြီလ ၂၄ ရက်တွင်ကျရောက်သော သျှမ်းပြည်တပ်မတော်  SSA တည်ထောင်ခြင်း ၅၃ နှစ်ပြည့်အခမ်းအနားအား သျှမ်းပြည်တိုးတက်ရေး ပါတီ သျှမ်းပြည်တပ်မတော်ဌာနချုပ် ၀မ့်ဟိုင်းတွင် အခမ်းအနားကျင်းပရာ ဒေသတွင်းပြည်သူလူထုနှင့် တပ်မှူးတပ်သားများ စုစုပေါင်း ၁၄၀၀ ကျော်တက်ရောက်ခဲ့သည်။



SSPP/SSA နာယက ဗိုလ်ချုပ်ကြီးဆေထင်၊ အတွင်းရေးမှူး ၁ ဒု ဗိုလ်မှူးကြီးကျော်လှတို့က SSA ဖြစ်ပေါ်လာပုံအကြောင်း ရှင်း လင်းပြောပြခဲ့သည်။

SSPP/SSA ဥကဌကြီး ဒု ဗိုလ်ချုပ်ကြီးပန်ဖ ကမူ SSPP/SSA ၏ ရှေ့ဆက်လုပ်ငန်းစဉ်များနှင့် မူဝါဒသဘောထားများကိုရှင်းပြခဲ့သည်။


သျှမ်းပြည်တပ်မတော် SSA ကို ညောင်ရွှေစော်ဘွားကြီးစ၀်ရွှေသိုက်၏ မဟာဒေ၀ီ စ၀်မယ်နန်းဟိန်းခမ်းက ၁၉၆၄ တွင် စတင်တည်ထောင်ခဲ့သည်။
By Panglong

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

ခရမ်းပြာဂယက်

လင်ကြီးငုတ်တုတ်ရှိလျက် ဖောက်ပြန်တဲ့အမျိုးသမီးကို ဘယ်လို ဥပဒေမျိုးနှင့် အရေးယူသင့်