ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ

#ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ ရှမ်းပြည်နယ်မှာ ကချင်၊ ဝ၊ တအာင်း၊ ရှမ်း၊ ကိုးကန့်၊ အခါ၊ ပအိုဝ်း အစရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းပေါင်း အနဲဆုံး ၈ ဖွဲ့ရှိပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ကျော့ကွင်းမှာဆင်းသက်သွား ပြီး ပြည်သူ့စစ်အသွင်ပြောင်းခဲ့ရတာ၊ အကျိုးစီးပွားလုပ်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ပင်းပြီးဖွဲ့ထားတဲ့ ဒေသခံ တိုင်းရင်းသားနဲ့ တရုတ်လူမျိုးတွေရဲ့ ပြည်သူ့စစ် စသဖြင့် ပြည်သူ့စစ်အင်အားကြီးကြီးငယ်ငယ် အဖွဲ့ပေါင်း ၂၀၀ ကျော်ရှိပါတယ်။ မြန်မာ့တပ်မတော်က စစ်တိုင်းဌာနချုပ် လေးခုနဲ့ ခြေမြန်တပ်မဌာနချုပ် တခု ဖွင့်လှစ်ထားပြီး၊ အားလုံးစုစုပေါင်း တပ်ရင်း ၂၀၀ ကျော် ရှမ်းပြည်နယ်ဒေသအသီးသီးမှာ အခြေချလှုပ်ရှားနေပါတယ်။ (က) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ၁) ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၄) နဲ့ တပ်မဟာ (၆) တို့နဲ့စုဖွဲ့ထားတဲ့ KIO တောင်ပိုင်းတိုင်း ၂) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၃) မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA- ကိုးကန့် ၄) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် - NDAA - မိုင်းလား ၅) ရှမ်းပြည်တိုးတက်ရေးပါ...