ခေါင်းဆောင်ဆိုတာ

✔ Credit - Original Uploader ✔

💥 ဝံပုလွေအုပ်လိုနိုင်ငံ


👹 ရှေ့ဆုံးက ၃ ကောင်က အသက်ကြီးပြီး
အတွေ့အကြုံရှိ လမ်းရှာကျွမ်းတဲ့သူတွေပေါ့..

👹 ဒုတိယနေရာက ၅ ကောင်က
ဝံပုလွေအုပ်ထဲက သန်မာတဲ့တိုက်ခိုက်ရေးသမားတွေ
သူတို့ကတော့ ရှေ့ကနေတိုက်ခိုက်လာမယ့်
ရန်သူတွေကို ပြန်တိုက်ခိုက်ဖို့အတွက် တိုက်ခိုက်ရေးအုပ်ပေါ့ ..

👹 အလယ်က အုပ်စုလိုက်ကြီးကတော့
ဝံပုလွေကလေးငယ်တွေ ၊ ဝံပုလွေမတွေနဲ့
မတိုက်ခိုက်နိုင်တဲ့ကောင်တွေ ဝံပုလွေပြည်သူတွေပေါ့..
သူတို့ကို ရှေ့ကကာကွယ်မယ့်
တိုက်ခိုက်ရေးအုပ်စုနဲ့ နောက်ဘက်မှာ
ဘက်စုံထူးချွန်တဲ့တိုက်ခိုက်ရေးအုပ်တွေကရံထားတယ်..
တိုက်ခိုက်ရေးသမားတွေသာအသေခံသွားမယ်
ဝံပုလွေပြည်သူတွေကိုတော့ အထိမခံဖူး
အသက်ပေးမယ်ဆိုသူတွေဝန်းရံထားတယ်....

👹 ဝံပုလွေပြည်သူတွေနောက်မှာတော့
ဝံပုလွေအုပ်ရဲ့ တိုက်ခိုက်ရေးအကျွမ်းကျင်ဆုံး
အရဲရင့်ဆုံးနဲ့ အသန်မာဆုံးတွေကလိုက်တယ် ..
နောက်ကျောကတိုက်ခိုက်လာတဲ့ရန်သူဟာ
လူတွေမှာကြောက်စရာအကောင်းဆုံးဖြစ်သလို
သူတို့လည်း ဝံပုလွေအုပ်ရဲ့နောက်ကျောကို
ကာကွယ်ဖို့အတွက် အတော်ဆုံးတွေကိုထားထားတယ်...

👹 နောက်ဆုံးက
တစ်ကောင်တည်းကတော့ ခေါင်းဆောင်ပါ
သူ့နောက်မှ ဘယ်သူ့ကိုမှမထားခဲ့ဖူးဆိုတဲ့အဓိပ္ပါယ်ပါ
ဘယ်သူမှနောက်မှာမကျန်စေရဖူး
အဖွဲ့ကို ဘယ်နေရာကနေတိုက်ခိုက်လာသည်ဖြစ်စေ
သူကမားမားမတ်မတ်ရပ်တည်ပေးတယ်
Good Leadership ဆိုတာပေါ့

ဝံပုလွေခေါင်းဆောင်ကိုမြင်ပြီး
ဘာ သွားသတိရလဲဆိုတော့
We Were Soldier ထဲက
ဗိုလ်မှုးကြီးဟဲလ်မိုးကို သတိရသွားတယ်
စစ်မြေပြင်ကို ပထမဆုံးစဝင်တဲ့သူဟာ သူပဲဖြစ်ပြီး
စစ်မြေပြင်ကနေ နောက်ဆုံးမှထွက်ခွာတဲ့
သူဟာလည်း သူကိုယ်တိုင်ပဲဖြစ်ရမယ်
အနောက်မှာ ဘယ်သူ့မှမချန်ထားခဲ့ဖူး ဆိုတာလေးပါ...။

✔ နိုင်ငံတစ်နိုင်ငံရဲ့ခေါင်းဆောင်ဟာလည်း
ဒီလိုဖြစ်နေရမယ်ထင်ပါတယ်
ဝံပုလွေအုပ်ကိုကြည့်ပြီး
အများကြီးဆင့်ပွားတွေးနိုင်ကြပါစေ...

😃  :-D



#မိုးကြိုး_Strike_Fighter

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

လင်ကြီးငုတ်တုတ်ရှိလျက် ဖောက်ပြန်တဲ့အမျိုးသမီးကို ဘယ်လို ဥပဒေမျိုးနှင့် အရေးယူသင့်

ရန်ကုန်မြို့ ရှိ ဗလီ များ စာရင်း