RCSS ကြောင့် ရှမ်းတွေကို တိုင်းရင်းသားတွေ မုန်းရလိမ့်မယ်

RCSS ကြောင့် ရှမ်းတွေကို တိုင်းရင်းသားတွေ မုန်းရလိမ့်မယ် ဒီလိုစာ မရေးချင်တာတော့ အမှန်ပါ။ အကြောင်းအရင်းက အောက်တန်းကျသောတိုင်းရင်းသားတွေရဲ့ စိတ်ဓာတ်နဲ့ မိမိရဲ့ page မှာမဖော်ပြလိုပါ။ လူမျိုးကြီးဝါဒဆန်ပြီး နိုင်ငံကို အလွဲသုံးစားလုပ်နေတဲ့ စစ်အဏာရှင်တွေကိုသာ မိမိဝေဖန်လေ့ရှိသည်။ သို့သော် အကြောင်းအမျိုးကြောင့် ဒီလိုစာမရေးရင် မှားနေတာတွေ အမှန်ဖြစ်သွားမှာကို မလိုလားသောကြောင့် ရေးခြင်းဖြစ်သည်။ RCSS ဟာ ရှမ်းမြောက်ကို ဗမာစစ်တပ်ရဲ့ အကူအညီမပါဘဲနဲ့ ဘယ်လိုပုံစံနဲ့မှ ရောက်ဖို့ မဖြစ်နိုင်ပါ။ မိုင်ပေါင်းထောင်ချီတဲ့နေရာဒေသကို တောတောင်များကျော်ဖြတ်တာဟာ လမ်းလျှောက်ရင်ဖြင့် လချီလောက်ထိ လျှောက်ရပါမယ်။ ဒါကြောင့် RCSS ဟာ ဗမာ့စစ်တပ်က ညွန်ကြားခြင်းအတိုင်း သွားနေသည်ကို ဘယ်တိုင်းရင်းသားမှ ယုံမှားဖွယ်မရှိပါ။ ကျွန်တော်သည် တအာင်းစစ်စစ်ဖြစ်သော်ငြားလည်း တအာင်းမှားရင် ကျွန်တော်ဝေဖန်ထောက်ပြခဲ့ပါတယ်။ သို့သော် ရှမ်းတွေက RCSS လုပ်ပုံကိုင်ပုံ လူ့အခွင့်အရေးချိုးဖောက်မှုကို မမြင်ချင်ဟန်ဆောင်သည်မှာ အင်မတန်စိတ်ပျက်ဖွယ်ကောင်းလှသည်။ ရှမ်းလူမျိုးတွေဟာ ဗမာတွေထက် လူမျိုးကြီးဆန်တယ်လို့ တိုင်းရင်းသားအများစုက ဆိုကြပါတယ်။ ရှမ်ြး...