အိမ်အကူမိန်းကလေး နှစ်ဦးကို ပိတ်လှောင်ထားသည့် အမျိုးသားကို အမှုဖွင့်

အိမ်အကူမိန်းကလေး နှစ်ဦးကို ပိတ်လှောင်ထားသည့် အမျိုးသားကို အမှုဖွင့်


02-May-2017

အသက် ၁၈ နှစ်နှင့် ၁၆ နှစ်အရွယ် မိန်းကလေးနှစ်ဦးအား နေအိမ်အကူအဖြစ် စေခိုင်းရန် ခေါ်ဆောင်ထားပြီး ကျာက်တံတားမြို့နယ်ရှိ နေအိမ်၌ သော့ခတ်ပိတ်လှောင်ထားသည့် အမျိုးသားကို ယင်းမြို့နယ် မြို့မရဲစခန်းမှ (ပ) ၁၇၁/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၄၂ ဖြင့် မေလ ၁ ရက်နံနက်ပိုင်းက အမှုဖွင့်ထားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ညောင်ဦးမြို့နယ်တွင် နေထိုင်သူ အသက် ၁၈ နှစ် မိန်းကလေးနှင့် အသက် ၁၆ နှစ် မိန်းကလေးတို့သည် ဧပြီလ ၃၀ ရက် ညနေပိုင်းက ပွဲစားမှတစ်ဆင့် နေအိမ်အကူအဖြစ် လုပ်ကိုင်ရန် ရောက်ရှိလာရာ နေအိမ်ပိုင်ရှင်အမျိုးသားက သေသေချာချာကြည့်၍ “ငါပြန်လာလျှင် နင်တို့နှစ်ယောက် ငါနှင့်အတူ အိပ်ရမည်” ဟု ပြောဆိုပြီး နေအိမ်တိုက်ခန်း တံခါးအား သော့ခတ်ပိတ် ထွက်သွားစဉ် ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီ တောင်းရာမှ လွတ်မြောက်ခဲ့ပြီး ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကောင်မလေးတွေကို ပွဲစားက တစ်ယောက်ကို တစ်လတစ်သိန်းနဲ့ ထားခဲ့တာ၊ အိမ်ရှင်ရဲ့အမျိုးသားရဲ့ အကြည့်နဲ့ အမူအရာကိုကြည့်ပြီး ကောင်မလေးတွေ ကြောက်ရွံ့သွားလို့ သူတို့က ဆက်မလုပ်ရဲတော့ဘူး၊ ပြီးတော့ အိမ်ရှင်အမျိုးသားက နင်တို့နှစ်ယောက်က ငါပြန်လာလျှင် ငါနဲ့အတူအိပ်ရမယ်လို့ ထပ်ပြောသွားတယ်လို့ သိရတယ်၊ ပြီးတော့ တိုက်ခန်းအပြင်ဘက်ကနေ တံခါးကို သော့ခတ်ပိတ်ထားခဲ့လို့ နောက်ဘေးတံခါးကနေ ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီ တောင်းခဲ့တာပါ” ဟုကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

နေအိမ်အကူအဖြစ် စေခိုင်းရန် ခေါ်ဆောင်ပြီး သော့ခတ်ပိတ်လှောင်ထားသူမှာ ကျောက်တံတားမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ၃၈ လမ်း(အလယ်) ဘလောက်တွင် နေထိုင်သူ ဦးမောင်မောင်သန်း(ခ)ကာစင်ဖြစ်ပြီး ယင်းတိုက်ခန်းတွင် တစ်ဦးတည်း နေထိုင်သည်ဟု ယူဆရကြောင်း၊ မိန်းကလေးနှစ်ဦးကို သော့ခတ်ပိတ်လှောင်ထားမှုနှင့် ပတ်သက်၍ ၎င်းကို အမှုဖွင့်စုံစမ်းရှာဖွေလျက် ရှိပြီး၊ တိုက်ခန်းအတွင်း ပိတ်လှောင်ခံရသည့် မိန်းကလေးနှစ်ဦးအား ကျောက်တံတား မြို့မရဲစခန်းတွင် ခေါ်ယူစောင့်ရှောက်ထားကာ ၎င်းတို့၏ မိသားစုနှင့် အဆက်အသွယ်ရရှိရန် ဆောင်ရွက်နေကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။        

#The Voice

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

ခရမ်းပြာဂယက်

လင်ကြီးငုတ်တုတ်ရှိလျက် ဖောက်ပြန်တဲ့အမျိုးသမီးကို ဘယ်လို ဥပဒေမျိုးနှင့် အရေးယူသင့်