တအာင်းတပ်မတော်နှင့်မြန်မာ့တပ်မတော်တို့ တိုက်ပွဲ

=================================
(၂)ကြိမ် ထပ်မံဖြစ်ပွား
==============
၂၀၁၇ ခုနှစ် မေလ ၆ ရက်
တအာင်းဒေသ၊ တပ်မဟာ ၁ နယ်မြေ၊ မန်တုံမြို့နယ်နှင့် တပ်မဟာ ၃ နယ်မြေ၊ နမ္မတူမြို့နယ်တို့၌ ယနေ့ မေလ ၆ ရက်နေ့တွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့သည်။
နေ့လည် ၁၂း၀၀ နာရီမှ ၁၃း၀၀ နာရီအချိန်ထိ တပ်မဟာ ၃ နယ်မြေ၊ နမ္မတူမြို့နယ် ပန်စန့်ကျေးရွာ အနီးတွင် တအာင်းတပ်မတော် တပ်ရင်း ၇၆၅ နှင့် မြန်မာ့တပ်မတော် တပ်မ (၃၃) တို့ ကလည်းကောင်း၊ ညနေ ၁၆း၁၅ နာရီအချိန်မှ ၁၉း၀၀ နာရီအချိန်ထိ တပ်မဟာ ၁ နယ်မြေ မန်တုံမြို့နယ်၊ ၀ိန်းပတ်ကျေးရွာအနီးတွင် လည်းကောင်း တအာင်းတပ်မတော် တပ်ရင်း ၄၇၈ နှင့် မြန်မာ့တပ်မတော် တပ်မ (၈၈) တို့လည်းကောင်း အသီးသီးရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။
နမ္မတူမြို့နယ်၊ ပန်စန့်ကျေးရွာအနီး တိုက်ပွဲတွင် မြန်မာ့တပ်မတော် စီးနင်းလာသည့် ကား ၂ စီးသည် တအာင်းတပ်မတော် ပစ်လိုက်သည့် ပခုံးထမ်းလောင်ချာ RPG ထိမှန်မှုကြောင့် တစ်စီး တိမ်းမှောက်ကာ တစ်စီး မီးလောင်ပျက်စီး သွားသည်။
ဝိန်းပတ် အနီး တိုက်ပွဲတွင် တိုက်ပွဲ ည ၁၉း၀၀ နာရီအချိန် ပြီးသွားသော်လည်း မြန်မာ့တပ်မတော်သည် မိုင်းဝီးတပ်စခန်း၊ မန်တတ်တပ်စခန်းမှ နေ၍ ၁၂၀ မမ ဖြင့် ၀ိန်းပတ် ကျေးရွာဖက်သို့ ယခုအချိန်ထိ ပစ်ခတ်နေဆဲ ဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
#PSLF/TNLA

Comments
Post a Comment