RCSS ကြောင့် ရှမ်းတွေကို တိုင်းရင်းသားတွေ မုန်းရလိမ့်မယ်

RCSS ကြောင့် ရှမ်းတွေကို တိုင်းရင်းသားတွေ မုန်းရလိမ့်မယ်

ဒီလိုစာ မရေးချင်တာတော့ အမှန်ပါ။ အကြောင်းအရင်းက အောက်တန်းကျသောတိုင်းရင်းသားတွေရဲ့ စိတ်ဓာတ်နဲ့ မိမိရဲ့ page မှာမဖော်ပြလိုပါ။ လူမျိုးကြီးဝါဒဆန်ပြီး နိုင်ငံကို အလွဲသုံးစားလုပ်နေတဲ့ စစ်အဏာရှင်တွေကိုသာ မိမိဝေဖန်လေ့ရှိသည်။

သို့သော် အကြောင်းအမျိုးကြောင့် ဒီလိုစာမရေးရင် မှားနေတာတွေ အမှန်ဖြစ်သွားမှာကို မလိုလားသောကြောင့် ရေးခြင်းဖြစ်သည်။

RCSS ဟာ ရှမ်းမြောက်ကို ဗမာစစ်တပ်ရဲ့ အကူအညီမပါဘဲနဲ့ ဘယ်လိုပုံစံနဲ့မှ ရောက်ဖို့ မဖြစ်နိုင်ပါ။ မိုင်ပေါင်းထောင်ချီတဲ့နေရာဒေသကို တောတောင်များကျော်ဖြတ်တာဟာ လမ်းလျှောက်ရင်ဖြင့် လချီလောက်ထိ လျှောက်ရပါမယ်။ ဒါကြောင့် RCSS ဟာ ဗမာ့စစ်တပ်က ညွန်ကြားခြင်းအတိုင်း သွားနေသည်ကို ဘယ်တိုင်းရင်းသားမှ ယုံမှားဖွယ်မရှိပါ။

ကျွန်တော်သည် တအာင်းစစ်စစ်ဖြစ်သော်ငြားလည်း တအာင်းမှားရင် ကျွန်တော်ဝေဖန်ထောက်ပြခဲ့ပါတယ်။ သို့သော် ရှမ်းတွေက RCSS လုပ်ပုံကိုင်ပုံ လူ့အခွင့်အရေးချိုးဖောက်မှုကို မမြင်ချင်ဟန်ဆောင်သည်မှာ အင်မတန်စိတ်ပျက်ဖွယ်ကောင်းလှသည်။

ရှမ်းလူမျိုးတွေဟာ ဗမာတွေထက် လူမျိုးကြီးဆန်တယ်လို့ တိုင်းရင်းသားအများစုက ဆိုကြပါတယ်။ ရှမ်းပြည်မှာ ရှမ်းလူမျိုးတွေဟာ အများဆုံးဖြစ်ပါတယ်။ သို့သော် ကျန်တဲ့တိုင်းရင်းသားတွေ ပေါင်းရင် ရှမ်းထက် များမယ်ဆိုတာကိုတော့ မမေ့သင့်ပါ။

ယခုဆိုရင် RCSS၏ လုပ်ရက်တွေကြောင့် ရှမ်းလူမျိုးတွေကို ရှမ်းပြည်က လူတွေ သိပ်မကြည်တော့ပါ။ RCSS ဟာ ဗမာ့အားကိုးဖြင့် ဖင်ယားနေခြင်းဟာ ရှမ်းလူမျိုးများအတွက် ကောင်းသော အလားအလာမရှိနိုင်ပါ။ RCSS ကို ဝ အဖွဲ့က တစ်ကြိမ် ပညာပေးလိုက်ပီဖြစ်ပါတယ်။ ယခုဆိုရင်လည်း တအာင်းက ဆက်ပီး ပညာပေးနေပါတယ်။

RCSS ဟာ အင်အားများပြီး ယုံကြည်ရသည်ဟု ရှမ်းအချို့မှု စိတ်ကြီးဝင်နေကြသည်။ အမှန်မှာ RCSS နဲ့ TNLA ဟာ အင်းအား ပခုံးချင်းယဉ်ပြိုင်နိုင်သည့် စွမ်းအားရှိသည်။ သို့သော် RCSS ကမှု ဗမာပေးလက်နက်များဖြင့် ဆက်လက်စိတ်ကြီးဝင်သည်မှာ အင်မတန်ဝမ်းနည်းဖွယ်ကောင်းလှသည်။ RCSS ကို ထောက်ခံသော ရှမ်းလူမျိုးများကမှု တစ်ချိန်တွင် လူတော့တိုးနိုင်လိမ့်မည်မဟုတ်ပါ။

ယခုတွင်မှု RCSS က လောဘီတွေ ဗမာ့စစ်တပ်အားကိုးနဲ့ လိုင်းပေါ်တွင် TNLA ကို အပြစ်ရှင်းနိုင်လိမ့်ဟာ သတင်းများလွင့်ကြသည်။ ထိုသည်မှာလည်း စိတ်ဆိုးစရာ မဟုတ်။ အချိန်တိုအတွင်း အင်းအားအများကြီး စုဆောင်းနိုင်ခဲ့တဲ့ TNLA ကို မနာလိုသည့် စကားများပင်ဖြစ်သည်။

သို့သော် သတိပေးရန်လိုသည်မှာ ရှမ်းပြည်တွင် RCSS တစ်ဖွဲ့တဲ့ ကျားကြီးဖြစ်နေသည်မဟုတ်ပါ။ ဗမာ့အားကိုးဖြင့် လေလုံးများ မကြီးရန် အထူးလိုအပ်သည်။

TNLA တွင်မှု စကားသိပ်များပဲ လက်တွေ့လုပ်သည့် အဖွဲ့ဖြစ်သည်။ သွေးသောက်ညီအစ်ကိုများဖြစ်တဲ့ ဝ၊ ကိုးကန့်၊ မိုင်းလား၊ ကချင်၊ ရခိုင်တို့နဲ့ ဟာ အင်မတန်ရင်းနှီးသော မဟာမိတ်များဖြစ်ကြသည်။

သို့သော် ဗမာ့အားကိုးဖြင့် ဖင်ယားနေသည့် RCSS လော်ဘီများ စာရေးရင် ဦးနှောက်သုံးစာများ ရေးသားကျပါရန်

လေးစားစွာဖြင့်- လက်ဖက်တောင်တန်း

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

ခရမ်းပြာဂယက်

လင်ကြီးငုတ်တုတ်ရှိလျက် ဖောက်ပြန်တဲ့အမျိုးသမီးကို ဘယ်လို ဥပဒေမျိုးနှင့် အရေးယူသင့်