မန်မာနိုင်ငံ ရဲ့ ကိုယ်ပိုင် ဂြိုဟ်တု လွင့်တင်နိုင်ဖို့ ၂၀၁၈ မှာလုပ်ငန်းစမယ်
ဂြိုဟ်တုစနစ်တည်ထောင်ရေး လုပ်ငန်းကောာမတီအစည်းဝမှာဒုသမ္မတဦးမြင့်ဆွေက ပြောခဲ့ပါတယ်။
ဂြိုဟ်တု ဆက်သွယ်ရေး လုပ်ငန်း တွေမှာ နိုင်ငံခြားပိုင် ဂြိုဟ်တု ကိုပဲ ငှားရမ်းအသုံးပြုနေရတဲ့ မြန်မာနိုင်ငံ မှာ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ဖို့အတွက် ၂၀၁၈ ခုနှစ်မှာ
လုပ်ငန်းစတင်သွားမယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောလိုက်ပါတယ်။ုနေပြည်တော် မှာ ဧပြီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ပိုင် ဂြိုဟ်တု စနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ်လုပ်ငန်းန်းညှိနှိုင်းအစည်းအဝေးမှာ ဒုသမ္မတက အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

“၂၀၁၈၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ဘတ်ဂျက်လျာထားပြီး အကျိုးအမြတ်တွက်ချက်ကာ ဆောင်ရွက်သင့်သည်များကိုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဦးမြင့်ဆွေက ပြောပါတယ်
နိုင်ငံပိုင်ဂြိုဟ်တု လွတ်တင်ဖို့ အတွက် လိုအပ်မယ်ဆိုရင် မြန်မာနိုင်ငံ အာကာတအေဂျင်စီတရပ်ဖွဲ့စည်း တည်ထောင်ဖို့ လမ်းညွှန်သွားမှာဖြစ်ကာ နည်းညာနဲ့ လုံခြုံရေး အားကောင်းတဲ့ ဂြိုဟ်တု နဲ့ ချိတ်ဆက်လုပ်ဆောင်ရင် အကျိုးများစွာရရှိမည်ဖြစ်ကာ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဂြိုဟ်တုစနစ်ကို အပြည်ပြည်ဆိုင်ရာ တယ်လီဖုန်းဆက်သွယ်ရေးနဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်မှုအတွက် ၁၉၇၉ ခုနှစ်ကနေ စတင်အသုံးပြုခဲ့ပြီး ဒီနေ့အထိ နိုင်ငံခြား
ပိုင် ဂြိုဟ်တု တွေကိုပဲ ငှားရမ်းသုံးစွဲနေရတယ်လို့ နိုင်ငံတော်သမ္မတရုံးမှတ်တမ်းတွေအရ သိရပါတယ်။အရင်း ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း ကိုယ်ပိုင် ဂြိုဟ်တု လွှတ်တင်နိုင်ရေးအတွက် ကော်မတီ တွေ ဖွဲ့စည်းပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ် အကောင်အထည်မပေါ်ခဲ့ပါဘူး။ အိမ်နီးချင်း လာအိုနိုင်ငံက တရုတ်နဲ့ပူးပေါင်းပြီး သူတို့ရဲ့ ပထမဆုံးဂြိုဟ်တုကို ၂၀၁၅ ခုနှစ်အတွင်း လွှတ်တင်နိုင်ခဲ့ပါတယ်။

Credit:7daydaily
Comments
Post a Comment