သထုံတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်နေ

သထုံတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် သဘာဝဓာတ်ငွေ့နှင့်
 စွန့်ပစ်အပူသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်နေ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲


သထုံ  ၊  မေ  ၊  ၎

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား
ထုတ်လုပ်ရေး လုပ်ငန်းမှ မွန်ပြည်နယ်၊ သထုံမြို့နယ်၊
 ကြာပန်းကျေးရွာရှိ သထုံ ဓာတ်အားပေးစက်ရုံဝင်းအတွင်း ကမ္ဘာဘဏ်ချေးငွေ ဒေါ်လာ သန်း ၁၄၀ ဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှု ပမာဏ ၁၁၈.၉ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေး စက်ရုံ တစ်ရုံကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားမလုံလောက်မှုနဲ့
 ပြတ်တောက်မှုတွေ ကိုကြုံတွေ့နေရတယ်။ ဒါတွေကို အသက်သာဆုံးဖြစ်အောင် လျော့နည်း သွားအောင်
တည်ဆောက်ရခြင်းဖြစ်ပါတယ်။ စီမံကိန်းကို ၂၀၁၆ ဇန်န၀ါရီလလောက်က စတယ် လက်ရှိအချိန်မှာတော့ စက်ရုံ
အဆောက် အဦက ပြီးတော့မယ် ဒါပြီးရင် ဇွန်လ လောက်မှာ စက်အရံပစ္စည်းတွေ ဒီကိုသယ်တော့မယ်။ စီမံကိန်း တစ်ခုလုံး ဆိုရင်တော့ ၂၀၁၈ နှစ်ဆန်း ပိုင်းလောက် ပြီးဖို့ မျှော်မှန်းထားပါတယ် ဒီစီမံကိန်းကို ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ
သန်း ၁၄၀ နဲ့ တည်ဆောက် နေတာဖြစ်ပါတယ်” ဟု သထုံ သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံမှ အင်ဂျင်
နီယာမှူး ဦးကျော်သက် က ပြောသည်။


သထုံသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး
အတွက် လေထုထဲသို့ ဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏ၊
ဆူညံသံထုတ်လွှတ်မှု အဆင့်တို့ကို ကမ္ဘာ့ဘဏ်၏
စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်ထားပြီး စက်ရုံမှ ထွက်သည့် ရေဆိုး၊ ရေညစ်များကို ရေသန့်စင်
စက်ဖြင့် ပြန်လည်သန့်စင်ကာ ထွက်လာသည့် ရေသန့်များကို စက်ရုံအတွင်း ပြန်လည် အသုံးပြုသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။


စက်ရုံတွင် ပြင်သစ်နိုင်ငံထုတ် ဓါတ်ငွေ့တာဘိုင် နှစ်လုံး၊
တရုတ်နိုင်ငံထုတ် ဘွိုင်လာ နှစ်လုံးနှင့် ရေနွေး ငွေ့တာဘိုင် တစ်လုံးတို့ကို တပ်ဆင် သွားမည်ဖြစ်ပြီး စုစုပေါင်း ဓာတ်အားထုတ်လုပ်နိုင်မှု ၁၁၈.၉ မဂ္ဂါဝပ် ရှိကာ စက်ရုံမှ ထွက်သည့် ဓါတ်အားများကို ၂၃၀ ကေဗီနှင့် မဟာဓါတ်အားလိုင်းများသို့ ပေးပို့ ထည့်သွင်း သွားမည်ဖြစ်ကြောင်း စက်ရုံသစ် ပြီးစီးသွားပါက လက်ရှိလည်ပတ်လျှက်ရှိသည့် သထုံသဘာဝ ဓာတ်ငွေ့ သုံးစက်ရုံအား အရံအဖြစ် ထားရှိသွားမည်
 ဖြစ်ကြောင်း သိရသည်။



သက်ဦး(သထုံ)

Credit : MOI

စိုးမိုး

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

ခရမ်းပြာဂယက်

ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD ဇာတ်ကားများကိုရိုက်ကူးရောင်းချသူများကိုသက်သေခံ ပစ္ဓည်းများနှင့်အတူဖမ်းဆီးရမိ