မြန်မာသံရုံးပက်စပိုစ့်ထုတ်ပေးရေးဌာနအားမကိုးနဲ့ မှားသွားမယ်
မြန်မာသံရုံးပက်စပိုစ့်ထုတ်ပေးရေးဌာနအားမကိုးနဲ့ မှားသွားမယ်
မောင်/မယ်တို့ရေ၊ ကျနော် ဦးငယ်တစ်ယောက် ပက်စပိုစ့်သွား
လျှောက်တာ ၀ါဆိုတော့မယ်အခုထိ ပက်စပိုစ့်အရိပ်ယောင်မမြင်ရ..
.ပန်းရောင်ဘတ်သက်တမ်းက ကုန်တော့မယ်..ကျနော်ဦးငယ်လို့
ကြုံနေရသူတွေ ဒုနဲ့ဒေးရှိတယ် ။
===========================================
၆ နှစ်ပြည့်ယာယီစာအုပ်အနီသမားတွေ အတွက်သတိထားသင့်
တာလေးပြောပြမလို့ ပါ ။
၆ နှစ်ပြည့်စာအုပ်အနီသမားတွေထဲမှာ တချို့ က စာအုပ်ထဲမှာဗီဇာသက်တမ်း ရှိသေးတယ်ဆိုပြီး မှီမယ်ထင်လို့ မြန်မာသံရုံးမှာစာအုပ်လဲဖို့ အတွက် နိုင်ငံသားစီစစ်ထားတဲ့သူတွေရှိပါတယ် ။ မြန်မာသံရုံးကစာအုပ်က ဗီဇာသက်တမ်းကုန်ခါနီးအထိ စာအုပ်မထွက်လာလို့  မြန်မာပြည်မှာ စာအုပ်သွားထုတ်တဲ့သူတွေကို မြန်မာပြည်က ပတ်စပို့ စာအုပ်ထုတ်တဲ့ရုံးတွေက ဘန်ကောက်မြန်မာသံရုံးမှာနိုင်ငံသားစီစစ်ထားတဲ့အတွက် စာအုပ်ပျောက်
ဒဏ်ကြေးဆိုပြီး ဒဏ်ငွေ ၁၅၀၀၀၀ ကျပ် ရိုက်နေပါတယ် ။
ယာယီနိုင်ငံကူးစာအုပ်အနီ ၉ လပိုင်းမှာ ၆ နှစ်ပြည့်ဗီဇာသက်တမ်းကုန်မယ် ။ မြန်မာသံရုံးမှာ ၂ လပိုင်းကနိုင်ငံသားသွားစီစစ်ထားတယ် ။ နာမည်စာရင်းမကျလာသေးဘူး ။ စာအုပ်မထွက်လာသေးဘူး ။ စာအုပ်မထုတ်ရသေးဘူး ။ မနှစ်က ၂၀၁၆ ခုနှစ် ၁၀ လပိုင်းကလုပ်ထားတဲ့သူတွေတောင် ခုချိန်အထိစာအုပ်တွေထွက်မလာဘူး ။ ၇ လရှိနေပြီ ။ စောင့်နေရင်ဗီဇာသေသွားမှာစိုးလို့ မြန်မာပြည်မှာစာအုပ်သွားထုတ်တယ် ။ ဒီလိုလူတွေကို ဘာကြောင့်မြန်မာပြည်ကပတ်စပို့ ရုံးတွေက ဒဏ်ငွေရိုက်ရတာလဲ ။ မြန်မာသံရုံးမှာ နိုင်ငံသားစီစစ်ထားရုံလေးနဲ့ ဒဏ်ငွေ ၁၅၀၀၀၀ တောင်ဆောင်ခိုင်းတယ်ဆိုတာမဖြစ်သင့်ဘူးလို့ ထင်ပါတယ်။
နောက်တချက်ရှိပါသေးတယ် ။ မြန်မာပြည်ကပတ်စပို့ ရုံးတွေမှာ နိုင်ငံသားစီစစ်ပြီးလို့ ရှိရင် အရင်ကစာအုပ်ထုတ်ဖူးတယ် စာရင်းရှိနေတယ် ဆိုပြီး ဒဏ် ငွေ ၁၅၀၀၀၀ သွင်းနေရတဲ့သူတွေအများကြီးရှိနေပါတယ် ။ ကာယကံရှင်တွေကိုမေးကြည့်လိုက်ရင် ဘယ်တုန်းကမှစာအုပ်မထုတ်ဖူးတဲ့သူတွေ ၊ ဘယ်ပတ်စပို့ ရုံးမှမသွားဖူးတဲ့သူတွေပါ ။ တချို့ ဆိုမှတ်ပုံတင်တောင်မရှိလို့ ရွာမှာခုမှသွားလုပ်လာပြီး မှတ်ပုံတင်ရလာတာနဲ့ စာအုပ်သွားထုတ်တာတောင် စာအုပ်ထုတ်ဖူးတယ်ဆိုပြီးဒဏ်ငွေရိုက်နေတာပါ ။ တကယ်ဆိုရင်စာအုပ်မထွက်လာတဲ့အတွက် အကြောင်းပြချက်ရှိရပါမယ် ။ ကျွန်မတို့ မြန်မာသံရုံးမှာစာအုပ်သွားထုတ်ရင်ဘာကြောင့်မကျလာသလဲ ။ အဖြေရှိပါတယ် ။ မှတ်ပုံတင်နံပတ်မှားသလား ။ဖောင်ဖြည့်တုန်းကမှားသွားလို့ လား ။ ဒါမှမဟုတ် ၀န်ထမ်းတွေ စာရင်းတင်တဲ့နေရာမှာကျန်သွားလို့ လား ။ မှားနေတာကိုပြန်ပြင်ပြီးအသစ်ပြန်လျှောက်လို့ ရပါတယ် ။ စာအုပ်အရင်ကထုတ်ဖူးလို့ လား ။ ဘယ်မြို့ မှာထုတ်ဖူးတာလဲ ။ ဘယ်နေ့ကထုတ်ထားတာလဲ ။ဘာကြောင့်ဆိုတာအကုန်သိရပါတယ် ။ မေးလို့ရပါတယ် ။ သေချာမှဒဏ်ငွေ ဘတ် ၂၃၀၀ ဆောင်ပြီးစာအုပ်ထုတ်ရပါတယ် ။ ခုက ဘာကြောင့်မှန်းမသိ စာအုပ်ထုတ်ဖူးတယ်ဆိုပြီးဒဏ်ငွေဆောင်နေရတာပါ ။ အလုပ်သမားတွေမှာစာအုပ်ကလဲမထုတ်လို့ မရတော့တောင်းသမျှပေးနေရတာပါဘဲ ။
ပြောချင်တာက ကျွန်မတို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေအပေါ် စာနာစိတ်နဲ့ သက်သက်ညှာညှာ လုပ်ပေးစေချင်ပါတယ် ။ အလုပ်သမားတွေက ပိုက်ဆံကိုလွယ်လွယ်နဲ့ ရထားတာမဟုတ်ပါဘူး ။ ရိုင်းရိုင်းပြောရရင် ပင်ပင်ပန်းပန်း သူများနိုင်ငံမှာ ကျွန်ခံပြီးရှာထားရတာပါ ။ ဒဏ်ငွေ ၁၅၀၀၀၀ ( ဘတ် ၄၀၀၀ ) ဆိုတဲ့ပမာဏက အလုပ်သမားတွေအတွက်မနည်းပါဘူး ။ အလုပ်သမားတွေကိုသနားသင့်ပါတယ် ။ အလုပ်သမားတွေမှာ ပတ်စပို့ ကိစ္စနဲ့ အချိန်ကုန် ငွေကုန် လူပန်း စိတ်ဒုက္ခ ရောက်နေရတာအမြဲတမ်းလိုဘဲဖြစ်နေပါပြီ ။
ထိုင်းမှာရှိနေတဲ့အလုပ်သမားတွေက မြန်မာသံရုံးမှာ ၆ လကြာတဲ့အထိစာအုပ်မထွက်လာလို့ ဗီဇာသေသွားမှာစိုးလို့ မြန်မာပြည်မှာသွားလုပ်ရတာပါ ။ မြန်မာသံရုံးမှာစာအုပ်ထုတ်ရင် ၃၅၀၀-၄၀၀၀ လောက်ကုန်မယ့်နေရာမှာမြန်မာပြည်သွားရတဲ့အတွက် နှစ်ဆတိုးပြိး ၇၀၀၀-၈၀၀၀ ကျော်လောက် ကုန်ပါတယ် ။ မြန်မာပြည်မှာ စာအုပ်သွားထုတ်ဖို့ အတွက် ကလဲ ဝေါ့ပါမစ်ရှိဖို့ လိုပါသေးတယ် ။ ဝေါ့ပါမစ်မရှိတဲ့ သေနေတဲ့ အလုပ်သမားကတရားဝင်တံတားပေါ်ကသွားမရတဲ့အတွက် ခိုးပြန်ရတာပါ ။ ပြန်လာရင်လဲဝေါ့ပါမစ်မရှိတဲ့အတွက် လမ်းကထိုင်း စစ်တပ်ဂိတ် သောမောဂိတ်တွေမှာ တဂိတ်ကို ၁၅၀၀-၂၀၀၀ ပေးပြီးပြန်တက်ရပါတယ် ။ ဒီ စာအုပ်ရလာပြီးရင် ဝေါ့ပါမစ်လုပ်ဖို့ အတွက် ၂၀၀၀-၃၀၀၀ ထပ်ကုန်ပါတယ် ။ ဘတ် ၁၀၀၀၀ ကျော်အကုန်ခံရတဲ့ ဒီစာအုပ်ကလဲ ဗီဇာနဲ့ ဝေါ့ပါမစ်ကို ထိုင်းဘက်က ၃၁.၃.၂၀၁၈ အထိဘဲပေးပါတယ် ။ ၁၂ လပိုင်းလောက်ဆိုရင် သက်တမ်းပြန်ဆက်ဖို့ အတွက် ပိုက်ဆံပြန်ကုန်ကြရဦးမှာပါ ။ ဘယ်လိုတော်ရမှာလဲ ဘယ်လောက်ကုန်ကြမှာလဲဆိုတာဘယ်သူမှမသိသေးပါဘူး ။ ဘယ်လိုတွက်တွက် ၅၀၀၀ ကျော်ကတော့အနည်းဆုံးကုန်ကြမှာပါဘဲ ။ အဲ့ဒီတော့အလုပ်သမားတယောက်ထိုင်းမှာလုပ်လို့ ရတဲ့ပိုက်ဆံက စာအုပ်ဖိုး ဗီဇာဖိုး ဝေါ့ပါမစ်ဖိုး တွေနဲ့ ကုန်နေကြရတာပါ ။
ထိုင်းနိုင်ငံမှာလာလုပ်နေရလို့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေအပေါ်မှာ အမြတ်ကြီးစားတယ် ။ ခေါင်းပုံဖြတ်တယ် ဆိုတာလက်ခံနိုင်ပါသေးတယ် ။ ဘာလို့ ကျွန်မတို့ နိုင်ငံ ကျွန်မတို့ အစိုးရတာဝန်ရှိသူတွေက ကိုယ့်လူမျိုး အလုပ်သမားတွေအပေါ်မှာမသက်ညှာပေးနိုင်ရတာလဲ ။ ထိုင်းမှာရှိနေတဲ့ ကိုယ့်လူမျိုးတွေကို ရေနစ်သူဝါးကူထိုးဆိုသလိုမျိုးကတော့မလုပ်စေချင်ပါဘူး ။ ဥပဒေလို့ လဲ မပြောစေချင်ပါဘူး ။ ဥပဒေ ဆိုတာ လူကလုပ်တာပါ ။ ဥပဒေရှိတယ်ဆိုရင်တောင် ပြင်ပေးသင့်တယ်လို့ ထင်ပါတယ် ။
ကိုယ့်နိုင်ငံသား ကိုယ့်လူမျိုးတွေ သူများနိုင်ငံမှာဘယ်လိုမျက်နှာငယ်ရတယ် ။ ဘယ်လောက်ဒုက္ခရောက်ကြရသလဲ ။ ဘယ်လိုအခက်အခဲတွေရှိသလဲ ဆိုတာကို နေ့ တိုင်းမြင်နေ ကြားနေရတဲ့သူအနေနဲ့ ထိုင်းရောက်အလုပ်သမားတွေဘက်ကနေပြီး မနေနိုင်လို့ ပြောပါတယ် ။ အားလုံးသိထားသင့်
တယ်ထင်လို့ လဲပြောပြတာပါ ။
© Copyright by Moe Khaing
Comments
Post a Comment