လစာ​ပေးထားရဲ့သားနဲ့ မတင်းတိမ်​ဘဲ ဒီလိုခိုးတာက ပြည်​သူနဲ့နိုင်​ငံ​တော်​ကို သစ္စာ​ဖောက်​တာပဲ


ကွီးဖြိုးက YBS အတွက်အသုံးပြု ဖို့ ချပေးထားတဲ့ ဘက်ဂျက်
ဘီလီယံ ၇၀ ( သန်းပေါင်း ၇၀,၀၀၀) ကို ဧရာဝတီဘဏ်အကောင့်ထဲ ထည့်ပြီး အတိုးထုတ်စားနေတယ်လို့ ဖွနေတာလေးတွေ့တော့ အဲ့ငပိန်းတွေကို  နည်းလေးပေးချင်တယ်။
အစိုးရအဖွဲ့ သုံးဖို့ချပေးတဲ့ ဘက်ဂျက်ကို ဗဟိုဘဏ်ကလွဲပြီး
အခြားဘဏ်တွေမှာ အစိုးရအဖွဲ့အနေနဲ့ အကြောင်းပြချက်မရှိပဲ ကြာရှည်အပ်လို့မရပါဘူး။
တကယ်လို့ အပ်တာသေချာရင် ဘဏ်တိုးစားနေတာမှန်ရင် အထောက်အထားနဲ့ တိုင်လိုက်ပါ။
ကျတော်ပါ ချက်ချင်းအရေးယူနိုင်အောင် ဝိုင်းကူညီပေးပါ့မယ်။
မတိုင်တတ်ရင် ဘယ်လိုတိုင်ရလဲသိအောင် အရင်
ပဲခူးတိုင်း ဝကခ ဦးဥဏ်ဝင်း အစိုးရအဖွဲ့ ဘီလီယံ ၈၀ ကို
ပုဂ္ဂလိကဘဏ်မှာထည့်ထားတာကို ခြေရာခံမိတဲ့
ပြည်သူတစ်ယောက်ဖြစ်တဲ့ စာရေးဆရာအောင်ထိပ်က
သက်သေအထောက်အထားနဲ့တကွ တိုင်ခဲ့တဲ့ အဖြစ်အပျက်လေးကို ဖော်ပြပေးလိုက်ပါတယ်။
သက်သေခိုင်လုံပေမယ့် သူခိုးအစိုးရလက်ထက်မှာ သူခိုးတွေ
နေပြည်တော်ရွေ့လိုက်တာကလွဲပြီး အရေးယူမခံခဲ့ရပါဘူး။
ကွီးဖြိုးရဲ့ ဘီလီယံ ၇၀ ကိစ္စကလည်း တကယ်သာ မှန်ခဲ့ရင်
ကသန်းဌေးတို့ ငြိမ်မနေပါဘူး။ မကွေးကိစ္စ လက်စားချေဖို့
ခုလောက်ရှိ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဖွခဲ့တာ ကြာလှပေါ့

--------    ---------
“လစာငွေပေးထားရဲ့သားနဲ့ မတင်းတိမ်ဘဲ ဒီလိုခိုးတာက ပြည်သူ နဲ့ နိုင်ငံတော် ကို သစ္စာဖောက်တာပဲ”
ပဲခူးတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်သန်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများအား အလွဲသုံးစားမှု ပြုလုပ်သည်ဟုဆိုကာ တိုင်ကြားခဲ့သူ ဒေါက်တာစိုးမြင့်သန်း (စာရေးဆရာအောင်ထိပ်) နှင့် ဆက်သွယ်မေးမြန်းခြင်း – ၀ိုင်းမော်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
_______ ကျွန်တော်ပြောတာကို စာရွက်နဲ့ မှတ်တမ်းတင်ထားတာ မရှိဘူး။ ကွန်ပျူတာစီပြီး လက်မှတ်ထိုးခိုင်းတော့ တလွဲတွေ ဖြစ်နေတယ်။ ၄ နေရာ ကျွန်တော် ပြင်ခိုင်းရမယ်။ အဲဒီကာလမှာပဲ လာစစ်တဲ့အဖွဲ့တွေကို ဦးမောင်မောင်သန်းတို့အဖွဲ့ကနေပြီး အပေးအယူတွေ လုပ်တယ်ဆိုတဲ့သတင်း တစ်မြို့လုံးမှာ ထွက်တယ်…
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တိုင်းအစိုးရအဖွဲ့ ရန်ပုံငွေ သိန်းရှစ်သောင်းကျော်အား ကိုယ်ပိုင်ဘဏ်စာရင်း ၃ ခုတွင် ထည့်သွင်းထားသည့် ပဲခူးတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်သန်းနှင့် တိုင်းအစိုးရ တာဝန်ရှိသူများက ပဲခူးမြို့ရှိ မြေနေရာ များကို မတရား သိမ်းပိုက်ထားကြောင်း ပဲခူးမြို့ခံ ဒေါက်တာစိုးမြင့်သန်း (စာရေးဆရာအောင်ထိပ်)က တိုင်ကြားခဲ့ရာ လက်ရှိတွင် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်သန်းမှာ စစ်ဆေးခံ နေရသည့် အပြင် နေပြည်တော် သို့ ရွှေ့ပြောင်းတာဝန် ထမ်းဆောင်ခိုင်းထားသည်။
ယင်းသို့ တိုင်ကြားခံထားရသူတွင် တိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဉာဏ်ဝင်းလည်း ပါဝင်ရာ စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ကမူ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ယခုကဲ့သို့ တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများ၏ အာဏာအလွဲသုံးစားမှုများနှင့် ပတ်သက်၍ မည်သည့်အတွက် ကြောင့် တိုင်တန်းခဲ့ဖြစ်ခဲ့ပုံနှင့် ပတ်သက်ပြီး တိုင်ကြားခဲ့သူ ဒေါက်တာစိုးမြင့်သန်း (စာရေးဆရာအောင်ထိပ်) အား ဇူလိုင်လ ၆ ရက်တွင် ဖုန်းဖြင့်ဆက်သွယ် မေးမြန်းထားသည်များ ကို ဖော်ပြလိုက်ပါသည်။
ဝိုင်းမော်
မေး – ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ မြေမတရား သိမ်းယူမှုတွေကို ဆရာတိုင်တန်းခဲ့တာ ခုစစ်ဆေးမှုတွေ လုပ်နေပြီပေါ့။ ဒီတော့ ဒီလိုတိုင်တန်းဖို့ ရည်ရွယ်ချက် ဘယ်လိုပေါ်လာတာလဲ။ အချက်အလက်တွေ ဘယ်လောက်ထိ ပြင်ခဲ့လဲ။
ဖြေ – ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အဓိကကတော့ ဦးမောင်မောင်သန်းနဲ့ ၀န်ကြီးချုပ်ပေါ့ဗျာ။ သူတို့ ၂ ဦး ဟာ တစ်ယောက် တစ်ယောက်ကို ဒေါ်လာသန်း ၂၀၀ အထက်လောက် မသမာမှုတွေ လုပ်ထားတယ်။ အဲဒါကို ကျွန်တော်သိတယ်။ နောက်တစ်ခါ ကျွန်တော်တို့ ပဲခူးတိုင်းထဲက အစိုးရအဖွဲ့ထဲမှာပါတဲ့ ၀န်ကြီးဆိုတဲ့ ပုဂ္ဂိုလ် တွေပေါ့။ အဲဒီပုဂ္ဂိုလ်တွေဟာ အမေရိကန်ဒေါ်လာ ၁၀ သန်းအထက် အညံ့ဆုံးဆိုတဲ့ ၀န်ကြီးက ဒေါ်လာ၅ သန်းနဲ့ ၁၀ သန်းကြား လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို အလွဲသုံးစား လုပ်ပြီးတော့ ရှင်းရှင်းပြောရင် ခိုးထားတယ်ပေါ့ ဗျာ။ ခိုးထားတယ်ဆိုတဲ့ ဥစ္စာကို ကျွန်တော်သိတယ်။ ကျွန်တော့်မှာ သတင်းတွေ အများကြီးပဲ၊ ကျွန်တော် ကိုယ်တိုင်က ပဲခူးဂျာနယ်မှာ အတိုင်ပင်ခံ အယ်ဒီတာ လုပ်တာဆိုတော့ သူတို့ယူထားတာတွေကို တန်ဖိုး တွက်ကြည့်တော့ အဲဒီလိုတွေ့တယ်။ သို့သော်ငြားလည်း ဒီအကုန်လုံးလုပ်တဲ့ ဥစ္စာတွေရဲ့ ခိုးတာတွေ အကုန်လုံးရဲ့ စီစဉ်ဆောင်ရွက်သူက နံပါတ်တစ် ဦးမောင်မောင်သန်း ဒုတိယ ဦးဉာဏ်ဝင်း၊ အဲဒီတော့ သူတို့ကနေ စီစဉ်ဆောင်ရွက်ပေးတာ။ လွှတ်တော်ဥက္ကဋ္ဌတွေလည်း ပါတယ်ဗျာ။ တိုင်းဦးစီးတွေလည်းပါ တယ်ဗျာ။ အဲဒီလိုမျိုး လုပ်တဲ့အပြင်ကို ခရိုနီတွေကော ဘာတွေကော သူတို့အုပ်စုကြီးက လူ ၁၀၀ လောက် ရှိတယ်။ ဘာဖြစ်လဲဆိုတော့ ၄-၅ နှစ်လောက်အတွင်းမှာ အဲဒီလိုလုပ်တာသည် ကျွန်တော်တွက်တာ ဒေါ်လာ ဘီလီယံနဲ့ ချီတယ်ဗျ။ နောက်ဆုံး ပဲခူးတိုင်းက ပြည်သူတွေက နေစရာလည်း မြေမရှိ၊ လုပ်စားစရာလည်း မြေမရှိတဲ့အတွက်ကြောင့် သူများနိုင်ငံမှာ ကျွန်တွေသွားဖြစ်နေတဲ့ လူဦးရေက ပဲခူးတိုင်းက အချိုးအစား အများဆုံး။ နေပြည်တော်က သမ္မတဦးသိန်းစိန်က သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အစိုးရလို့ ပြောပေမယ့် လက်တွေ့မှာ ပဲခူးတိုင်းမှာပေါ့ တစ်ခုမှ မဖြစ်ဘူး။ ပြုပြင်ပြောင်းလဲရေးတွေ တစ်ခုမှမဖြစ်ဘူး။ ကျွန်တော် ပိုင်ပိုင်နိုင်နိုင်သိတဲ့အချက် (၅)ချက်လောက်နဲ့တိုင်တာ။ ကျွန်တော် လက်ထဲမှာ လက်ဆုပ်လက်ကိုင် ပြနိုင်တာနဲ့တိုင်တာ။ ကျန်တာ ကျွန်တော်သိတာတွေ အများကြီး။
မေး – ဆရာတိုင်ခဲ့တယ်ဆိုတဲ့ အချက် ၅ ချက်က ဘယ်လို အချက်တွေလဲ။
ဖြေ – ဘုရားဝတ္တကမြေတွေကို ဦးမောင်မောင်သန်းနဲ့ ဦးဉာဏ်ဝင်း အပါအ၀င် အပေါင်းအပါ ၁၈ ဦး ကနေပြီးတော့ ယူထားတဲ့ကိစ္စတွေ၊ နောက် တစ်ခါ အများပိုင်ဘောလုံးကွင်းပါတယ်။ နဂိုဂရန်ရှိတဲ့ မြေကွက် ပိုင်ရှင်တွေရဲ့ မီးလောင်မြေတွေ ပါတယ်ဗျာ။ နောက်တစ်ခါ အင်းတကော် ဗိုလ်ချုပ် ကျောက်တိုင်ကွင်းပါတယ်။ ဆောက်လုပ်ရေးပိုင် ကျောက်တိုင်ကွင်း၊ အဲဒါပါတယ်ဗျာ။ ၀န်ထမ်းအိမ်ရာ ၀င်းထဲမှာရှိတဲ့ ထောက်လှမ်းရေးက သိမ်းထားတဲ့ တစ်ဧကလောက်ရှိတဲ့ မြေကွက်ပါတယ်ဗျာ၊ အဲဒါကမြို့ထဲမှာရှိတာ။ အဲဒါတွေနဲ့ တိုင်တာ။
မေး – ဆရာစောစောကပြောတဲ့ သူတို့ဆီမှာ ဒေါ်လာဘီလီယံနဲ့ ချီပြီးရှိနေတယ် ဆိုတော့အထောက် အထားတွေကကော ဘယ်ကရခဲ့တာလဲခင်ဗျ။
ဖြေ – အထောက်အထားတွေ ဘယ်ကရလဲဆိုတဲ့ ဥစ္စာက ကျွန်တော် ပြောမယ်ဗျာ။ ထားပါတော့ ကျွန်တော်တို့ ပဲခူးက ကန်တော်ကြီး ဆိုတာရှိတယ်။ လှော်ကားလို ရေပေးတဲ့ဟာ။ အထောက်အထားတော့ မဟုတ်ဘူး ကျွန်တော် တွက်ကြည့်တာပေါ့လေ။ အင်္ဂလိပ်လက်ထက် ကတည်းက ရေပိုက်နဲ့ ပဲခူးမြို့ကို ရေပေးတဲ့စနစ် ရှိတယ်။ ကန်တော်ကြီး သန့်ရှင်းဖို့အတွက်ကို ကာကွယ်တာပေါ့ဗျာ။ ဧက ၁၄၀၀ ကျော်ရှိတယ်။ ၁၄၀၀ ကျော် ရှိတာကို ၉၈၀ ကို ဦးဉာဏ်ဝင်းရယ်၊ ယဉ်ကျေးမှု ၀န်ကြီးဌာနက ဒေါ်စန္ဒာခင်လည်း ပါတယ်ပြောတယ်။ ခရိုနီ တွေ ရယ်ပေါင်းပြီး အဲဒါကို ယူလိုက်တယ်။ တစ်ဧကက လက်ရှိ ကာလပေါက် ဈေးနဲ့ဆို သိန်း ၂၀၀ ရှိတယ်။ ဧက တစ်ထောင်ပဲထားဗျာ။ သိန်းပေါင်း ၂ သိန်းလောက် ဖြစ်သွားပြီး သိန်းပေါင်း၂ သိန်းက ဒေါ်လာသန်း၂၀ ဗျ။
မေး – ပဲခူးတိုင်းဝန်ကြီး ဦးဉာဏ်ဝင်းတို့က ယူလိုက်တယ်ဆိုတော့ ဆရာဆီမှာ ဘယ်လိုအထောက် အထားမျိုးရှိလဲ။
ဖြေ – ဘယ်လိုပုံစံနဲ့ ယူလည်းတော့မသိဘူး။ သူတို့ရာဘာတွေ စိုက်ထားတယ်ဗျာ။ အဲဒီနေရာကြီးကို ပုဒ်မ ၁၄၄ ထုတ်ထားတာ။ ဒါက လူတကာသိနေတာပဲ။ ဂရန်တွေ စာရွက်တွေတော့ မသိရနိုင်ဘူး။ ဒီလိုဟာမျိုးတွေကို တန်ဖိုး လိုက်တွက်ကြည့်လိုက်တဲ့ အခါကျတော့ ဒီ(ဦး)ဉာဏ်ဝင်းသည်လည်းကောင်း၊ ဦးမောင်မောင်သန်း သည်လည်းကောင်း ပဲခူးတိုင်း တစ်တိုင်းလုံးမှာ အဲဒီလို လုပ်ထားတာတွေက ဒေါ်လာသန်း ၂၂၅ သန်း အထက် ရှိတယ်လို့ တွက်လို့ရတယ်။ အလားတူ ဦးမောင်မောင်သန်း ယူထားတဲ့ မြေကွက်က ပဲခူးတိုင်း မြောက်ဖျား ရာရှည် မြို့နယ်ထဲမှာလည်း (၅)ကွက်လောက် ရှိတယ်ဗျာ။ ဦးဉာဏ်ဝင်းရယ်၊ ဦးမောင်မောင်သန်းရယ်၊ သစ်သီး စိုက်တဲ့ ရွှေမြန်မာ သစ်သီးခြံက ဗိုလ်မှူးကြီး ဦးလှိုင်ရယ်က အဲဒီလူတွေ ၃ ဦး စိုက်ထားတာလည်း လယ်သမား တွေဆီက သိမ်းပြီးတော့ စိုက်ထားတာလေ။ ပဲခူးတိုင်း တစ်တိုင်းလုံး ဒါမျိုးတွေ တွက်လိုက်တာ ဒေါ်လာ ၂၂၅ သန်း အထက်ရှိတယ်လို့ ကျွန်တော်သုံးသပ်တယ်။
မေး – ဆရာတိုင်လိုက်တော့ ခုလက်ရှိမှာကော ဘယ်လို အနေအထားရှိလဲခင်ဗျ။
ဖြေ – ကျွန်တော် သိသလောက် ပြောမယ်ဗျာ။ ကျွန်တော့်ကို မတ်လမှာ စသုံးလုံးက တပ်ဖွဲ့လာစစ်တယ်။ ဧပြီလမှာ စသုံးလုံးက တပ်ဖွဲ့လာစစ်တယ်။ နောက်မေလထဲမှာ ပြည်ထဲရေးဝန်ကြီးဌာနက မီးသတ် ညွှန်ချုပ် ဦးတင်မိုးအဖွဲ့၊ ခေါင်းဆောင် ထွေအုပ်က ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းရွှေ၊ အကျဉ်းဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုး အဲဒီအဖွဲ့တစ်ဖွဲ့စစ်တယ်။ ကျွန်တော့်ကို သုံးဖွဲ့စစ်တဲ့ထဲမှာ ဒုတိယအဖွဲ့က တော်တော် အလုပ်လုပ်တယ်။ အင်အားလည်း များပုံရတယ်။ ပထမအဖွဲ့က မမိုက်ဘူး။ ကျွန်တော်ဖြေ ထားတာနဲ့ သူတို့ကွန်ပျူတာနဲ့ ပြန်လည်စီထားတာနဲ့ တိုက်ဆိုင် စစ်ဆေးခွင့်မရဘူး။ တတိယတစ်ဖွဲ့ကလည်း ကျွန်တော်ပြောတာကို စာရွက်နဲ့ မှတ်တမ်းတင်ထားတာ မရှိဘူး။ ကွန်ပျူတာစီပြီး လက်မှတ်ထိုးခိုင်းတော့ တလွဲတွေ ဖြစ်နေတယ်။ ၄ နေရာ ကျွန်တော် ပြင်ခိုင်းရမယ်။ အဲဒီကာလမှာဘဲ လာစစ်တဲ့ အဖွဲ့တွေကို ဦးမောင်မောင်သန်းတို့ အဖွဲ့ကနေပြီး အပေးအယူတွေ လုပ်တယ်ဆိုတဲ့ သတင်းတစ်မြို့လုံးမှာ ထွက်တယ်။ ကျွန်တော်ကိုယ်တိုင်က ပဲခူး Weekly မှာ အတိုင်ပင်ခံ အယ်ဒီတာဖြစ်တော့ ကျွန်တော့်ဆီကိုလည်း သတင်းတွေ တက်တယ်။ ဘယ်ဟိုတယ်မှာ ကျွေးတယ် ဘာညာကအစပေါ့ဗျာ။ ကျွန်တော်အကုန်သိတယ်။ စုံစမ်းစစ် ဆေးရေး ဖော်ထုတ်တဲ့အခါမှာ အားနည်းချက်တွေ ရှိနိုင်တယ်လို့ ကျွန်တော် သုံးသပ်တယ်ဗျာ။ ဒါကြောင့် ကြာနေတာလည်း ဖြစ်နိုင်တယ်။ စုံစမ်းဖော်ထုတ်ရမယ့် ဟာတွေအကုန်လုံးကို ချန်ခဲ့တာလည်း ဖြစ်သွား နိုင်တယ်။ ဒီဥစ္စာတွေ အကုန်လုံးက ကျွန်တော်တို့ပြည်သူပိုင် ပစ္စည်းတွေလေဗျာ။ တကယ်လို့ ပြည်သူ့ ဘဏ္ဍာကို စုံစမ်းဖော်ထုတ်လို့ရတဲ့ ငွေပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကို တိုင်ကြားတဲ့လူကို စုံစမ်း ဖော်ထုတ်တဲ့ လူတို့ကို နိုင်ငံတော်ကနေ ခံစားခွင့်ရှိတဲ့ ဥပဒေရှိတယ်။ နောက်ဆုံးပိတ် တိတိကျကျစစ်တဲ့ သူတွေကို ဘယ်ရာခိုင်နှုန်း ချီးမြှင့်မယ်ဆို လက်ခံတယ်။ သို့သော် အပေးအယူလုပ်ပြီး ချုပ်ခဲ့တာကိုတော့ လက်မခံနိုင်ဘူး။ ဒီအဂတိ လိုက်စားမှုဆိုတာသည် ရာဇ၀တ်မှုသာဖြစ်တယ်။ ပြည်သူတွေက သူတို့ကို သင့်တင်လျှောက်ပတ်တဲ့ လခငွေပေးထားတယ်။ အဆောင်အယောင်တွေ အမြောက်အမြား ပေးထားတယ်။ ကားတွေ ပေးထားတယ်။ ဒီကားတွေအတွက် ဆီတွေပေးထားတယ်။ ဒရိုင်ဘာတွေ ပေးထားတယ်။ ကျွန်တော်တို့ ပြည်သူက ချီးမြှင့် ထားပြီးသား၊ အခု အဲဒီဥစ္စာတွေနဲ့တင် မတင်းတိမ်ဘဲ ဒီလိုခိုးတာက ပြည်သူနဲ့ နိုင်ငံတော်ကို သစ္စာဖောက် တာပဲ။ ဒါရာဇ၀တ်မှု ဖြစ်တယ်ဗျာ။
မေး – အခုအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်သန်းက သိန်းရှစ်သောင်း ကိစ္စနဲ့ နေပြည်တော် ကို ပြောင်းရွှေ့ ခံရတယ်လို့ဆိုတယ်။ ဆရာတို့ကော ဘာသိထားသေးလဲ။
ဖြေ – ဒီသိန်းရှစ်သောင်းက ပါးပါးလေးပါဗျာ။ အစိုးရရန်ပုံငွေ အဲ့ဒီထက် အဆတစ်ရာ၊ တစ်ထောင်လောက် ရှိရမှာ။ သိန်းရှစ်သောင်း က ဒေါ်လာရှစ်သန်းပဲရှိတယ်။ သူလိုသာ မှန်မှန်ကန်ကန် လုပ်မယ်ဆိုရင် ဒီသိန်း ရှစ်သောင်း ထက်မက ရှိပါမယ်။ သို့သော် ဒီသိန်းရှစ်သောင်း ကိစ္စကို တိုင်းဒေသကြီး လွှတ်တော်ကိုလည်း အသိမပေးဘူး။ ဘဏ်တိုးတွေလည်း ဘယ်ရောက်မှန်း မသိဘူး။ သူတို့တွေ DSA ကလာတဲ့ ပုဂ္ဂိုလ်တွေပါ။ ဦးဉာဏ်ဝင်းက DSA ၁၅၊ ဦးမောင်မောင်သန်းက DSA ၂၅ သူတို့တွေ ၀န်ထမ်းဘ၀မှာ နိုင်ငံတော်နဲ့ ပြည်သူ ကျွေးသော ထမင်းကို စားတဲ့အတွက် နိုင်ငံတော်နဲ့ ပြည်သူကို သစ္စာစောင့်သိပါမည်ဆိုပြီး ကတိသစ္စာပြုတဲ့ သူတွေပါဗျာ။ ခုဟာက စစ်နေတုန်း ဦးမောင်မောင်သန်း တစ်ယောက်တည်း မဟုတ်ဘူး။ အစိုးရတစ်ဖွဲ့လုံး ပါတယ်။ ပဲခူးမြို့က ခရိုနီနဲ့ အဂတိလိုက်စားမှု ကျူးလွန်တဲ့သူ တော်တော်များများပါတယ်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန –

--------   ----------
ထပ်သတိပေးလိုက်မယ်။ ဇရှိကြရင် လိုင်းပေါ်မှာဟောင်မနေနဲ့
ဒဲ့သာတိုင်လိုက်။ တကယ်ကျူးလွန်ခဲ့ရင် ကွီးဖြိုးဘက်မှာ ဖာပေးမယ့် ဒီမိုမရှိဘူး။ မင်းတို့နဲ့အတူ ရပ်တည်ပေးမယ် ...

ZN.H

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

ခရမ်းပြာဂယက်

လင်ကြီးငုတ်တုတ်ရှိလျက် ဖောက်ပြန်တဲ့အမျိုးသမီးကို ဘယ်လို ဥပဒေမျိုးနှင့် အရေးယူသင့်