#ရောင်းကောင်းနေတဲ့ဆိုင်ရှင်တွေဆီကအတုယူနိုင်တဲ့အချက်(၄)ချက်

#ရောင်းကောင်းနေတဲ့ဆိုင်ရှင်တွေဆီကအတုယူနိုင်တဲ့အချက်(၄)ချက်


ကိုယ့်ဆိုင်က ရောင်းမကောင်းလို့ စိတ်ညစ်နေရပြီလား? သူများတွေလို ရောင်းကောင်းအောင် ဘယ်လိုလုပ်ကြမလဲဆိုပြီး စဉ်းစားရခက်နေပါသလား? ကိုယ့်ဆိုင်မှာ ရောင်းအားတက်ဖို့ စတိုးဆိုင်ပိုင်ရှင်ကြီးတွေဆီက အတုယူသင့်တဲ့ နည်းလမ်းတွေကို E-ဘောင်ချာ​က ဖော်ပြပေးလိုက်ပါတယ်။

#ဝယ်သူတွေဦးစားပေးဂရုစိုက်
အရမ်း ရောင်းကောင်းနေတဲ့ ဆိုင်ပိုင်ရှင်တွေဆိုတာ ဝယ်သူတစ်ယောက်ချင်းစီကို သေချာ ဂရုတစိုက် ရှိတတ်ကြပါတယ်။ ဝယ်သူကို ဝင်လာတာနဲ့ နှုတ်ဆက်တာ၊ ရောင်းမှား၊ ဝယ်မှားတွေ ရှိလာတဲ့အခါမှာလည်း ပြေလည်အောင် ဖြေရှင်းပေးနိုင်တာ၊ တစ်ခါဝယ်ပြီးသား ဝယ်သူတွေကို ကိုယ့်ဆိုင်မှာပဲ ထပ်ခါထပ်ခါ ဝယ်ချင်လာအောင် ဆွဲဆောင်ထားနိုင်တာ စတဲ့ အရည်အချင်းတွေ ရှိကြပါတယ်။

#အသစ်အဆန်းတွေတီထွင်ဖန်တီးနိုင်ခြင်း
ဆိုင်မှာ ဈေးရောင်းတဲ့အခါ တစ်သတ်မတ်တည်း ရောင်းတာမျိုးထက် ပွဲတော်တွေဆို ဒစ်စကောင့်ချပေးတာ၊ ပရိုမိုးရှင်းပေးတာ၊ ဖောက်သည်တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ မေတ္တာလက်ဆောင်ပေးတာ စတဲ့ အစီအစဉ်တွေ ဖန်တီးနိုင်တာ၊ ဈေးကွက်မှာ ခေတ်စားလာမယ့် ကုန်ပစ္စည်းတွေကို ခန့်မှန်းနိုင်တာ စတဲ့ အရည်အချင်းတွေလည်း ရှိအောင် ကြိုးစားထားသင့်ပါတယ်။

#အလုပ်သမားခန့်တဲ့နေရာမှာမှန်ကန်စွာရွေးချယ်
ဆိုင်မှာ အလုပ်သမားခန့်တဲ့နေရာမှာ မှန်ကန်စွာ ရွေးချယ်တတ်ဖို့ကလည်း အရေးကြီးပါသေးတယ်။ ကိုယ့်ဆိုင်မှာ ဝယ်သူတွေ လာတဲ့အခါ ဆိုင်ရှင်ထက် ဆိုင်က ဝန်ထမ်းတွေက ပိုပြီး ဝန်ဆောင်မှု ပေးကြရတာပါ။ ဒါ့ကြောင့် ဝယ်သူတွေကို အဓိက ဝန်ဆောင်မှု ပေးရတဲ့ ဝန်ထမ်းတွေကို ရွေးချယ်ခန့်အပ်တဲ့နေရာမှာ အရေးကြီးလှပါတယ်။ ကိုယ့်ဝန်ထမ်းက အမှားအယွင်း လုပ်လိုက်ရင် ဝန်ထမ်းထက် ကိုယ့်ဆိုင်က နာမည် ကျမှာပါ။  ဒါ့ကြောင့် ဝန်ထမ်းခန့်တဲ့အခါမှာလည်း ဝယ်သူတွေကို ဝန်ဆောင်မှု ပေးတတ်အောင် တစ်ခါတည်း လေ့ကျင့်ပေးသင့်ပါတယ်။

#ပြန်လည်စစ်ဆေး
အောင်မြင်ချင်တဲ့လူဆိုတာ အလေ့အကျင့်ကောင်းတွေကို အမြဲမွေးမြူထားရပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပြီး အလေ့အကျင့်ကောင်းတွေကို ဆက်ကျင့်သုံး၊ မကောင်းတာတွေဆို ပြန်လည် ပြင်ဆင်ရပါမယ်။ ဆိုင်နဲ့ ပတ်သတ်ရင်လည်း အမြဲပြန်လည်ဆန်းစစ်ပြီး အဆင်မပြေတာတွေဆို ပြင်ဆင်၊ ပိုကောင်းတဲ့ နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။

■ E-​ဘောင်​ချာက​​နေ ဒီပို့စ်လေး​တွေ ​ဆောင်းပါး​လေး​တွေ အ​ကြောင်း မသိလို့ ​ဖေ့ဘုတ်​မှာ မတွေ့လိုက်​မိလို့ မဖတ်လိုက်မိ တာမျိုး မဖြစ်အောင် ကိုယ့်​အချင်းချင်း​တွေကို ​​​ကော်​မန့်​က​နေ ​လှမ်းပြီး ခေါ်လိုက်​ပါဦး...

■ မြန်မာနိုင်ငံရဲ့ပထမဆုံးတန်ဖိုးနည်းဒီဂျစ်တယ်ဈေးရောင်းစနစ် E-ဘောင်ချာကို အသုံးပြုလိုပါက 09444457088 ကို ဖုန်းဆက်ပြီးအသေးစိတ် မေးမြန်နိုင်ပါတယ်။ ပရိုမိုးရှင်းလည်း ရှိတာမို့ အောက်ကလင့်မှတစ်ဆင့် ဒေါင်းလုတ်ရယူပြီး စမ်းသပ်သုံးစွဲကြည့်နိုင်ပါတယ်။
 ■ http://bit.ly/5000kyat-04-2017

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

ခရမ်းပြာဂယက်

ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD ဇာတ်ကားများကိုရိုက်ကူးရောင်းချသူများကိုသက်သေခံ ပစ္ဓည်းများနှင့်အတူဖမ်းဆီးရမိ