၂၆ နှစ်အရွယ် CEO ဝေမျှတဲ့ လူငယ်တိုင်းသိသင့်တဲ့ အောင်မြင်မှုအတွက် လျှို့ဝှက်ချက် ၉ ခု

Brian Wong ဆိုတဲ့ ဟောင်ကောင်နွယ်ဖွား ကနေဒါနိုင်ငံသား စွန့်ဦးတီထွင်လူငယ်ဟာ ပညာရေးမှာ ထူးချွန်လွန်းတဲ့အတွက် အသက် ၁၄ နှစ်မှာတင် သူ့ရဲ့ အထက်တန်းကျောင်း ဒီပလိုမာကိုရရှိခဲ့ပါတယ်။ ၁၈ နှစ်မှာပဲ University of Brithish Columbia ကနေ ဘွဲ့ရခဲ့ပြီးနောက်မှာတော့ သူဟာ ကုမ္ပဏီတစ်ခုကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။
၁၉၉၁ ခုနှစ်ဖွားဖြစ်တဲ့ Wong ဟာ အခုဆိုရင် အသက် ၂၆ နှစ်အရွယ် CEO တစ်ယောက်ဖြစ်ပါတယ်။ သူဟာ မိုဘိုင်း ကြော်ငြာကုမ္ပဏီ Kiip ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်ပြီး အောင်မြင်မှုကို မြန်မြန်ဆန်ဆန်ပဲ ရယူနိုင်ခဲ့ပါတယ်။ သူက တစ်ခြားသူတွေကို သူလုပ်ခဲ့သလို လုပ်ဖို့ ကူညီချင်တဲ့ဆန္ဒရှိပါတယ်။
သူရေးသားတဲ့ “The Cheat Code” စာအုပ်ထဲမှာ ကိုယ့်ရဲ့ အသက်မွေးမှုနဲ့ နေ့စဉ်ဘဝမှာ ပိုမိုအောင်မြင်စေမယ့် ပရိယယ်ပေါင်း ၇၀ ကျော်ကို ပြန်လည်ဝေမျှထားပါတယ်။ အဲဒီထဲကမှ အောက်ပါအချက် ၈ ချက်ကို ပြန်လည်ထုတ်နုတ်ဖော်ပြပေးလိုက်ပါတယ်။
၁။ ဘယ်လိုကဏ္ဍခွဲရမလဲဆိုတာကို သင်ယူပါ
ကိုယ့်အနေနဲ့ ပုဂ္ဂိုလ်ရေးပြဿနာတွေ ဒါမှမဟုတ် ဖိအားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အဲဒါတွေကို အိမ်မှာထားခဲ့ပါလို့ Wong က ဆိုပါတယ်။
“ကိုယ့်ရည်စားက ကိုယ့်ကို အဆက်ဖြတ်လိုက်တဲ့အခါ၊ တစ်ယောက်ယောက်က ကိုယ့် ခရက်ဒစ်ကဒ်တွေကို ခိုးသွားတဲ့အခါနဲ့ ကိုယ့်ရည်းစားကိုယ့်ကို ဖြတ်သွားရတာ ကိုယ့်ရဲ့ အကောင်းဆုံးသူငယ်ချင်းကြောင့် ဆိုတာတွေဖြစ်တဲ့အခါ အလုပ်မှာ အဲဒါတွေ ဘယ်တော့မဖြစ်ခဲ့သလိုပုံနဲ့ ပြပြီးနေလိုက်ပါ” လို့ သူကရေးထားပါတယ်။ “ဒါကို လွယ်လွယ်လေးကျော်ဖြတ်လိုက်ပါ”။
၂။ အကြောက်တရားတွေ မောင်းထုတ်
အဲဒီ CEO အတွက်ကတော့ အကြောက်တရားတွေကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းလိုက်ခြင်းဟာ ကိုယ့်ရဲ့ အကောင်းဆုံး လက်နက်ဖြစ်လာဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါသတဲ့။
“ကိုယ်ဘာလုပ်နိုင်သလဲဆိုတာကို စိုးထိတ်မနေပါနဲ့” လို့ သူကရေးထားပါတယ်။ “ကိုယ့်မှာရှိထားတာကို လက်ခံပါ၊ အဲဒါက လူ့ယဉ်ကျေးမှု စတင်ပေါ်ပေါက်လာကတည်းက လူအများစုထက် သာစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်၊ ပြီးတော့ အဲဒီနေရာကနေ စတင်တာထွက်ပါ။”
အပြင်းအထန်ဆွေးနွေးရတဲ့ အစည်းအဝေတွေ သို့မဟုတ် ခက်ခဲတဲ့ အင်တာဗျူးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ Wong က အကြံပြုထားတာကတော့ “အဆိုးဆုံးဖြစ်နိုင်တာဘာလဲ” ဆိုတာကို ကိုယ့်ကိုကိုယ်မေးကြည့်ဖို့ အချိန်တစ်မိနစ်ယူလိုက်ပါတဲ့။
၃။ ကိုယ့်ကိုကိုယ် တည်ဆောက်ပါ
စီးပွားရေးလုပ်ငန်းဆိုတာ အမြဲတမ်း ပုဂ္ဂိုလ်ရေးဆန်တယ်လို့ CEO က ဆိုပါတယ်။ “မင်းရဲ့ ရည်မှန်းချက်က မင်းဆီမှာ ရင်းနှီးမြှုပ်နှံလာအောင် လူတွေကို သိမ်းသွင်းဖို့ဖြစ်ပါတယ်။ မင်းရဲ့ စီမံကိန်းထဲမှာ လာရင်းနှီးဖို့ မဟုတ်ပါဘူး” လို့ သူကရေးပါတယ်။
၎။ ကိုယ့်အားသာချက်တွေကို သိပါ
“ဘဝမှာ မင်းဘာဖြစ်တယ် ဒါမှမဟုတ် မင်းဘာလုပ်တယ်ဆိုတာ အရေးမကြီးပါဘူး၊ မင်းမှာ မဟာအင်အားတစ်ခုရှိပါတယ်။ ပြီးတော့ ငါပြောချင်တာက မင်းအနေနဲ့ တစ်ခြားလူအများစုထက် ပိုကောင်းအောင် လုပ်ဖို့ပါပဲ” လို့ Wong က ပြောပါတယ်။ “မင်းဒါကို အသုံးမချဘူးဆိုရင်တော့၊ မင်းရူးနေလို့ပဲ”။
ကိုယ့်အားသာချက်တွေက ဘာတွေလဲဆိုတာကို ပုံပေါ်လာအောင် အချိန်နည်းနည်းယူပြီး စဉ်းစားကြည့်ပါ ဒါမှမဟုတ် ကိုယ့်ရဲ့ အရင်းနှီးဆုံးလူတစ်ယောက်ကို မေးကြည့်ပါလို့ Wong က အကြံပြုထားပါတယ်။
၅။ သူများယောင်တိုင်း လိုက်မယောင်ပါနဲ့
အီးမေးလ်တွေ၊ စာတွေနဲ့ လူမှုကွန်ရက်မီဒီယာတွေက ကိုယ့်ကို ဖိအားတွေဖြစ်စေတယ်ဆို၊ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။
“အဲဒီလို သတင်းအချက်အလက်တွေ အလွန်အမင်းများပြားနေတာဟာ ကိုယ့်မှတ်ဉာဏ်တွေကို ခဏတာ ဆုံးရှုံးစေတယ်၊ ဖိအားတွေပိုများလာစေပြီး ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်” လို့ သူကရေးပါတယ်။ “လူတွေနဲ့ အချိန်တိုင်း ထိတွေ့ဆက်ဆံဖို့ ကြိုးစားနေတာကို ရပ်လိုက်ပါ”။
အဲဒီအစား ကိုယ့်ဖုန်းကို စားပွဲပေါ်မှားထားခဲ့ပါ ဒါမှမဟုတ် ဆိုရှယ်မီဒီယာတွေပေါ်မှာ လျှောက်ရေးနေတာကို ရှောင်နေလိုက်ပါ။
“အချိန်တိုင်းမှာ ခင်ဗျားဘာဖြစ်နေတယ်ဆိုတာကို ကမ္ဘာကြီးကို ပေးသိရမယ်လို့ ခံစားမနေပါနဲ့”။
၆။ ကိုယ့်ကိုကိုယ် တစ်ခြားသူတွေနဲ့ လိုက်နှိုင်းယှဉ်တာကို ရပ်ပါ
“တစ်ကမ္ဘာလုံးမှာရှိတဲ့ အဆင့်မြင့်ထိပ်တန်းလူတွေနဲ့ ကိုယ့်ကိုကိုယ် လိုက်နှိုင်းယှဉ်နေတာဟာ အချိန်ဖြုန်းနည်းတစ်ခုပါ” လို့ သူကပြောပါတယ်။ “မင်းအနေနဲ့ အဲဒီလိုလုပ်တဲ့အခါတိုင်း အမြဲဆုံးရှုံးနေမှာဖြစ်ပြီး ကိုယ့်ကိုကိုယ် အရှုံးသမားတစ်ယောက်လို ခံစားနေရလိမ့်မယ်”။
CEO က အဲဒီအစား လူငယ်တွေအနေနဲ့ ကိုယ်တိုင်တိုးတက်ဖို့အတွက်သာ အာရုံစိုက်ဖို့ အကြံပြုပါတယ်။
“မင်းအနေနဲ့ နေ့စဉ်နေ့တိုင်း ပိုကောင်းအောင် လုပ်နိုင်မယ်ဆို ပြိုင်ပွဲကို မင်းအောင်နိုင်ပြီ”။
၇။ အပြင်များများထွက်ပါ
ကိုယ့်ကွန်ပျူတာ စခရင်ကနေ ခွာထွက်ပါ လို့ CEO က ဆိုပါတယ်။
“သက်သောင့်သက်သာရှိတဲ့ ကိုယ့်ချောင်လေးထဲမှာပဲ နေဖို့က ပိုပြီးလွယ်ပါတယ်” လို့ Wong က ပြောပါတယ်။ “ဒါပေမယ့် ကမ္ဘာကြီးအကြောင်း အပြည့်အစုံနားလည်ဖို့ မင်းအနေနဲ့ ပြင်ပကိုထွက်ရမှာဖြစ်ပြီး ပြင်ပကမ္ဘာနဲ့ အတူနေထိုင်တက်ရပါမယ်”။
“မင်းအနေနဲ့ အဲဒီလို ပြင်ပအကြောင်းအရာတွေကို သိရှိမှတ်သားပြီးတဲ့အခါ မင်းရဲ့ ကမ္ဘာ့အမြင်က တိုးတက်လာတာနဲ့အမျှ အသိအမြင်တွေကလဲ တိုးတက်လာမှာဖြစ်ပါတယ်”။
၉။ ပြတိုက်တွေကို သွားပါ
ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ ဘဝတာအတွက် စိတ်အားတက်ကြွမှုတွေ ရယူနိုင်ဖို့ Wong အကြံပြုထားတာကတော့ ကိုယ့်ကိုကိုယ် အနုပညာနဲ့ သမိုင်းတို့နဲ့ ဝန်းရံထားပေးပါတဲ့။
“ပြတိုက်တွေဟာ လူသားမျိုးနွယ်ရဲ့ အကြီးကျယ်အခမ်းနားဆုံးသော အရာတွေထဲက တစ်ခုပါပဲ” လို့ သူက ရေးပါတယ်။ ကြီးကျယ်ခမ်းနားမှုရဲ့ အနှစ်သာရကို ဖော်ထုတ်ပြသဖို့အတွက် အဲဒီပြတိုက်တွေကို အထူးဒီဇိုင်းဆွဲ တည်ဆောက်ထားကြပါတယ်”။
ဒီလို ပြတိုက်တွေကို လည့်ပတ်လေ့လာတာဟာ သူ့ရဲ့ အကြိုက်ဆုံး အပန်းဖြေမှု အစီအစဉ်တစ်ခုပါလို့ လူငယ် CEO က ဆိုပါတယ်။
“မင်းဒါမျိုးလုပ်တဲ့အခါ စိတ်အားတက်ကြွမှုတွေ ရမှာပါ”။
စီးပွားရှင်
Ref : CNBC

Comments
Post a Comment