လားရှိုးဟိုတယ်တွေကို ဆက်ကြေးကောက်တာ TNLAအဖွဲ့ စစ်ဆေးနေ

လားရှိုးဟိုတယ်တွေကို ဆက်ကြေးကောက်တာ TNLAအဖွဲ့ စစ်ဆေးနေ


ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က ဟိုတယ်တွေကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က အခွန်ကောက်ခံတဲ့ စာတွေပေးပို့တာဟာ TNLA အဖွဲ့က စီစစ်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

"ရဲတပ်ဖွဲ့ကတော့ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေပါတယ်။ မြို့အဝင်ထွက်တွေမှာ အားလုံးပိတ်ဆို့ရှာဖွေနေတာ ၈ နေရာမှာလုပ်နေပါတယ်။ ကျွန်တော်တို့ မော်တော်ယာဉ်လှည့်ကင်း၊ မော်တော်ဆိုင်ကယ်လှည့်ကင်း၊ ခြေလျင်လှည့်ကင်း၊ အရပ်ဝတ်စောင့်ကြည့်အဖွဲ့များ ချထားပြီးတော့မှ အထူးသဖြင့် ဟိုတယ်တွေကို စောင့်ကြည့်လုံခြုံရေးတာဝန်ယူမှုတွေ လုပ်နေပါတယ်ခင်ဗျ။ ဟိုတယ်မှာရှိတဲ့ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့မှ ။ ကျန်တာတော့ မြို့တမြို့လုံးကို လှည့်ကင်းယာဉ်တွေနဲ့ လှည့်ပတ်ပြီးတော့မှ စောင့်ကြည့်နေပါတယ်ခင်ဗျ "

အင်တာနက် လူမှုကွန်ယက်စာမျက်နှာမှာ ပျံနှံနေတဲ့ လားရှိုးမြို့ ဟိုတယ်တွေထံ အခွန် ကောက်ခံတဲ့စာမှာ TNLA အဖွဲ့ရဲ့ တံဆိပ်တုံးတွေ၊ ခေါင်းစီးလည်း မပါတဲ့အပြင် စာရဲ့အောက်မှာ လက်မှတ်ထိုးထားတဲ့ နာမည်နဲ့ အဖွဲ့ဝင်လည်း မရှိတာကြောင့် TNLA အနေနဲ့ စိစစ်နေတယ်လို့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။

"လားရှိုးမြို့မှာက မနေ့က ဖေ့ဘုတ်စ်ပေါ်မှာ စာတော့တွေ့တယ်။ ဒါပေမဲ့ အဲ့စာက ကျွန်တော်တို့ တံဆိပ်တုံးလည်းမပါဘူး။ Letter Head လည်းမပါဘူး။ ကျနော်တို့ ပြန်ပြီးစိစစ်နေပါတယ်။ ဒီလိုနာမည်နဲ့မတွေ့ရဘူး။ အဲ့လိုနာမည်နဲ့ "
အခွန်တောင်းခံစာတွေကြောင့် လားရှိုးမြို့လုံခြုံရေးအတွက် မြို့အ၀င်ထွက်တွေမှာ စစ်ဆေး ဆောင်ရွက် နေတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က ပြောပါတယ်။

ပလောင်လွတ်မြောက်ရေးတပ်ဦး လားရှိုးလှုပ်ရှားမှုအဖွဲ့ အခွန်ဦးစီးဌာနဆိုပြီး လားရှိုးမြို့ပေါ်က ဟိုတယ်တွေကို အခွန်တောင်းခံတဲ့စာတွေ ပို့ထားတယ်လို့ အင်တာနက် လူမှုကွန်ရက်မှာ ပျံ့နှံ့ နေတာဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသအတွင်းမှာ စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းရှင်တွေ ၊ ရင်းနှီးမြုပ်နှံတာတွေလုပ်တဲ့ ကုမ္ပဏီတွေ အနေနဲ့ PSLF/TNLA အခွန်ဦးစီးကနေ ကောက်ခံတဲ့ ရံပုံငွေ ထည့်မှသာ လုပ်ငန်း ဆောင်ရွက် ခွင့် နဲ့ လိုအပ်တဲ့ စောင့်ရှောက်တာတွေကို လုပ်ပေးမှာဖြစ်တယ်လို့ အဲ့ဒီစာမှာ ပါရှိပါတယ်။

အဲ့ဒီအခွန်ငွေကို ဒီနေ့ မေလ ၅ ရက်နေ့ နောက်ဆုံး ထား ပေးသွင်း ရမှာဖြစ်ပြီး တကယ်လို့ ရန်ပုံငွေ မထည့်ဘူး ဆိုရင် လိုအပ် တဲ့ စောင့်ရှောက်မှုတွေ လုပ်ပေးမှာမဟုတ်တဲ့အကြောင်းနဲ့ သတင်း ပေါက်ကြားခဲ့ရင် နောက်ဆိုးကျိုးပြဿနာတွေကို မဖြစ်ပွားအောင် အထူးသတိပြုရန်ဆိုပြီး ရေးသား ထားပါတယ်။

Photo: Kan Thar/ RFA

(TNLA တပ်ဖွဲ့ဝင်များ)

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

ခရမ်းပြာဂယက်

လင်ကြီးငုတ်တုတ်ရှိလျက် ဖောက်ပြန်တဲ့အမျိုးသမီးကို ဘယ်လို ဥပဒေမျိုးနှင့် အရေးယူသင့်