လာမည့်ပညာသင်နှစ်ကစ၍ ကျောင်းသားများကို တော်၊ သင့်၊ ညံ့သတ်မှတ်၍ အခန်းမခွဲတော့ဟု ဆို

၂၀၁၇- ၁၈ ပညာသင်နှစ်တွင် ကျောင်းသားများကို တော်၊ သင့်၊ ညံ့သတ်မှတ်ပြီး အခန်းမခွဲတော့ ဘဲ ကျောင်းသားများအားလုံးကို ရောနှောထားရှိမည့်စနစ် ကျင့်သုံး မည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိ ယ၀န်ကြီးက ပြောကြားသည်။
‘‘အရင်လိုမိမိကလေးကို အေတန်းမှာ ထားချင်လို့ဆိုပြီး လိုက် လုပ်ရတာမျိုး မရှိတော့ဘူး။ အေ၊ ဘီ၊စီ၊ဒီ အခန်းခွဲ ဘယ်လောက်ပဲရှိ ပါစေ တော်တဲ့သူ သတ်မှတ်ခြင်းခံ ရသူပါမယ်၊ ညံ့တယ်လို့သတ်မှတ် ခြင်းခံရသူပါမယ်’’ဟု ဧပြီ ၂၆ ရက်က ၀န်ကြီးဌာန တစ်နှစ်တာ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပညာ ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦး ၀င်းမော်ထွန်းက ပြောကြားသည်။
ယင်းကဲ့သို့ စနစ်ပြောင်းလဲ ကျင့်သုံးရခြင်းသည် ကလေးများ နှင့် မိဘများကိုယ်တိုင် ညံ့သည့်အ ခန်းတွင် နေရသည်ဟု စိတ်အား ငယ်မှုမျိုးမရှိနိုင်တော့ရန် ရည်ရွယ် သည်ဟု ၎င်းကဆိုသည်။
‘‘အရင်တော်သူလို့ ယူဆ ထားတယ်။ ညံ့သူလို့ ယူဆထားသူ အားလုံးပေါင်းပြီး ပူးပေါင်းဆောင် ရွက်မှုရအောင် ဖြစ်ပါတယ်’’ဟု ၎င်းကပြောကြားသည်။
အခြေခံပညာကျောင်းများ တွင် အခန်းမခွဲတော့ဘဲ တော်၊သင့်၊ညံ့အလိုက် ရောနှောထားရှိမည့် စနစ်ကို ကျောင်းသားမိဘအချို့ က ကျေနပ်မှုရှိသည်ဟုဆိုသည်။
‘‘သဘောကျတယ်။ ဒီစနစ် ကို’’ဟု ပျဉ်းမနားမြို့ ပေါင်း လောင်းရပ်ကွက်နေ ကျောင်းသား မိဘတစ်ဦးက ပြောသည်။
‘‘တော်တဲ့သူနဲ့ ညံ့တဲ့သူတွေ ကို ပူးပေါင်းဆောင်ရွက်ပြီးတော့ ဆွဲခေါ်နိုင်ဖို့ ဒါတွေကို ဖော်ဆောင် ချင်တဲ့အတွက် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်’’ဟု ပညာရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက် တာခိုင်မြဲက ပြောသည်။
===========
7Day News Journal
http://www.7daydaily.com/story/95111

Comments
Post a Comment