မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ပါ ကော်မတီသည် စစ်ရေးမဟာမိတ်အဖွဲ့မဟုတ်ဟု UWSA ပြော

မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ပါ ကော်မတီသည် စစ်ရေးမဟာမိတ်အဖွဲ့မဟုတ်ဟု UWSA ပြော

 မြောက်ပိုင်းလက်နက် ကိုင်ခုနစ်ဖွဲ့ပါဝင်သည့် ပြည် ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်း ရေးကော်မတီသည် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရန် ဖွဲ့စည်းထား သော စစ်ရေးမဟာမိတ်အဖွဲ့အ စည်းတစ်ခုမဟုတ်ကြောင်းနှင့် အစိုးရ၊ တပ်မတော်နှင့် အများ ပြည်သူများအနေဖြင့် ကော်မတီ အပေါ် အထင်မလွဲမှားစေရန် မျှော်လင့်ကြောင်း ‘ဝ’လက်နက် ကိုင်အဖွဲ့ (UWSA) ဥက္ကဋ္ဌ ဦးပေါက်ယိုချန်းက ပြောသည်။

UWSA၊ ကချင်လက်နက် ကိုင်အဖွဲ့ (KIO)၊ ရှမ်းလက်နက် ကိုင်အဖွဲ့ (SSPP)၊ မိုင်းလားလက် နက်ကိုင်အဖွဲ့ (NDAA)၊တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုး ကန့်လက်နက်ကိုင်အဖွဲ့ (MND-AA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) တို့ပါဝင်သော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီကို ပြီးခဲ့သည့် ဧပြီကအတည်ပြုဖွဲ့စည်းခဲ့၍ ယင်းကော်မတီဥက္ကဋ္ဌသည် UWSA ဦးပေါက် ယိုချန်းဖြစ်သည်။

ဦးပေါက်ယိုချန်းကို ပြည်ပ မီဒီယာမှ ဆက်သွယ်မေးမြန်းချက်များကို UWSA လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းက မေလ ၁၉ ရက် ည တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်သည်။

‘‘ဌာနချုပ်က တင်ခိုင်းလိုက်တာလေ။ ပြည်ပမီဒီယာလို့ပဲပြောတယ်။  ဘယ်နိုင်ငံဆိုတာ ကျွန်တော်လည်း မသိဘူး’’ ဟု ဦးညီရန်းက ထုတ်ပြန်ချက်နှင့် ပတ်သက်၍ 7Day Daily သတင်း စာအား ပြောသည်။

ဦးပေါက်ယိုချန်းက လက်ရှိ မြန်မာနိုင်ငံမြောက်ပိုင်း၌ ဖြစ်ပွား နေသော ပဋိပက္ခများသည် မြန်မာ-တရုတ်နယ်စပ် တည်ငြိမ်မှုကို ပိုမိုဆိုးရွားစေရုံသာမက တိုင်းရင်း သားအချင်းချင်းကြားတွင် ရန်လို မုန်းတီးမှုများကို မြင့်တက်စေ ကြောင်း၊ မြောက်ပိုင်း လက်နက် ကိုင်အဖွဲ့ခုနစ်ဖွဲ့သည် မြန်မာ- တရုတ်နယ်စပ်၏ ငြိမ်းချမ်းတည်ငြိမ်မှုအတွက် နိုင်ငံရေးနည်းလမ်း ဖြင့် လက်ရှိပြင်းထန်သော စစ်ရေးပဋိပက္ခများကို ဖြေရှင်းရန် ဆန္ဒရှိ ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကိစ္စနှင့်ပတ်သက်၍ အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးရန် အဆင် သင့်ရှိကြောင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း၏ ငြိမ်းချမ်းရေးကို ဆောလျင်စွာ ရရှိရန် အစိုးရအနေ ဖြင့် ကော်မတီနှင့် အမြန်ဆုံးတွေ့ ဆုံ ဆွေးနွေးစေလိုကြောင်း ဦးပေါက်ယိုချန်းက ပြောသည်။

UWSA ဦးဆောင်သည့် မြောက်ပိုင်းလက်နက်ကိုင်ခုနစ် ဖွဲ့သည် တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ် (NCA) လမ်းကြောင်း ပြင်ပမှ ဆွေးနွေးရန် ဆုံးဖြတ်ထား သည်။

တရုတ်အစိုးရ၏ တိုက်တွန်း မှုကြောင့် လာမည့် ၂၁ ရာစု ပင် လုံညီလာခံသို့ ဖိတ်ကြားပါက မေလ ၁၇ ရက်က ထုတ်ပြန်ထား သည့်အတိုင်း ပြည်ထောင်စုနိုင်ငံ ရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ ၏ အဖွဲ့ဝင်ခုနစ်ဖွဲ့သည် တစ်ဖွဲ့ ချင်းစီမဟုတ်ဘဲ ကော်မတီအနေ ဖြင့် တက်ရောက်ရန် အဆင်သင့် ရှိကြောင်း ဦးပေါက်ယိုချန်းက ဆို သည်။

ပြည်ထောင်စုနိုင်ငံရေး ဆွေး နွေးညှိနှိုင်းရေးကော်မတီအနေ ဖြင့် မေလ ၂၄ ရက်တွင် ကျင်းပ မည့် ၂၁ ရာစု ပင်လုံဒုတိယအ စည်းအဝေးသို့ တက်ရောက်ရန် ကိုယ်စားလှယ်အဖွဲ့ အမည်စာ ရင်းကို မေလ ၁၇ ရက်တွင် အ တည်ပြုထားပြီး အဖွဲ့အစည်းအ သီးသီးမှ အဆင့်မြင့်ကိုယ်စား လှယ်များ ညီလာခံတက်ရောက် ရန် ရွေးချယ်ထားကြောင်း ဦးပေါက်ယိုချန်းက ပြောသည်။

အစိုးရက ၂၁ရာစု ပင်လုံ ဒုတိယအစည်းအဝေးတွင် NCA မရေး ထိုးရသေးသည့် အဖွဲ့များကို အထူးဖိတ်ကြားသူ၊ NCA မရေး ထိုးသေးသော်လည်း ကတိပြုချက်ထိုး၍ တက်ရောက်သည့် ကိုယ် စားလှယ်နှင့် NCA ရေးထိုး၍ အ ပြည့်အဝပါဝင်ခွင့်ရှိသည့် ပုံစံသုံး မျိုးဖြင့် ပါဝင်ခွင့်ပေးထားသည်။

#7Day

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

ခရမ်းပြာဂယက်

လင်ကြီးငုတ်တုတ်ရှိလျက် ဖောက်ပြန်တဲ့အမျိုးသမီးကို ဘယ်လို ဥပဒေမျိုးနှင့် အရေးယူသင့်