ကျောင်းစရိတ် အတွက် အပြာ ဗီဒီယို ရိုက်ပြီးငွေရှာတဲ့ တက္ကသိုလ် ကျောင်းသူ နောက်ဆက်တွဲ
တက္ကသိုလ်ကျောင်းသူ အပြာ ဗီဒီယိုမယ် မီရီယမ် ရဲ့ ဖခင် ဟာ အာဖဂန်နစ္စတန်ကပြန်လာခဲ့ပါပြီ။
အာဖဂန်မှာ စစ်တပ် ဆရာဝန် အဖြစ်တာဝန်ထမ်းဆောင်နေ တဲ့ဒေါက်တာ ကယ်ဗင် ဟာကျောင်း စရိတ် အတွက် အပြာ ကားတွေရိုက်ပြီးငွေရှာနေတဲ့အကြောင်း ဂုဏ်ယူဝင့်ကြွားစွာပြောဆိုနေတဲ့ သမီး ကို သတင်းတွေ မှာတီဗီမှာ မမြင်ချင်အ ဆုံးမြင်နေ ရ၊မကြားချင်အဆုံးကြားနေခဲ့ရပါတယ်။
Duke တက္ကသိုလ် မှာ တက်ရောက်ဖို့ အတွက် တနှစ် ဒေါ်လာငါးသောင်းနဲ့ အထက်ကုန်ကျ မယ့် ကျောင်းစရိတ် အတွ က်သမီးဖြစ်သူဟာ အပြာကား ရိုက်ပြီး ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဝါရှင်တန်၊စပို့ ကိန်း က ဘာသာတရား ကိုင်းရှိုင်း တဲ့ကတ်သလစ်မိသားစုက ကြီးပြင်းလာခဲ့တဲ့ မီရီယမ် တစ်ယောက်ခုလို သူ့ ကျောင်း စရိတ်အတွက် အပြာကား ရိုက်ပြီးငွေ ရှာခဲ့ရပါ တယ်ဆိုတဲ့ကိစ္စဟာ မိသားအတွင်းမှာတော့ တကယ့် ကို နှ လုံးကြေကွဲ စရာဖြစ်ရပ် တစ်ခုဖြစ် ခဲ့ပါတယ်။
ဒေါက်တာကယ်ဗင်(၅၄နှစ်)နဲ့ ဇနီးဟာချာရမ်(၄၈နှစ်)တို့ ဟာ သူတို့ သမီးအပြာမယ် အဖြစ်လုပ်ကိုင်နေ တယ် ဆိုတဲ့သ တင်း အင်တာနက်ပေါ်၊တီဗီတွေပေါ်မှာမထုတ်လွှင့်ခင် တရက်အလိုလောက်မှ ဒီကိစ္စကိုသိခဲ့ကြရတယ်။အခုတော့ အရှေ့ ဆီယက်တဲလ်နဲ့ အရှေ့ မိုင်၂၅၀လောက်ဝေးတဲ့ စပို့ ကိန်း ဆင်ခြေဖုံး ကအိမ်လေးထဲ မှာ ဒီဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့ သမီးရဲ့ အဖြစ်အပျက်ကို လက်ခံလာနိုင်အောင်တဖြည်းဖြည်းကြိုး စားနေကြရပါပြီ။
တချိန်ကကတ်သလစ်မဂ္ဂဇင်းမှာဖော်ပြခံခဲ့ရတဲ့မီရီယမ်၊အခု အပြာမယ် Belle Knox
Credit : Sunthit
Comments
Post a Comment