အမေရိကန်အထိ ရောက်နိုင်သည့် မြောက်ကိုရီးယား ဒုံးကျည်များအကြောင်း

  

 မြောက်ကိုရီးယားမှာ အကွာအဝေးအဆင့်အလိုက် တီထွင်ဖန်တီးထားတဲ့ ဒုံးကျည်တွေရှိနေတာဖြစ်ပြီး ပထမအဆင့်မှ စတုတ္ထအဆင့်ထိ ရှိနေတယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားက ဒုံးကျည်လေးဆင့် အဝေးဆုံးရောက်ရှိနိုင်တဲ့ အကွာအဝေးတွေကို ခန့်မှန်းတွက်ချက်ထားတဲ့ အတိုင်းအတာနဲ့ ပုံတွေကို ဘီဘီစီရဲ့ ဧပြီ ၁၆ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။
ပထမအဆင့် နိုဒုန်လို့ခေါ်တဲ့ ဒုံးကျည်က မြောက်ကိုရီးယားမှ ကီလိုမီတာ ၁၃၀၀ အထိ ရောက်နိုင်ပြီး ဒီဒုံးကျည်ကို ပစ်လွှတ်ရင် ဂျပန်နိုင်ငံထိ ရောက်နိုင်မှာပါ။ အဲ့ဒီနောက် ဒုတိယအဆင့် တဲပိုဒုန်-၁ အမည်ရှိ ဒုံးကျည်က ကီလိုမီတာ ၂၀၀၀ အထိရောက်နိုင်ပြီး တရုတ်နိုင်ငံအထိ ရောက်ရှိနိုင်မှာပါ။
ဒုံးကျည်တတိယအဆင့်ဖြစ်တဲ့ မူဆူဒန်လို့ခေါ်တဲ့ ဒုံးကျည်ကို ပစ်လွှတ်ရင် ကီလိုမီတာ ၄၀၀၀ အထိရောက်နိုင်ပြီး ရုရှားနိုင်ငံကို ရောက်နိုင်တယ်လို့ မြေပုံဖော်ပြချက်အရ သိရပါတယ်။
စတုတ္တအဆင့် ဒုံးကျည် တဲပိုဒုန်-၂ ကို ပစ်လွှတ်ရင် ကီလိုမီတာ ၈၀၀၀ အကွာထိ ရောက်နိုင်တယ်၊ အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံနဲ့ အလက်စကားထိ ရောက်မယ်လို့ ခန့်မှန်းကြပါတယ်။
မြောက်ကိုရီးယားဒုံးကျည်တွေ မကြာခင်မှာ ပစ်လွှတ်နိုင်တယ်လို့ ဧပြီလ ၁၆ ရက်နေ့ အစောပိုင်းမှာ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်အရာရှိတွေက ပြောလိုက်ပါတယ်။
ပစ်လွှတ်မဲ့ဒုံးကျည်ဟာ ဘယ်လစ်စတစ်ဒုံးကျည်လို့ခေါ်တဲ့ ပဲ့ထိန်းစနစ်ဖြင့် ပစ်လွှတ်ပြီးနောက် လမ်းကြောင်းတစ်လျှောက် အလွတ်ပျံသန်းပြီး ကျရောက်လာတဲ့ ဒုံးကျည်မျိုးဖြစ်မယ်လို့ ယူဆကြောင်း အမေရိကန်ပစိဖိတ် စစ်အရာရှိက ပြောပါတယ်။

စုံစမ်းမှုတွေ ဆက်လက်လုပ်နေဆဲဖြစ်ပြီး အရပ်ဖက်အရာရှိတစ်ဦးကတော့ ပစ်လွှတ်မဲ့ ဒုံးကျည်ဟာ ကမ္ဘာအနှံ့ပျံ့နှံ့နိုင်တဲ့ အိုင်စီဘီအမ်ဒုံးကျည် (ပဲ့ထိန်းစနစ်နဲ့ပစ်လွှတ်တဲ့ အနည်းဆုံး ကီလိုမီတာ ၅၅၀၀ အကွာကို ရောက်နိုင်တဲ့ နျကလီးယားထိပ်ဖူး တစ်ခု သို့မဟုတ် တစ်ခုထက် ပိုမိုတပ်ဆင်ထားသော ဒုံးကျည်) မဟုတ်နိုင်ဘူးလို့လည်း သံသယရှိနေပါတယ်။
ဘယ်လစ်စတစ်ဒုံးကျည်တွေဟာ ဦးစွာ လမ်းညွှန်ချက်အတိုင်း ဒုံးကျည်သွားတဲ့ လမ်းကြောင်းတစ်လျှောက် အမြင့်ဆုံးလိုက်ပြီးနောက် မြေပြင်ပေါ် သတ်မှတ်တဲ့နေရာမှာ ပေါက်ကွဲတာပါ။
ကမ္ဘာအနှံ့ ဦးတည်တဲ့ နေရာတွေကို ရောက်ရှိနိုင်တဲ့ အိုင်စီဘီအမ်ဒုံးကျည်မှာ နျူကလီးယားထိပ်ဖူးကို တပ်ဆင်နိုင်ဖို့ မြောက်ကိုရီးယားက ရည်ရွယ်လုပ်ဆောင်နေတာပါ။

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

ခရမ်းပြာဂယက်

လင်ကြီးငုတ်တုတ်ရှိလျက် ဖောက်ပြန်တဲ့အမျိုးသမီးကို ဘယ်လို ဥပဒေမျိုးနှင့် အရေးယူသင့်