မျိုးဇော်ထွေးဆိုသူဟာ အင်္ဂလိပ်စာ ဆရာဟောင်း တဦးဖြစ်သလို ပခုက္ကူမြို့ပေါ်ပရဟိတ လုပ်တဲ့နေရာမှာ အလွန်နာမည်ကြီးသူဖြစ်ပြီး ပရဟိတကျောင်းဖွင့်ကာ ကလေးတွေကို စာသင်ပေးနေသူဖြစ်တယ်လို့သိရပါတယ်။
သူဟာ ဖေ့စ်ဘုတ်ပေါ်မှာရော ပတ်ဝန်းကျင်မှာပါ မိမိနီးစပ်ရာထိတွေ့သမျှ မိန်းကလေး အပျိုအရွယ် မလည်မ၀ယ် တောသူမလေးတွေကို တမင်ရွေးချယ်ကာ ရင်းနှီးအောင်ပြုပြီး မိတ်ဆွေအဖြစ် သူနဲ့တွေ့ဆုံတဲ့အခါ စိတ်ကြွဆေးတစ်ချို့သုံးကာ အပျိုမလေးတွေကို ကာမရယူတတ်သူဖြစ်တယ်လို့ သိရပါတယ်။
ပရဟိတသမား အင်္ဂလိပ်စာဆရာဟောင်း မျိုးဇော်ထွေး နောက်ဆုံး အဓမ္မပြုကျင့်ခဲ့တဲ့ မိန်းကလေးကတိုင်တန်းခဲ့တာကြောင့် ပခုက္ကူ ရဲစခန်းက တိုင်တန်းမှုအရဖမ်းဆီးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
Source - Zin Moe



Comments
Post a Comment