ကျိုင်းတုံ စွမ်းအင်ကုမ္ပဏီ၏ ဆောင်ရွက်ချက်များကို ဒေသနေပြည်သူအချို့အား ကုမ္ပဏီမှခေါ်ယူပြောပြ ကျိုင်းတုံ

ကျိုင်းတုံ စွမ်းအင်ကုမ္ပဏီ၏ ဆောင်ရွက်ချက်များကို
ဒေသနေပြည်သူအချို့အား ကုမ္ပဏီမှခေါ်ယူပြောပြ
ကျိုင်းတုံ ဧပြီ ၂၇

သတင်းခေါင်းစဉ်ကတော့ အထက်ပါအတိုင်းဖြစ်ပါတယ်။
_____________________________

ကျနော်​တို့ ရဲဘော်ဟောင်းကျေးရွာမှာ အရင်ကမီးကို မမြင်ဘူးပါဘူး အခုမနက်ဆိုထမင်းချက်လို့ရပြီ ညဆိုတီဗီကြည့်လို့ရပြီ
ကလေးတွေလည်းစာမေးပွဲအချိန်ဆို စာကျက်လို့ရပြီ အဆင်ပြေသွားပါပြီ ဒါကြောင့် စွမ်းအင်ကုမ္ပဏီကို ထောက်ခံပါတယ် ဟု
အဲ့ဒီကျးရွာမှ စစ်မှုထမ်းဟောင်းတစ်ဦးက အခမ်းအနားမှာ
ပြောပါတယ်။
_____________________________

လွှတ်တော်ကိုယ်စားလှယ် မဖြစ်ခဲ့ပေမယ့် ပြည်သူတွေ
သိချင်တဲ့ကိစ္စကို ဒေါက်တာ ၀ဏ္ဏစိုးက မေးမြန်းသွားပါတယ်။ အဖြေ မရပါဘူး။

ဒေါက်တာဝဏ္ဏစိုးမေးမြန်းမှု
ကုမ္ပဏီက နှစ်နာမှုအချို့ကိုပဲ ဟိုက်လိုက် လုပ်ပြီးပြောသွားတာတွေ့ရပါတယ်။ အဲ့ဒီပြောသွားတဲ့
အထဲကပဲ ကျနော်​သိချင်တာကတော့-
(၁) မြေငှားရမ်းထားတယ် ဆိုတဲ့ဟာ အဲ့ဒါမြေငှားရမ်းခ
ဘယ်လောက်ပေးရသလဲ သိလိုပါတယ်။
(၂) ပြည်ထောင်စုအစိုးရ၊ရှမ်းပြည်နယ်အစိုးရနဲ့ချုပ်ဆိုတဲ့
စာချုပ်ပြည့်ပြည့်စုံစုံ သိလိုပါတယ်။
စာချုပ်ရဲ့သဘောသဘာဝကိုလည်း သိလိုပါတယ်။ အမ်အိုယူလား အ့ဂရိမန့် လားဆိုတာ ကွဲကွဲပြားပြား သိလိုပါတယ်။ စာချုပ်ပါအချက်အလက်တွေကို ဖောက်ဖျက်ရင် ဘယ်လိုအရေးယူမှု အပိုင်းတွေ
ရှိနိုင်မယ်ဆိုတာ သိလိုပါတယ်
(၃) မိုဘိုင်းတာဝါတိုင်တွေကို (ကျနော်သိသလောက် မိုဘိုင်းတာဝါတိုင်တွေမှာ ကိုယ်ပိုင်ဆီပန့်ပိုးမှုရှိပါတယ် ကိုယ်ပိုင် ဂျန်နရေတာတွေ ရှိပါတယ်)အဲ့ဒီအတွက် မိုးဘိုင်းတာဝါတိုင်တွေကို မီးပေးနေရတဲ့ အခက်အခဲရှိတယ်
လို့ ပြောသွားပါတယ် အဲ့ဒါ ရှင်းရှင်းလင်းသိလိုပါတယ်။
(၄) အိမ်ခြေပေါင်း (၂၁၂၄၁)အိမ်မှာ ကုမဏီက လစဉ်ရနေတဲ့ အသားတင်ရငွေအမောင့်ကိုလည်း သိလိုပါတယ်။
(၅) လောလောဆယ်လူတိုင်းစိတ်ဝင်စားနေတဲ့ ညနေ(၄)နာရီကနေည(၁၁)နာရီအထိပဲ ရနေတာ အဲ့ဒါ ဘယ်လို ဖြေရှင်းပေးမလဲဆိုတာ သိလိုပါတယ်။

_________________________

April 27
ကျိုင်တုံမြို့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကို တာဝန်ယူထားသည့် ကျိုင်းတုံ စွမ်းအင်ကုမ္ပဏီ၏ ဆောင်ရွက်ချက် များကို ကျိုင်းတုံဒေသနေ ပြည်သူများအား ဖိတ်ကြား၍ ရှင်းလင်းပြောပြပွဲကို ယနေ့နံနက်(၉)နာရီက မြို့တော်ခန်းမတွင် ပြုလုပ်သည်။
"ကျိုင်းတုံစွမ်းအင်ကုမ္ပဏီက၂၀၁၄ခုနှစ်ဧပြီလမှာ ကျိုင်းတုံမြို့ဓာတ်အားဖြန့်ဖြူးရေး တာဝန်ကို မြို့မီးလင်းရေး ကော်မတီထံမှ လွှဲပြောင်းယူခဲ့တယ်၊ အဲ့ဒီမတိုင်ခင် နှစ်လလောက်မှာ ကုမ္ပဏီက ဒီခန်းမမှာပဲ ပြည်သူနဲ့ တွေ့ဆုံပြီး သူတို့တာဝန်ယူတဲ့အချိန် ဓာတ်အားခ တိုးမြှင့်ကောက်ခံမယ့် သဘောတူညီချက် နဲ့ ကတိက၀တ်(၅)ချက်ပြန်ပေးခဲ့တဲ့ အထဲမှာ၂၀၁၆ တွင် တစ်ရက်(၂၄)နာရီ လျှပ်စစ်မီး ပေးပါမယ် ဆိုတဲ့အချက် ပါတယ်။ ဒါကို တစ်မြို့လုံးလည်းသိတယ်။ ဒါပေမယ် ၂၀၁၆ ခုနှစ် မိုးရာသီနဲ့ဆောင်းရာသီမှာ မီးပျက်ရက် သိပ်မရှိပေမယ့် နွေရာသီတစ်ခုလုံး တစ်ရက် (၁၀)နာရီပဲရခဲ့တယ်။ အခု ၂၀၁၇ခုနှစ် နွေရာသီမှာလည်း တစ်ရက်(၁၀)နာရီလောက်ပဲ ရတယ်။ သူတို့ ကတိပျက်ကွက်ခဲ့လို့ ပြည်သူက ဆန္ဒဖော်ထုတ်မယ်ဆိုတာ ဖြစ်လာပါတယ်။ အခုသူတို့က ပြည်သူကို ဖိတ်ကြားပြီးတွေ့ဆုံတာပါ" ဟု မြို့မိမြို့ဖတစ်ဦး
က ပြောသည်။
တွေ့ဆုံပွဲတွင် ကျိုင်းတုံစွမ်းအင်ကုမ္ပဏီအထွေထွေမန်နေဂျာ ဦးမြင့်နိုင်က ကုမ္ပဏီ၏ရင်းနှီးမြုပ်နှံမှုများ၊
ကုမ္ပဏီမှ တည်ဆောက်ပြီးစီး၍ လည်ပတ်လျက်ရှိ့သည့် ရေအားသုံး နမ်းစိုဓာတ်အားပေးစက်ရုံ တည်ဆောက် မှုများ၊ ပြည်သူများဓာတ်အား ပိုမိုသုံးစွဲလာမှုမျာ၊ လေလွင့်ပျောက်ဆုံးဓာတ်အားအခြေအနေများ၊ ၂၄နာရီပေးနေရ
သော အရေးကြီး ဌာနများ၊ ရေအားမလုံလောက်မှုများ ကို ရှင်းလင်းပြီး လာမည့်နွေရာသီတွင် ဘိုင်အိုဒီဇယ်ဖြင့် ဓာတ်အားပေး စက်မောင်းနှင်၍ လျှပ်စစ်လုံလောက် အောင်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းသည်။

ထို့နောက် တက်ရောက်လာသူများက ကုမ္ပဏီ၏ ဆောင်ရွက်မှုအခြေအနေများ၊ အချို့နေရာများတွင် ဓာတ်အားခကို ကုမ္ပဏီသတ်မှတ်နှုန်းထားထက် ပိုပိုပေးဆောင်နေရမှုများ၊ တာဝန်ယူချိန်ကတိက၀တ်ပြုထား သည့်အတိုင်း တစ်နေ့လျင်၂၄ နာရီလျှပ်စစ်မီး ပေးနိုင်/မပေးနိုင်၊ လက်ရှိပေးနေသော တစ်နေ့ (၁၀)နာရီထက် တိုး၍ပေးနိုင်/မပေးနိုင်၊ ပြည်သူအားညီမျှသော ဓာတ်အားခနှုန်းနှင့်ညီမျှသည့်ဓာတ်အားပေးနိုင်/မပေးနိုင်တို့ကို မေးမြန်းကြသည်။
"ကျနော်တို့မေးတဲ့မေးခွန်းက ရှင်းရှင်းလေးပါ ၂၄နာရီ စာချုပ်ထားတယ် မပေးနိုင်ဘူး ဘယ်တော့ပေးနိုင် မလဲ ဆိုတော့ ဖြေရခက်ရောဗျာ အဲ့တော့ တစ်ရက် ၂၄နာရီမပေးနိုင်ဘူးဆိုရင် ဘယ်လောက်တိုး ပေးနိုင်မလဲ သို့တည်းမဟုတ် လူထုကို ညီညီမျှမျှပေးနိုင်တဲ့ နည်းလမ်းများရှိမလား ဆိုတာတွေ ဒါပေမယ့် ကုမ္ပဏီက ရှင်းပြသွားတာများများ တစ်နှစ်ကို သိန်းပေါင်း ဘယ်လောက်စိုက်ရတယ် အနှစ်နာခံနေတယ်ဆိုတဲ့သဘော ပြောတယ် အဖြေမရဘူး" လို့ အမှတ်(၂)ရပ်ကွက်၊ SCGကွန်ပျုတာစင်တာမှ ဦးစိုင်းဝင်းမြင့် က အခမ်းအနား
တွင် ပြောသည်။

"ရေအားလျှပ်စစ်မှာ ရင်းနှီးထားပြီဆိုရင် နောင်ကာလမှာ မြောက်များစွာသောအမြတ်ရနိုင်သော လုပ်ငန်းဖြစ် တယ်။ အခု လူထုဆန္ဒပြမှာကိုလည်း ကျနော်တို့ မလိုလားဘူး ဒါကြောင့် ဖြစ်သင့်တာက ရေအားလျှပ်စစ်အပြင် အခြားနည်းနဲ့ နည်းနည်းတိုးပေးမယ်ဆိုရင်တော့ လူထုအသံ နည်းနည်းလျော့သွားမယ်လို့ မြင်မိပါတယ်။
တက်ရောက်လာတဲ့ပုဂ္ဂိုလ်အားလုံးအမြင် ရှင်းရှင်းလေးပဲ အဖြေလည်းမရဘူး နှစ်ခါသုံးခါရှိပြီဗျာ။
ခင်ဗျားတို့ သတ္တရှိရင်ဝင်လုပ်ပါ ကျနော်တို့နောက်ဆုတ်မယ် ဆိုတာ စိန်ခေါ်မှုတစ်ခုပဲ။ ဒါပေမယ့် အဲ့ဒီကုမ္ပဏီ သိထားရမှာက ပြည်သူလူထုထက် အင်အားကြီးမားသော ဘယ်အဖွဲ့အစည်း ဘယ်ပါတီမှ မရှိပါဘူး အဲ့ဒီလိုသာ
လူထုများကို စိမ်ခေါ်မယ်ဆိုလို့ရှိရင်တော့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ မတည်ငြိမ်သော တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပဋိပက္ခပဲ ဆောင်မယ်ဆိုတာ မြင်တဲ့အတွက်ကြောင့် ကျနော့အနေဖြင့် ဦးမြင့်နိုင်ကို အနူးအညွတ် တောင်းပန်ခြင်း ဖြစ်ပါတယ်" ဟု ဦးစိုင်းဝင်းမြင့်က ဆက်ပြောသည်။

"နားလည်နည်းနည်းလွဲမှာနေပြီပေါ့ဗျာ.. လက်ရှိအနေအထားမှာ အချိန်လေးမမီလိုက်လို့ ကျနော်တို့လုပ်နေတဲ့ကြားက အားနည်းချက်ရှိခဲ့တာကို နားလည်ပေးဖို့။
နောက်ဒီလိုမဖြစ်ဖို့ လာမယ့်နှစ်မှာ မိုင်းမရေအားလျှပ်စစ်က နိုင်ငံရေးရာသီဥတုကြောင့် မရခဲ့ရင်
ဘိုင်အိုဒီဇယ်နဲ့ ယိုးဒယားကုမ္ပဏီကိုချိတ်ပြီး တစ်ယူနစ်(၃၀၀)နဲ့ ၀ယ်ပြီး(၁၀၀)နဲ့ဖြန့်ပေးမယ်
အဲ့ဒီမှာ ကျနော်တို့ ကတိက၀တ်မှန်လား မမှန်လား ကြည့်ဖို့ပါ။ အခုဟာက ကျနော်ပြောနေတာက မလွန်ဆန်နိုင်တဲ့ ဖြစ်ရပ်တွေကြောင့် ဒီလိုဖြစ်သွားရပါတယ်လို့ပြောနေတာပါ
ကျနော်တို့ မလုပ်ဘူးမဟုတ်ပါဘူး။
ကျနော်တို့ လုပ်တယ် မလုပ်ဘူးဆိုတာ ခင်ဗျားတို့ ခိုင်ခိုင်မာမာ သိချင်တယ်ဆိုရင်
ရှမ်းပြည်နယ်အစိုးရ လျှပ်စစ်ဝန်ကြီးကိုမေးပါ ၀န်ကြီးကိုယ်တိုင် ဒီကိစ္စဦးဆောင်ပြီးလုပ်ပါတယ်.....။
ကျနော်တို့စကားရည်လုပွဲလည်းမဟုတ်ပါဘူး အမြင်မတူပါဘူး။ လူတိုင်းလိုချင်တာ
တောင်းဆိုနိုင်ပါတယ် ချက်ခြင်း လုပ်ပေးနိုင်တာရှိသလို၊ မလုပ်ပေးနိုင်တာလည်းရှိပါတယ်
ဒါလေးကို နားလည်ခွင့်လွတ်ပေးဖို့ ကျနော်ပြောတာပါ ခုနကလိုစိမ်ခေါ်တာ မဟုတ်ပါဘူး......။
အချိန်လေးနည်းနည်းပေးပါ သည်းခံပေးပါ ဟု ဦးမြင့်နိုင်က ရှင်းလင်းသည်။

တွေ့ဆုံရှင်းလင်းပွဲကို ပြည်နယ်အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများ၊ ဖိတ်ကြားထားသော ဒေသနေ ပြည်သူများ တက်ရောက်ကြသည်။
#mmn(ktg)

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

ခရမ်းပြာဂယက်

လင်ကြီးငုတ်တုတ်ရှိလျက် ဖောက်ပြန်တဲ့အမျိုးသမီးကို ဘယ်လို ဥပဒေမျိုးနှင့် အရေးယူသင့်