ကလေးငယ်ရဲ့ အနာဂတ်ကတော့ တကယ်ကိုရင်လေးစရာကောင်းနေ
ကလေးငယ်ရဲ့ အနာဂတ်ကတော့ တကယ်ကိုရင်လေးစရာကောင်းနေ
ဒီကလေးငယ်ကို မှတ်မိသွားအောင် ပြန်လည်ဖော်ပြရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ တစ်နှစ်လောက်တုန်းက သူ့ရဲ့အဖွားအတွက်နဲ့ကတ်ကတ်လန်အောင် ရန်ပြန်တွေ့နေတဲ့ ချစ်စဖွယ်ကလေးငယ်လေးလေလို့ပြောရင်တော့ မှတ်မိအုံးမယ်ထင်ပါတယ်။အဲ့ဒီတုန်းကလည်း သူရဲ့ အဖွားရောင်းချနေတဲ့ ဈေးဆိုင်ကို ဈေးတာဝန်ရှိသူတွေက ဖယ်ရှားနေတာကို မခံချင်စိတ်နဲ့ ပြန်လည် ပြီး အော်ဟစ်ရန်တွေ့ခဲ့ကြတဲ့ ဗီဒီယိုလေးထဲမှာတော့ လူတိုင်းက ချစ်ဖို့ကောင်းလို့ဆိုပြီး ၀ိုင်းဝန်းရယ်မောခဲ့ကြပါသေးတယ်။
ဒါပေမယ့် အဲ့တစ်ခေါက်လွန်ပြီးတော့ ဒီတစ်ခေါက်မှာတော့ ပိုမိုဆိုးရွားတဲ့ အကျင့်စရိုက်လေးနဲ့ ပေါ်ထွက်လာခဲ့တာဘဲဖြစ်ပါတယ်။ကောင်လေးဟာ အခုဆိုရင် အသက် ၅နှစ်ရှိနေပြီဖြစ်ပြီးတော့ သူ့ကိုချစ်စနိုးနဲ့ခေါ်တဲ့နာမည်ကတော့ ရှောင်ပန်း ဘဲဖြစ်ပါတယ်။အခုတစ်ခါမှာတော့ သူ့ရဲ့ အဘွားဆိုင်ရှေ့မှာ ပိတ်ပြီး လာရပ်မိတဲ့ ထရပ်ကားပေါ်က ဒရိုင်ဘာ အမျိုးသမီးကို ဓားတစ်ချောင်းကိုင်လို့ အော်ဟစ်ကြိမ်းမောင်းနေခဲ့တာဘဲဖြစ်ပါတယ်။ဒေါသအရမ်းထွက်နေခဲ့တဲ့၎င်းကောင်လေးဟာ ဆိုင်ရှေ့ကနေထွက်သွားဖို့ ပြောဆိုပြီးတော့ ကားတာယာကို ဓားနဲ့ ထိုးခွဲဖို့ ပြုလုပ်ခဲ့ပါသေးတယ်။
(အောက်မှာ အဖြစ်အပျက်အပြည့်အစုံကို ဗီဒီယိုနဲ့ ဖော်ပြထားပါတယ်)
Comments
Post a Comment