မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ် ဖမ်းဆီးရမိ


၂၇-၄-၂၀၁၇ ရက်နေ့၌ ရှမ်းပြည်နယ်(လားရှိုး)၊ ဒုတိယညွှန်ကြားရေးမှူး ခေါင်းဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ် ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်ခြင်းအား ရှာဖွေဖော်ထုတ်လျက်ရှိရာ လားရှိုးမြို့နယ်၊ မြို့ရှောင်လမ်းတိုးလ်ဂိတ်တွင် (၂၂)ဘီးတွဲကားယာဉ်အား စစ်ဆေးရာ ဖုံးကုန်များဖြင့် သယ်ဆောင်လာသော တရားမဝင် ပိတောက်ဓါးရွေ (၅)တန်ခန့်ကို တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိပြီး၊ တရားမဝင် သစ်/ယာဉ်နှင့် တရားခံများအား ထိရောက် စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် ပ-ပ-က(၆)၁ဖြင့် အမှုဖွင့်လှစ်ထားပါသည်။



သစ်တော
Credit by Lashio Media

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

ခရမ်းပြာဂယက်

လင်ကြီးငုတ်တုတ်ရှိလျက် ဖောက်ပြန်တဲ့အမျိုးသမီးကို ဘယ်လို ဥပဒေမျိုးနှင့် အရေးယူသင့်