လှေပိုင်ရှင်ထိုင်းသဌေးဖြစ်သူမှ မြန်မာလှေလုပ်သားအား သေနတ်ဖြင့် အသေပစ်ခတ်ပေမယ့် မသေပဲ ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေဆဲ ..



လှေပိုင်ရှင်ထိုင်းသဌေးဖြစ်သူမှ မြန်မာလှေလုပ်သားအား
သေနတ်ဖြင့် အသေပစ်ခတ်ပေမယ့် မသေပဲ ဆေးရုံတွင်
အရေးပေါ်ဆေးကုသမှုခံယူနေဆဲ ..
======================
ခိုင်အတ                                       Date 22-4-17
              ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ကူရပူရီမြို့နယ်
နံယောင်းငါးဖမ်းလှေဆိပ်တွင်လှေပိုင်ရှင်သူဌေးဖြစ်သူမှ
အလုပ်သမားဖြစ်သူအားသေနပ်ဖြင့်ပစ်ခတ်မှုတခုဖြစ်ပွါး
ခဲ့သည်ဟုသိရှိရသည်။ဖြစ်ပုံမှာလှေထွက်ခါနီးအလုပ်သမားဖြစ်သူမှ
ဈေးဝယ်သွားရန်ပြင်နေစဉ်သူဌေးဖြစ်သူမှ
ပေးမသွားပဲလက်ဖြင့်အလုပ်သမားကေါင်းပေါ်တချက်ထု
လိုက်သည်ဟုသိရသည်ထိုအချိန်တွင်အလုပ်သမားမှပြန်
လည်ခုခံသဖြင့်သူဌေး၏နောက်လိုက်ထိုင်းလူမျိုးပဲ့နင်းမှ
လာရောက်ပြီးရိုက်နှက်သည်ဟုသိရသည်။၎င်းနောက်
သူဌေးမှာစိတ်ဆိုးသွားပြီးလှေပေါ်ဆင်းလာကာချက်ချင်း
လှေကြိုးဖြုတ်၍ကမ်းမှလှေထွက်ခွါလိုက်သည်ဟုသိရ
သည်။ လှေထွက်လာပြီးကင်လယ်ပြင်တဝှက်လောက်အ
ရောက်ညနေ ၃ နာရီကျော်အချိန်ခန့်တွင်၎င်းအလုပ်သမား
အိပ်နေသည့်အနားသို့လာရောက်ပြီးစကားအနည်းငယ်
မေးပြီးသေနပ်အတိုတလက်ဖြင့်တချက်ပစ်ခတ်ခဲ့သည်ဟု
မျက်မြင်များပြောပြချက်အရသိရသည်။သေနပ်ဖြင့်အပစ်
ခံရသူမှာရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်ကျောက်ကျပ်
ကျေးရွာနေ အဘဦးထွန်းအောင်ဖြူ နှင့်အမိဒေါ်မညိုစိန်
တို့၏သားမောင်မောင်ဌေး အသက် ၂၁ ဖြစ်သူဟုသိ
ရသည်။ ဒါဏ်ရာရသွားသည်မှာပုံပါအတိုင်းတွေ့မြင်ရပြီး
ယ္ခုအချိန်တွင်ဒါဏ်ရာစိုးရိမ်ရ၍ကူရပူရီဆေးရုံမှတခွန်ပါ
ဆေးရုံသို့ပို့ဆောင်ထားသည်ဟုသိရသည်။ ၎င်းအမူအား
ဒေသဆိုင်ရာအစိုးရအာဏာပိုင်အဖွဲ့အစည်းများအား
တိုင်ကြားအမူဖွင့်အရေးယူသွားမည်ဖြစ်ပြီး
သက်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းများနှင့်မြန်မာသံရုံ
တို့နဲ့ပါချိပ်ဆက်ပြီးကျနော်ခိုင်အတမှလိုအပ်သည်များကို
ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
လက်ရှိဖြစ်ပွါးခဲ့သောလှေတွင်ယ္ခင် ၂၀၁၅ ခု ၄ လပိုင်းကလဲ
စက်ခန်းမီးလောင်ပြီး သေဆုံးသူနှစ်ဦးနှင့်ဒါဏ်ရာအပြင်း
ထန်ရရှိကာမည်သည့်နစ်နာကြေးမှမရရှိပဲအမူပျောက်နေ
သည်ဟုသိရသည်။




Photo - ပန်းမတဲ့လိပ်ပြာ                                      
CP - Khaing Ata

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

ခရမ်းပြာဂယက်

လင်ကြီးငုတ်တုတ်ရှိလျက် ဖောက်ပြန်တဲ့အမျိုးသမီးကို ဘယ်လို ဥပဒေမျိုးနှင့် အရေးယူသင့်