"သျှမ်း" နှင့် "ဝ"တို၏ ကွာခြားချက် ᠌᠌᠌

"သျှမ်း" နှင့် "ဝ"တို၏ ကွာခြားချက် ᠌᠌᠌
************************
  ဝ လူမျိုးများသည် အသက်အရွယ်ရလာသည် နှင့်အမျှ UWSA ခေါ် ဝ ပြည်သွေးစည်းညီညွတ် ရေးတပ်မတော်ထဲ ဝင်ရောက်ကာ တာဝန်ထမ်း ဆောင်ကြရပါသည်။


ယခု လျက်ရှိ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ပန်ဆန်း နှင့် တခြားသော ဝ အုပ်ချုပ်သည့် မြို့များထဲတွင် စစ် အင်အား နှင့် ရဲ ၊ ကြက်ခြေနီ ၊ မီးသတ် အဖွဲ့ စသည်များ UWSA မှ ထိပ်သီး ခေါင်းဆောင်များ ဖွဲ့စည်းထားသည့် တပ်ဖွဲ့များနှင့် ပြည့်နှက် နေပါသည် ။
UWSA ဝ အင်အား မှာ ယခု လက်ရှိ တိုင်းရင်းသား တပ်မတော် များထက် အင်အားအတောင့်တင်း ဆုံးအဖြစ် ရပ်တည် နေလျက် ရှိပါသည် ။ ဝ အဖွဲ့သည် ကိုယ်ပိုင် လက်နက်စက်ရုံများ ပိုင်ဆိုင်ထားပြီး  တရုတ် စစ်ပညာရှင် နှင့် အလုပ်လည် ပတ် လျက် ရှိပါသည် ။

ဝ UWSA ထိန်းချုပ်ထားသည့် နယ်မြေများထဲတွင် ဝပြည်သူ များမှာ လွန်စွာနည်းပါးပြီး များသောအားဖြင့် UWSA စစ်သား များ များပြားနေပါသည် ။
ဝ အဖွဲ့တို့သည် ဝလူမျိုးများ အသက် ၁၈ ရလာပြီဆိုတာနဲ့ တပြိုင်နက်ထည်း UWSA ထဲ စစ်မှုထမ်းဆောင် ကြရပါသည် ။ ထို့ကြောင့်လည်း ဝ UWSA တပ်ဖွဲ့ အင်အားများ တောင့်တင်းစွာ ဖြစ်လာရပါသည် ။
အင်အားတောင့်တင်းလာသည် နှင့် တပြိုင်နက် မည်သူ့ကို စိုးကြောက်နေစရာ မလိုတော့ပါ ၊ မြင်ရကြားနေရသည့် အတိုင်း UWSA ဆိုလျှင် ဗမာ တပ်များပင် မလွန်ဆန် နိုင်ရဲသည့် အဆင့်ထိ ရောက်သွားပြီ ဖြစ်ပါသည် ။ စည်လုံးမှုဆိုလျှင်လည်း ပြောမပနိုင်လောက်အောင်ကိုပင် စည်းလုံးလျက် ရှိပါသည် ။
ဝ တို့ ထိန်းချုပ်ထားသည့် မြို့တွင် ဗမာရုံးမရှိရ ၊ ဗမာ ဆေးရုံ မရှိ ။ ဗမာ တပ်မရှိ ။ ဗမာ ဝန်ထမ်းများ မထားရှိပါ ( ၁ယောက် ၂ ယောက်မျှသာ) UWSA ဝ တပ်ကလွဲရင် ဘယ်တပ် မှ မရှိ။

အဓိက ပြောကြားလိုရင်းမှာ ဝ လူမျိုးများသည် မွေးဖွားလာသည် နှင့် UWSA ဝ တပ်မတော် အတွက်ပင် ဖြစ်ပါသည် ။
ဝ လူမျိုးများသည် စစ်ရေး၊ နိုင်ငံရေးများကို ထိပ်ထားဦးစားပေးသော လူမျိုးများဖြစ်သည် ။ (သျှမ်း လူမျိုးများလည်း ဝကို အတုယူစေချင်)


သျှမ်း လူမျိုးများသည် အသက်အရွယ် ရလာသည် နှင့်အမျှ မိသားစု တိုးတက်ရေးအတွက် လုပ်ဆောင်ကြပါသည် ။ မိသားစု သာမက သူတို့၏ မျိုးနွယ်စုများ ကြွယ်ဝချမ်းသာရေး အတွက် တစိုက်ထိုး အလုပ်များကိုပင် လုပ်ဆောင် တတ်ကြပါသည် ။ နိုင်ငံရေး ဆိုလျှင်လည်း "ငါတို့နဲ့ မဆိုင် ငါတို့နဲ့ ဆိုင်တာ ဝမ်းစာပြည့်ရေးနဲ့ ချမ်းသာရေးပဲ " ဆိုပြီး စကားလုံးများကို လက်လွတ်စပယ် ပြောတတ်လေ့ရှိပါသည် ။
(ယခု လူမျိုးစုပြည်နယ်တောင်း ကိစ္စသည် နိုင်ငံရေးနဲ့ သက်ဆိုင်လာပြီ ဖြစ်သည် )

စစ်ရေး ဆိုလျှင်လည်း  SSA ထံ တာဝန်ထမ်းဆောင်ဖို့ ကိုယ်တိုင်လာရောက်မည် မကြံဘဲ စစ်မှုထမ်းချိန်ကျရောက်လာရင်လည်း ထိုင်းဘက်ကို ထွက်ပြေးကြ ၊ တရုတ်ကို ထွက်ပြေးကြနဲ့ ကြာလာလျှင် သျှမ်း လူမျိုးများ နေထိုင်သည့် နေရာဒေသတွင်လည်း တခြားသော လူမျိုးများက နေရာဝင်ယူကြပါတော့သည် ။

ပါးစပ်ဝက ထွက်လာသည့် စကားများအရတော့ "ငါ မျိုးချစ် ဟေ့ ငါ့လူမျိုးကို မထိနဲ့  ထိရင် ဟိုဟာ ဖြစ်မယ် ဒီဟာ ဖြစ်မယ် " နဲ့ ထွားလိုက်သည့် လေလုံးများ ကိုယ်တိုင်ကျတော့ တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့ တယောက်မှ မရှိ ။ အရေးကြုံလာရင် ထွက်ပြေး ကူညီရိုင်းပင်းမှုမရှိ ၊ ကိုယ်လုပ် ကိုယ်ခံ ဆိုသည့် စိတ်ဓာတ် ထားရှိခြင်းများ ဖြစ်သည် ။

သျှမ်းလူမျိုးများသည် စည်းလုံးမှုဆိုတာ တစ်စပ်မှ မရှိကြချေ ၊ ထိုင်းသို့ စစ်မှုထမ်းရမှာကြောက်ပြီး အလုပ်သွားလုပ်သည့်  ထွက်ပြေးတိမ်းရှောင် ကြသူများ  တစ်နေ့လုပ် တနေ့စားဖြင့် ဘဝကို နိဂုံးချုပ်ကြမည့် သူများ ဖြစ်ပါတော့မည် ။
သျှမ်း အချင်းချင်း ဆိုလျှင် အထင်မကြီး မတူသလိုလို မတန်သလိုလို ခွဲခြား ဆက်ဆံတတ်ခြင်း ၊ အဝေးရောက် သျှမ်းအချင်းချင်း ကူညီ ရိုင်းပင်းမှု မရှိခြင်း ၊ အပြစ်များသာ ပြောဆိုတတ်ခြင်း ။ အစရှိသည်


တိုးတက်ဖွံ့ဖြိုးသည့် လူမျိုးများအား လေ့လာကြည့်မည် ဆိုလျှင် စည်းလုံးမှု ဆိုသည့် အမှုအရာများဦးစွာ မြင်တွေ့ရမည်ဖြစ်ပါသည် ။ တိုးတက်ဖွံ့ဖြိုးသည့် လူမျိုးများ သည် မည်သည့်နေရာကို ပဲရောက်ရောက် အချင်းချင်းကူညီ ရိုင်းပင်းတတ်ကြသည် ။ (သင်္ခန်းစာ ယူတတ်ကြပါစေ သျှမ်းများ)

သျှမ်း အချင်းချင်း ဆိုလျှင် ဗိုလ်ကျစွာ ဆက်ဆံတတ်သည့် အကျင့် စရိုက်များ ရှိခြင်း ။

ယခု အချိန် သည် စစ်အင်အား ၊ ပညာအင်အား အလိုအပ်ဆုံး အချိန်ဖြစ်ပါသည် ၊ နောက်ဖြစ်လာမည့် ပြဿနာများအား မရင်ဆိုင် နိုင်လျှင် မည့်သူ့ကိုမှ အပြစ်တင်စရာ မလိုပါ ။ ကိုယ့်ကိုသာ အပြစ်တင်ကြပါ သျှမ်း အပေါင်း တို့ …။ ကိုယ့် ခေါင်းကို နံရံနဲ့ တိုက်ပြီး အပြစ်ပေးလိုက် .


လိုရင်း အနေဖြင့် စည်းလုံးသည့်နေရာမှာ ပအိုဝ်း နှင့် ဝ တို့ကို အတုယူတတ်ကြပါလို့ တောင်းဆိုချင်ပါတယ် ။ သျှမ်း မှန် လျှင် …

သျှမ်း နဲ့ ဝ ကွာခြားမှု ဆိုတာ ဒါပါပဲ ။ အချိန် မနှောင်းသေးပါ ။ ပြင်ဆင်ခြင်သေးလျှင် အချိန်မှီပါသေးတယ်။

ဝလူမျိုးတို့ မွေးဖွားလာခြင်းသည်UWSA ဝတပ်ဖွဲ့အတွက်_သျှမ်းလူမျိုးများမွေးဖွားလာခြင်းသည်ထွက်ပြေးဖို့အတွက်  ဟုတ်လား မဟုတ်လား ဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့် ကြပါ …။

Jai Wann Leng Hsai
ဝမ်းလျန်းဆိုင် (ခ) လင်းရောင်ကြည်

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

ခရမ်းပြာဂယက်

လင်ကြီးငုတ်တုတ်ရှိလျက် ဖောက်ပြန်တဲ့အမျိုးသမီးကို ဘယ်လို ဥပဒေမျိုးနှင့် အရေးယူသင့်