GLAXY X9 အမည်​ရှိ ဥက္ကပျံကြီးတစ်​လုံး ကမ္ဘာဆီသို့ ဦးတည်​​လာ​နေ​ကြောင်း NASA မှ အ​ရေး​ပေါ်သတင်းထုတ်​ပြန်​။


**************************
GLAXY X9 အမည်​ရှိ ဥက္ကပျံကြီးတစ်​လုံး ကမ္ဘာဆီသို့ ဦးတည်​​လာ​နေ​ကြောင်း NASA မှ အ​ရေး​ပေါ်သတင်းထုတ်​ပြန်​။
====================================
ဧပြီ၊ ၂၆

GLAXY X9 အမည်​ရှိ ဥက္ကာပျံကြီးတစ်​လုံးသည်​ ကမ္ဘာ​မြေဆီသို့ ဦးတည်​လာ​နေ​ကြောင်း အ​မေရိကန်​ အာကာသသိပ္ပံဌာန NASA မှ ယ​နေ့သတင်းထုတ်​ပြန်​လိုက်​​ကြောင်း Yangon News မှသတင်းရရှိပါသည်​။


အဆိုပါ ဥက္ကာပျံခဲကြီး၏ အချင်းမှာ (16,8546,000) မိုင်​ခန့်​ရှိကာ အာရှတိုက်အကျယ်​အ၀န်းခန့်​ရှိ​ကြောင်းသိရှိရပါသည်​။ ယင်းဥက္ကာပျံကြီးသည်​ ​​နေစကြ၀ဠာအတွင်းလှည့်​လည်​​နေပြီး အနှစ်​တစ်​​ထောင်​တွင်​ တစ်​ကြိမ်​ကျကမ္ဘာ​အနီးမှ ဖြတ်​သန်းသွားခြင်းဖြစ်​ပါသည်​။

သို့​သော်​ယခုတစ်​ကြိမ်​တွင်​ ယင်းဥက္ကာခဲကြီးမှာ ကမ္ဘာ​မြေနှင့်​အလွန်​နီးကပ်​စွာဖြတ်​သန်းသွားမည်​ဖြစ်​​ကြောင်း အ​မေရိကန်​ NASA ဥက္ကာပျံစူးစမ်း​လေ့လာ​ရေးဌာန (Glaxy and UFO project 1) မှ ပ​ရော်​ဖက်​ဆာ မစ္စတာ ​ဒေးဗစ်​ဘရိုင်​ရန်​​မေးစ်​က ​ပြောကြားခဲ့ပါသည်​။

" အားလုံးပဲ ဒီကိစ္စကို အရမ်းသိချင်​​နေကြတာ ကျွန်​​တော်​နားလည်​ပါတယ်​။ ဒီဥက္ကာပျံကြီးကို ကျွန်​​တော်​တို့​လေ့လာ​နေတာ (၁၀) နှစ်​ရှိပါပြီ။ ဒါကြီးက လွန်​ခဲ့တဲ့အနှစ်​ (၁၀၀၀) ခန့်​တုန်းကလည်း ကမ္ဘာအနီးကဖြတ်​သန်းခဲ့ပါတယ်​လို့ ​ရှေးအီဂျစ်​မှတ်​တမ်း​တွေမှာ​ဖော်​ပြထားပါတယ်​။ အဲ့ဒီတုန်းက အီဂျစ်​ပြည်​မှာ ထူးဆန်းတဲ့အဖြစ်​အပျက်​​တွေဆက်​တိုက်​ဖြစ်​ပွားခဲ့ပါတယ်​။
အခု ဒါကြီးက ကမ္ဘာဆီကိုတစ်​​ကြော့ပြန်​လာ​နေပါပြီ။ ဒီတစ်​ခါကပိုနီးပါတယ်​။


ကျွန်​​တော်​တို့တွက်​ချက်​ထားရသ​လောက်​​ပြောပြရရင်​......

ဒီဥက္ကာပျံကြီးက အခုကမ္ဘာမြေနဲ့ မိုင်​​ပေါင်း (45,386,000) မိုင်​ အကွာအ​ဝေးကို​ရောက်​ရှိ​နေပြီး တစ်​နာရီကို (9,077,200) မိုင်​အလျင်​နှုန်းနဲ့လာ​နေတာပါ။ ဒီ​နေ့ကစ​ရေတွက်​မယ်​ဆို​နောက်​ ( ၄ ) ရက်​​နေရင်​ ကမ္ဘာ့အပြင်​ဖက်​ (၀.၈) မိုင်​အကွာအ​ဝေးကဖြတ်​သန်းမှာပါ။ မ​တော်​တဆ လမ်း​ကြောင်း​ပြောင်းပြီးတိုက်​ရိုက်ကျ​ရောက်​လာရင်​လည်းလာနိုင်​ပါတယ်​။ ဒါက​တော့ ကျွန်​​တော်​တို့ဘုရားသခင်​အလိုကျပါပဲ..." ဟု ဥက္ကာပျံနှင့်​ပက်​သက်​ပြီး NASA မှ မစ္စတာ ​ဒေးဗစ်​ဘရိုင်​ရန်​​မေးစ်​ က​ပြောကြားခဲ့ပါသည်​။

GLAXY X9 ဥက္ကာပျံကြီးဖြတ်​သန်းမည့်​ ဖြစ်​စဉ်​အား (​အော်​ပ​ရေးရှင်း ဘလက်​ဂျက်​) ဟုအမည်​​ပေးထားပြီး အဆိုပါဖြစ်​စဉ်​​ကြောင့်​ ကမ္ဘာ့ဆွဲအားနှင့်​ဥက္ကာပျံကြီး၏ဆွဲငင်​အားတို့အပြိုင်​ ဆွဲငင်​ကြမည်​ဖြစ်​၍ ကမ္ဘာ​တွင်
အင်​တာနက်​လိုင်းများပြတ်​​တောက်​ခြင်း၊ ​ဂြိုလ်​တုဆက်​သွယ်​​ရေးလိုင်းများပြတ်​​တောက်​ခြင်း၊ ဖုန်းလိုင်းများပြတ်​​တောက်​ခြင်း၊ ပင်​လယ်​​ရေမျက်​နှာပြင်​ရုတ်​တရက်​မြင့်​တက်​ခြင်း၊ ငလျင်​လှုပ်​ခြင်း၊ မီး​တောင်​များ​ပေါက်​ကွဲခြင်း၊ ကွန်​ပျူတာကွန်​ယက်​စနစ်​များပျက်​စီးခြင်း၊ အနုမြူသို​လှောင်​ရာ​နေရာများနှင့်​ ဓာတ်​​ပေါင်းဖိုကြီးများ ​ပေါက်​ကွဲမှုဖြစ်​စဉ်​များဖြစ်​ပွားလိမ့်​မည်​ဖြစ်​​ကြောင်း နာဆာမှ သတင်းထုတ်​ပြန်​ထားပါသည်​။

ထို့ပြင်​ ယင်းဥက္ကပျံကြီးသည်​ အချိန်​မ​ရွေးလမ်း​ကြောင်း​ပြောင်းလဲကာ ကမ္ဘာ​မြေဆီသို့တည့်​တည့်​ဝင်​​ဆောင့်​မိနိုင်​​ကြောင်းလည်းသိရှိရပါသည်​။

အကယ်​၍ ၀င်​​ဆောင့်​မိပါက နာရီဝက်​အတွင်းကမ္ဘာကြီးမှာ ပျက်​စီးသွားပြီး လူသားမျိုးနွယ်​များနှင့်​တိရစ္ဆာန်​များမှာ လွန်​ခဲ့​သောနှစ်​​ပေါင်း ( ၁ ) သန်းခန့်​က ဒိုင်​ဆို​ဆောများကဲ့သို့မျိုးတုန်း​ပျောက်​ကွယ်​သွားမည်​​ကြောင်း နာဆာ သု​တေသီတစ်​ဦးဖြစ်​သူ မစ္စတာ ဂျွန်​ဘစ်​​ရှော့ က​ပြောကြားထားပါသည်​။

GLAXY X9 ဥက္ကာပျံကြီးလာ​နေသည်​ကို တစ်​ကမ္ဘာလုံးရှိဂြိုလ်​တုများ၊ အာကာသကြည့်​မှန်​​ပြောင်းများမှ ​စောင့်​ကြည့်​​နေကြပြီး (၃၀.၄.၂၀၁၇) ညသန်း​ခေါင်​ယံအချိန်​တွင်​ အဆိုပါဥက္ကာခဲပျံကြီးအား ကမ္ဘာ​အနီးမှဖြတ်​သန်းသွားခြင်းအား အနီးကပ်​​တွေ့မြင်​ရမည်​ဖြစ်​​ကြောင်း Yangon News သတင်းဌာနမှသတင်းထောက် ကိုနေမျိုး(ဖားကန့်) သတင်းရရှိလာပါသည်။

သတင်းအရင်းအမြစ်​ : အ​မေရိကန်​အာကာသသိပ္ပံဌာန (NASA)

26.4.2017
#YangonNews
#OperationBlackjackH1N9
ရန်​ကုန်​နယူးစ်​သတင်းအဖွဲ့
www.ygnnews.com.mm

Comments

Popular posts from this blog

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

ခရမ်းပြာဂယက်

လင်ကြီးငုတ်တုတ်ရှိလျက် ဖောက်ပြန်တဲ့အမျိုးသမီးကို ဘယ်လို ဥပဒေမျိုးနှင့် အရေးယူသင့်