Posts

သင့်အိပ်ရာထဲ ဖုန်းယူမသွားဘဲနဲ့ တစ်ပါတ်ကြာရင် ဘာတွေပြောင်းလဲသွားမလဲ သင့် အိပ်ရာ ထဲ ဖုန်း မယူသွားဘဲနဲ့ တစ်ပါတ် ကြာရင် ဘာတွေပြောင်းလဲသွားမလဲ

Image
သင့်အိပ်ရာထဲ ဖုန်းယူမသွားဘဲနဲ့ တစ်ပါတ်ကြာရင် ဘာတွေပြောင်းလဲသွားမလဲ သင့် အိပ်ရာ ထဲ ဖုန်း မယူသွားဘဲနဲ့ တစ်ပါတ် ကြာရင် ဘာတွေပြောင်းလဲသွားမလဲ အခုခေတ်နောက်ပိုင်း စမတ်ဖုန်း တွေထွန်းကားလာတာနဲ့ အမျှ လူတော်တော်များများက စမတ်ဖုန်း နဲ့ တစ်သားထဲကျသွားပါတယ်။ ကိုယ့်နေထိုင်မှု ဘ၀ထဲမှာ စမတ်ဖုန်းဟာ မရှိမဖြစ်လောက် နေရာယူနေပါပြီ။ အဲဒီတော့ နောက်ပိုင်းပိုဆိုးတာက အိပ်ရာထဲအထိ ယူဆောင်သွားကြတာတွေပါ၊ ဒီအချက်လေးတွေကတော့ သင့်ဖုန်းကို အိပ်ရာထဲမယူသွားပဲနဲ့ တစ်ပါတ်နေလိုက်တယ်ဆိုရင် သယ်ဘယ်လိုအကျိုးရလဒ်တွေရမလဲ ဆိုတာကိုပါ။ အိပ်မပျော်ဖြစ်မယ် အထီးကျန်သလို ခံစားရမယ် ကျန်းမာရေး ဆိုးကျိုးတစ်ခုတော့ မဟုတ်ပါဘူး။ သင်အရင်က ဖုန်း ယူသွားပြီး ဆိုရှယ်မီဒီယာတွေအပေါ်မှာ အချိန်တွေ မသိကုန်သွားတာမျိုးတွေကြောင့် ဖုန်းမရှိတော့တဲ့အခါမှာ သင်ဟာ အချိန်တွေပိုနေသလိုဖြစ်နေပါမယ်။ နောက်ပြီး သူငယ်ချင်းတွေနဲ့ စကားပြောရတာမျိုး မရှိတဲ့ အတွက် အထီးကျန် သလိုဖြစ်ပါမယ်။ မစိုးရိမ်ပါနဲ့ ဒါက သုံးလေးည ဖြစ်ပြီးနောက်ပျောက်ကွယ်သွားမယ့် အကျင့်ပါ။ ပြီးတော့ ဒါက တကယ် အထီးကျန် တာလဲ မဟုတ်ပါဘူး သင့်အလုပ်မှာ သင့်လုပ်ဖော်ကိုင်ဖက်တွေ၊ သင့်ကိုယ်ပိုင်အချိန်မှာ သူ...

သံလွင်မြစ်

Image
သံလွင်မြစ် အရှည်  ၁၇၄၉-မိုင် (၂၈၁၅-ကီလိုမီတာ) ဖြတ်သန်းရာ ဒေသ  တရုတ်နိုင်ငံ (တိဗက်ဒေသ၊ ယူနန်ပြည်နယ်)၊                                 မြန်မာနိုင်ငံ (ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊                                 ကရင်ပြည်နယ်၊ မွန်ပြည်နယ်)၊ မြစ်လက်တက်များ  Moei မြစ်၊Pai မြစ် (ထိုင်းနိုင်ငံ) အဆုံးသတ်စီးဝင်ရာ  အက်ဒမန်ပင်လယ်၊ အိန္ဒိယ သမုဒ္ဒရာ သံလွင်မြစ်သည် ၎င်း၏ခရီးအစကို ပင်လယ်ရေမျက်နှာပြင်ထပ် မီတာ ၄,၀၀၀ ကျော်မြင့်သည့် ဟိမ၀န္တာတောင်ပေါ်ရှိ တိဘက်ဒေသ ကုန်းမြင့်များမှ စတင်သည်။ ဤမြစ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ တောင်တန်းထူထပ်သည့်ဒေသ များ၊ မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်များကို နိုင်ငံ၏ အရှေ့ဖက်မှ ဖြတ်သန်းစီးဆင်းလာပြီး မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ၏ နယ်နိမိတ်အဖြစ် ကီလိုမီတာပေါင်း ၁၂၀ ကျော် ဆက်လက်စီးဆင်းသည်။ ၎င်းသည်တောင်ဖက်သို့ ဆက် လက်စီးဆင်းလာပြီး မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်အနီး...

ဂျပန်သဘာဝဘေးအန္တရာယ်ဆိုင်ရာဝန်ကြီး စကားတစ်ခွန်းမှားပြောမိသဖြင့် နုတ်ထွက်

Image
ဂျပန်သဘာဝဘေးအန္တရာယ်ဆိုင်ရာဝန်ကြီး စကားတစ်ခွန်းမှားပြောမိသဖြင့် နုတ်ထွက် တိုကျို၊ ဧပြီ ၂၆ ဂျပန်နိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးဝန်ကြီး မစ္စတာ မာဆာဟီရို အီမမူရာသည် စကားအမှားတစ်ခွန်းပြောလိုက်မိခြင်းကြောင့် ယမန်နေ့က ရာထူးနှင့်တာဝန်မှနုတ်ထွက်ခဲ့ကြောင်းသိရသည်။ ဂျပန်နိုင်ငံတွင် ၂၀၁၁ ခုနှစ်က လှုတ်ခတ်သွားခဲ့သော ငလျင်ကြီးသည် တိုကျိုမြို့ပြဒေသတွင်ဖြစ်ပွားမည့်အစား ဂျပန်နိုင်ငံတောင်ပိုင်းရှိ ဖူကူရှီးမားတွင်ဖြစ်ပွားခဲ့သည်က ပိုကောင်းသွားကြောင်း သူကပြောမိခဲ့ခြင်းနှင့်ပတ်သက်၍ ယခုကဲ့သို့ နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော့်စကားအမှားကြောင့် ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ ဂျပန်နိုင်ငံတောင်ပိုင်းနေပြည်သူတွေ အရမ်းစိတ်ထိခိုက်ကုန်ကြရပါတယ်။ အဲဒီစကားအမှားအတွက်လည်း ကျွန်တော် ရင်ထဲအသည်းထဲကကို အနူးအညွတ်တောင်းပါတယ်ခင်ဗျာ"ဟု မစ္စတာ အီမမူရာက ၀န်ကြီးချုပ်ထံ နုတ်ထွက်စာတင်အပြီး ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် သတင်းစာဆရာများအားပြောကြားပါသည်။ မစ္စတာ အီမမူရာ၏ နုတ်ထွက်စာကို ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးက လက်ခံခဲ့ပြီး၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ မစ္စတာ မာဆာယိုရှီ ယိုရှင်နိုကို သဘာဝဘေးအန္တရာယ်ဆ...

ငြိမ်းချမ်းရေးအတွက် ခေါင်းဆောင်များ ကိုယ်ကျိုးစီးပွား စွန့် လွှတ်ရန် သူရဦးအောင်ကို တိုက်တွန်း

Image
ငြိမ်းချမ်းရေးအတွက် ခေါင်းဆောင်များ ကိုယ်ကျိုးစီးပွား စွန့် လွှတ်ရန် သူရဦးအောင်ကို တိုက်တွန်း ထူးထက်နိုင်, Frontier BurmaDemocracy, 26 April 2017 ရန်ကုန်၊ ဧပြီ ၂၆ မြန်မာနိုင်ငံတွင် ထာဝရခိုင်မာသည့် ငြိမ်းချမ်းရေးရရှိရန် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိ ခေါင်းဆောင်များအနေဖြင့် ကိုယ်ကျိုးစီးပွား စွန့်လွှတ်ရန် လိုအပ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦး အောင်ကိုက တိုက်တွန်းပြော ကြားလိုက်သည်။ “ကိုယ်ကျိုးစီးပွားဆိုတဲ့နေရာမှာ နယ်မြေအသာစီးရလိုမှု၊ သယံဇာတ အကျိုးအမြတ်ရလိုမှု၊ ဂုဏ်သတင်း ထင်ပေါ်ကျော် ကြားလိုမှုနှင့် စစ်တိုက်ပြီးရတဲ့ စီးပွားရေးအကျိုးအမြတ်များ ရလိုမှုဆိုပြီး အကုန်သိမ်းကျုံး ပြီး ပြောလို့ ရပါတယ်။ ပြည်ထောင်စုအတွင်း ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နယ်မြေဒေသတွေအားလုံးဟာ သယံဇာတ ပေါ ကြွယ်ဝတဲ့ နေရာတွေဖြစ်ပါတယ်။ သယံဇာတ မရှိတဲ့နေရာ တွေမှာ ပဋိပက္ခ မဖြစ်ပါဘူး။ ဒါကြောင့်မို့ ပါဝင်ပတ်သတ် သူတွေ အားလုံးဟာ ကိုယ်ကျိုးစီးပွားတွေ စွန့်လွှတ်ဖို့ လိုအပ်  တယ်။ ပြည်ထောင်စုအကျိုးစီးပွား၊ နိုင်ငံတော်နဲ့ တိုင်းရင်းသားတွေရဲ့  အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ဖို့ လိုအပ်ပါတယ်”ဟု ၎င်းက အ...

တောင်ပေါ်တိုင်းရင်းသူနှင့် ဒုက္ခသည်မိန်းကလေးများအား ထိုင်းရဲ ပြည့်တန်ဆာအဖြစ်ခိုင်းစေ

Image
တောင်ပေါ်တိုင်းရင်းသူနှင့် ဒုက္ခသည်မိန်းကလေးများအား ထိုင်းရဲ ပြည့်တန်ဆာအဖြစ်ခိုင်းစေ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်မှာ ရဲတပ်ကြပ်ကြီးတဦးနဲ့ အပေါင်းပါတွေက တောင်ပေါ်တိုင်းရင်းသူနဲ့ ဒုက္ခသည် မိန်းကလေးတွေကို ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့တယ်လို့ ခေါင်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ မယ်ဟောင်ဆောင်မြို့ ပန်မူရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ် မိန်းကလေးတဦးဟာ ရဲတပ်ကြပ်တဦးရဲ့ ဖြားယောင်းမှု၊ မူးယစ်ဆေးကျွေးပြီး ပြည့်တန်ဆာလုပ်ခိုင်းမှု၊ မဖွယ်မရာပြုနေပုံကို ဗွီဒီယိုရိုက်ထားပြီး အဲဒီပုံတွေနဲ့ ခြိမ်းခြောက်ခံနေရကြောင်း မိခင်ဖြစ်သူက မနှစ် မေလကတည်းက ခရိုင်တွင်းရှိ သက်ဆိုင်ရာကို တိုင်တန်းခဲ့ပေမယ့် ဘာမှ အရေးယူဆောင်ရွက်ပေးတာ မရှိလို့ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က သတင်းဌာနနဲ့ ထိုင်းနိုင်ငံ လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။ အဲဒီအမှုအကြောင်း သတင်းဌာနနဲ့ လူမှုကွန်ရက်တွေမှာ ပြန့်သွားပြီးတဲ့နောက် ပြည့်တန်ဆာပြုခံရသူ မိန်းကလေးမှာ တဦးတည်းမကဘဲ တောင်ပေါ်တိုင်းရင်းသူနဲ့ ဒုက္ခသည်စခန်းမှ မိန်းကလေးတွေပါ ပါဝင်ကြောင်း၊ ပြည့်တန်ဆာအဖြစ် ဝယ်ယူသူတွေမှာလည်း ထိုင်းရဲအရာရှိတွေ၊ ဌာနဆိုင်ရာလူကြီးတွေပါ ပါဝင်တဲ့သ...

ရှမ်းတောင်သူတွေ ကိုယ့်မြေယာမှာ ထွန်ယက်မှုကြောင့် ထောင်ချခံရ

Image
ရှမ်းတောင်သူတွေ ကိုယ့်မြေယာမှာ ထွန်ယက်မှုကြောင့် ထောင်ချခံရ  ဖမ်းဆီးခံရသော တောင်သူ  ရှမ်းပြည်နယ်မြောက်ပိုင်း၊ေ နာင်ချိုမြို့နယ်၊ ကြိမ်ဂနိုင်အုပ်စု၊ နမ့်လင်းခမ်ကျေးရွာ မှာရှိတဲ့ တောင်သူတွေမြေကိုအစိုးရ စိုက်ပျိုးရေးဦးစီးဌာနကနေ (ကော်ဖီစီမံကိန်း)လုပ်မယ်ဆိုပြီး ၂၀၀၃ ခုနှစ်လောက်ကနေ သိမ်းဆည်းခဲ့တာကြောင့် တောင်သူတွေက သူတို့ ပိုင်မြေယာတွေအပေါ်မှာ ပြန်ပြီး ထွန်ယက်စိုက်ပျိုးတဲ့အတွက် ဆိုပြီး စီမံကိန်းတာဝန်ခံကတရားလိုလုပ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အပါအ၀င် တောင်သူ ၁၀ဦးကိုတရားစွဲခဲ့ရာမှာ ဧပြီလ ၂၄ရက်နေ့ မှာတော့နောင်ချိုတရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၆လချခဲ့ပါတယ်။ မနက်ဖြန်မှာတော့ သီပေါထောင်ကို ပို့တော့မယ်လို့ လည်း မိသားစုတွေကဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။ ရှမ်းပြည်နယ်၊ နမ့်လင်းခမ်ကျေးရွာမှာရှိတဲ့ မူလတောင်သူပိုင်မြေတွေကို အစိုးရရဲ့ ကော်ဖိစီမံကိန်း အတွက်ဆိုပြီး ၂၀၀၃ခုနှစ်က သိမ်းဆည်း ခဲ့တာပါ ။ ဒေသခံ၆၀ ကျော်ကတော့ လုပ်စားစရာ မရှိလို့ဆိုကာပြန် လုပ်ကိုင် စားသောက်ဖို့ တောင်ယာခုတ်ခဲ့တာကြောင့် ကော်ဖီစီမံကိန်း တာဝန်ခံကနေ တရားလို လုပ်...

ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD ဇာတ်ကားများကိုရိုက်ကူးရောင်းချသူများကိုသက်သေခံ ပစ္ဓည်းများနှင့်အတူဖမ်းဆီးရမိ

Image
ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD ဇာတ်ကားများကိုရိုက်ကူးရောင်းချသူများကိုသက်သေခံ ပစ္ဓည်းများနှင့်အတူဖမ်းဆီးရမိ ခရမ်းပြာနှင့်နပ်စ်မဇာတ်ကားများကို အွန်လိုင်းပေါ်တင်၍ ရောင်းချသူများအား သက်ဆိုင်ရာရဲတပ်ဖွဲ့မှငွေလွှဲသည့် ဘဏ်ကဒ်မှတဆင့်ခြေရာခံပြီးစုံစမ်းဖေါ်ထုတ်ခဲ့ရာ ရိုက်ကူးရေးပစ္ဓည်းများနှင့်အတူတရားခံ၃ဦးဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှပြောကြားသွားခဲ့ပါသည်။ တရားခံ၃ဦးမှာ မောင်ဖာ (အသက်၃၂)(ဘ)ဦးတုတ်ကြီး မောင်မျိုးချစ်မောင်(အသက်၂၄)(ဘ)ဦးထွား မောင်ရဲချစ်(အသက်၃၀)(ဘ) ဦးပြူး တို့ဖြစ်ကြပါသည်။ ဇာတ်လမ်းကို လှိုင်သာယာရှိနေအိမ်တစ်လုံးတွင် 2016ခုနှစ်ထဲက ရိုက်ကူးထားရှိပြီးပြည့်တန်ဆာဖြစ်သူ မခရေပွင့်(အသက်၂၃)(ဘ) ဦးတင်မာနှင့်ရိုက်ကူးခဲ့ပါသည်။ မခရေပွင့်မှာလွတ်မြောက်ရှောင်ပုန်း လျှက်ရှိပြီး နေပြည်တော်အနီးတဝိုက်တွင်ဖမ်းဝရမ်းထုတ်၍ဆက် လက်ရှာဖွေနေဆဲရှိပါသည်။ ဖမ်းဆီးထိန်းသိမ်းထားသူများနှင့်ထွက်ပြေးလွတ်မြောက်နေသူများ မှာတောသူတောသားများဖြစ်နေ၍လက်ခံထားသူတောသူတောသားများအား တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းသတင်းထုတ် ပြန်ထားပါသည်။ နာမည်​​တွေ​သေချာဖတ်​ကြည့်​ကြပါ။ မဖြစ်​နိုင်​​ပါဘူး မိတယ်ဆိုတာ ​တစ်​...