Posts

ဓါတ်​​တော်​ချိုင့်​ ​ရေတံခွန်​တွင်​ ​ ကိုရင်​​လေးတပါး​ရေနစ်​ရာ ​ကျောင်းသားကပ္ပိယမှ ကူဆယ်​ရင်း ကိုရင်​​ရော ကပ္ပိယပါ ​ရေနစ်​​သေဆုံး

Image
ရှမ်းပြည်​​တောင်​ပိုင်း မိုးနဲ မြို့နယ်​အတွင်းမှ ပြင်​ဦးလွင်​ မြို့နယ်​အတွင်း သို့ အလည်​အပတ်​ လာ​ရောက်​ရင်း ဓါတ်​​တော်​ချိုင့်​ ​ရေတံခွန်​တွင်​ ​ရေဆင်းကူးရာ ၁၁.၅.၂၀၁၇ ယမန်​​နေ့​နေ့လည်​ ၁း၃၀ ခန့်​က ကိုရင်​​လေးတပါး​ရေနစ်​ရာ ​ကျောင်းသားကပ္ပိယမှ ကူဆယ်​ရင်း ကိုရင်​​ရော ကပ္ပိယပါ ​ရေနစ်​​သေဆုံးတဲ့ ဖြစ်​စဉ်​ကို ​မေမြို့ ဓာတ်​​တော်​ ချိုင့်​ မဲပြာအိုင်​အတွင်းမှာ ဖြစ်​ပွားခဲ့ပါတယ်​.. ယင်းအခင်းဖြစ်​ပွားခြင်းကိစ္စအား အနီးစခန်းအုပ်​ချုပ်​​ရေးအဖွဲ့မှ သန္တိသုခ အခမဲ့ လူမှုကူညီ​ရေး အသင်းသို့ ဖုန်းဆက်​အကူအညီ ​တောင်းခဲ့၇ာ သန္တိသုခ အသင်းသားများမှ ၁၁.၅.၁၇ မှ ၁၂.၅.၁၇ အထိ ကြိုးစားရှာ​ဖွေခဲ့ရာ ယ​နေ့ ၁၂.၅.၁၇ ည​နေ ၃း၄၅ မိနစ်​အချိန်​ တွင်​ ​​ကိုရင်​​ရော​ကျောင်းသားအ​လောင်းပါဆည်​ယူနိုင်​ခဲ့ပါတယ်​.. ယင်းဖြစ်​စဉ်​အတွင်း အနီးစခန်းအုပ်​ချုပ်​​ရေးအဖွဲ့နှင့်​ ရဲတပ်​ဖွဲ့များ ကလည်း ပူး​ပေါင်းကူညီခဲ့ပါတယ်​... အ​လောင်းအား ​ဒေသန္တ၇ ကျွမ်းကျင်​သူနယ်​​မြေခံ ဦးလှမြင့်​ နှင့်​ သန္တိသုခ အသင်းသားများမှ ဆည်​ယူခဲ့ခြင်းဖြစ်​ပါတယ်​.. ယခု​တော့ ​မေမြို့ ​ဆေး၇ုံကြီး အ​အေးခန်းအတွင်းသို့ ပိ...

ခေါင်းဆောင်ဆိုတာ

Image
✔ Credit - Original Uploader ✔ 💥 ဝံပုလွေအုပ်လိုနိုင်ငံ 👹 ရှေ့ဆုံးက ၃ ကောင်က အသက်ကြီးပြီး အတွေ့အကြုံရှိ လမ်းရှာကျွမ်းတဲ့သူတွေပေါ့.. 👹 ဒုတိယနေရာက ၅ ကောင်က ဝံပုလွေအုပ်ထဲက သန်မာတဲ့တိုက်ခိုက်ရေးသမားတွေ သူတို့ကတော့ ရှေ့ကနေတိုက်ခိုက်လာမယ့် ရန်သူတွေကို ပြန်တိုက်ခိုက်ဖို့အတွက် တိုက်ခိုက်ရေးအုပ်ပေါ့ .. 👹 အလယ်က အုပ်စုလိုက်ကြီးကတော့ ဝံပုလွေကလေးငယ်တွေ ၊ ဝံပုလွေမတွေနဲ့ မတိုက်ခိုက်နိုင်တဲ့ကောင်တွေ ဝံပုလွေပြည်သူတွေပေါ့.. သူတို့ကို ရှေ့ကကာကွယ်မယ့် တိုက်ခိုက်ရေးအုပ်စုနဲ့ နောက်ဘက်မှာ ဘက်စုံထူးချွန်တဲ့တိုက်ခိုက်ရေးအုပ်တွေကရံထားတယ်.. တိုက်ခိုက်ရေးသမားတွေသာအသေခံသွားမယ် ဝံပုလွေပြည်သူတွေကိုတော့ အထိမခံဖူး အသက်ပေးမယ်ဆိုသူတွေဝန်းရံထားတယ်.... 👹 ဝံပုလွေပြည်သူတွေနောက်မှာတော့ ဝံပုလွေအုပ်ရဲ့ တိုက်ခိုက်ရေးအကျွမ်းကျင်ဆုံး အရဲရင့်ဆုံးနဲ့ အသန်မာဆုံးတွေကလိုက်တယ် .. နောက်ကျောကတိုက်ခိုက်လာတဲ့ရန်သူဟာ လူတွေမှာကြောက်စရာအကောင်းဆုံးဖြစ်သလို သူတို့လည်း ဝံပုလွေအုပ်ရဲ့နောက်ကျောကို ကာကွယ်ဖို့အတွက် အတော်ဆုံးတွေကိုထားထားတယ်... 👹 နောက်ဆုံးက တစ်ကောင်တည်းကတော့ ခေါင်းဆောင်ပါ သူ့နောက်မှ ဘယ်သူ့ကိုမှမ...

မူဆယ် ၁၀၅မိုင်စခန်းမှာ ပေါက်ကွဲမှုဖြစ်ပွား

Image
မူဆယ် ၁၀၅မိုင်စခန်းမှာ ပေါက်ကွဲမှုဖြစ်ပွား ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ၁၀၅မိုင်မှာ အင်္ဂါနေ့ ညနေပိုင်းက မိုင်းတလုံးပေါက်ကွဲခဲ့ပြီးနောက်ထပ်မိုင်းတလုံးကို လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းခဲ့ရပါတယ်။ ဒီ မိုင်းပေါက်ကွဲတာကြောင့် ထိခိုက်သေကျေတာမရှိပေမဲ့ မူဆယ်မြို့မှာ လုံခြုံရေးတင်းကျပ်ထားပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာ အစိုးရတပ်နဲ့ ပလောင်တပ်ဖွဲ့အကြား နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒီလအတွင်းမှာ အကြိမ်၂၀နီးပါး ဖြစ်ပွားခဲ့ပြီဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။ ဒီမိုင်းပေါက်ကွဲတာဟာ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကကျတဲ့ ကုန်သွယ်ရေးစခန်း မူဆယ် ၁၀၅မိုင်မှာ ဒီလ ၉ရက်နေ့ ညနေ ၄နာရီ ၅မိနစ်ဖြစ်ပွားခဲ့တာပါ။ မိုင်းပေါက်ကွဲမှုအခြေအနေကိုတော့ လုံခြုံရေးတပ်ဖွဲ့က တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။ “မူဆယ်မြို့ ၁၀၅ မိုင်၊ မိုင်းယုကျေးရွာ ပြည်ထောင်စုလမ်းမကြီးကနေမှ ပေ ၁၀၀ အကွာမှာ ဘုန်းကြီးကျောင်းအမည်က ထေရ၀ါဒ ဘုန်းကြီးကျောင်း အ၀င် ၀ဲဘက်အခြမ်း အပင် ကြားမှာ ထောင်ထားတဲ့ မိုင်းတလုံးက ပေါက်ကွဲသွားတာ။ လူ၊ တိရိစ္ဆာန်ပစ္စည်းဘာမှ ထိခိုက်မှုမရှိဘ...

တအာင်းတပ်မတော်နှင့်မြန်မာ့တပ်မတော်တို့ တိုက်ပွဲ

Image
တအာင်းတပ်မတော်နှင့်မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ================================= (၂)ကြိမ် ထပ်မံဖြစ်ပွား ============== ၂၀၁၇ ခုနှစ် မေလ ၆ ရက် တအာင်းဒေသ၊ တပ်မဟာ ၁ နယ်မြေ၊ မန်တုံမြို့နယ်နှင့် တပ်မဟာ ၃ နယ်မြေ၊ နမ္မတူမြို့နယ်တို့၌ ယနေ့ မေလ ၆ ရက်နေ့တွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့သည်။ နေ့လည် ၁၂း၀၀ နာရီမှ ၁၃း၀၀ နာရီအချိန်ထိ တပ်မဟာ ၃ နယ်မြေ၊ နမ္မတူမြို့နယ် ပန်စန့်ကျေးရွာ အနီးတွင် တအာင်းတပ်မတော် တပ်ရင်း ၇၆၅ နှင့် မြန်မာ့တပ်မတော် တပ်မ (၃၃) တို့ ကလည်းကောင်း၊ ညနေ ၁၆း၁၅ နာရီအချိန်မှ ၁၉း၀၀ နာရီအချိန်ထိ တပ်မဟာ ၁ နယ်မြေ မန်တုံမြို့နယ်၊ ၀ိန်းပတ်ကျေးရွာအနီးတွင် လည်းကောင်း တအာင်းတပ်မတော် တပ်ရင်း ၄၇၈ နှင့် မြန်မာ့တပ်မတော် တပ်မ (၈၈) တို့လည်းကောင်း အသီးသီးရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ နမ္မတူမြို့နယ်၊ ပန်စန့်ကျေးရွာအနီး တိုက်ပွဲတွင် မြန်မာ့တပ်မတော် စီးနင်းလာသည့် ကား ၂ စီးသည် တအာင်းတပ်မတော် ပစ်လိုက်သည့် ပခုံးထမ်းလောင်ချာ RPG ထိမှန်မှုကြောင့် တစ်စီး တိမ်းမှောက်ကာ တစ်စီး မီးလောင်ပျက်စီး သွားသည်။ ၀ိန်းပတ် အနီး တိုက်ပွဲတွင် တိုက်ပွဲ ည ၁၉း၀၀ နာရီအချိန် ပြီးသွားသော်လည်း မြန်မာ့တပ်မတော်သည် မိုင်းဝီးတပ်စခ...

ခွဲထွက်ရေးလား ပြည်ထောင်စုစိတ်ဓါတ်လား သျှမ်းစာရေး ဆရာတဦး ရဲ့ မှတ်တမ်း

Image
ခွဲထွက်ရေးလား ပြည်ထောင်စုစိတ်ဓါတ်လား သျှမ်းစာရေး ဆရာတဦး ရဲ့ မှတ်တမ်း (အမြင်သဘောထား) သျှမ်းသံတော်ဆင့် ဖေဖော်ဝါရီလ ၂၇ ရက် ၂၀၁၇ ( သျှမ်းစာပေပညာရှင် စာရေးဆရာ ကဗျာဆရာ ဟိဏ်းကာယန်း ထွန့်လွယ်ဟိုဆေ စာပေဟောပြောပွဲမှ မှတ်တမ်းတင် (သျှမ်း - ဗမာ) ဘာသာပြန်ထားချက် ကောက်နှုတ်ချက်တချို့သာဖြစ်သည်) ၁၉၄၇ တုန်းက လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၀ နှစ်ပြည့်လို့ တန်းတူညီမျှ ခွင့်မရှိဘူးလို့ မြင်ရင်ခွဲထွက်ချင် ခွဲထွက် လို့ရတယ်လို့ ဖွဲ့စည်းပုံမှာပါတယ်။ တကယ်တမ်း ၁၀ နှစ်ပြည့်တချိန်မှာတော့ ခွဲထွက်မယ်လို့ ဘယ်သျှမ်းစော်ဘွား မှမပြောဘူး။  ခွဲထွက်မယ်လို့ ဘယ်သျှမ်းနိုင်ငံရေးခေါင်းဆောင်မှမပြောဘူး။ “မှားနေတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတိုင်းဆက်သွားလို့မဖြစ်ဘူး။ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုတော့ အသစ်ပြန်လည်ရေးဆွဲမှဖြစ်မယ် ”- လို့ဘဲပြောတယ်။ ဘယ်သူမှခွဲထွက်ချင်စိတ်မရှိဘူး။  ပြည်ထောင်စုနိုင်ငံကို ချစ်ခင်မြတ်နိုး တဲ့ စိတ်ရှိကြတယ်။ ၁၉၆၁ သျှမ်းစော်ဘွား တွေ ဦးဆောင်တဲ့ တိုင်းရင်း သားေ ခါင်းဆောင်တွေဟာ သျှမ်းပြည် မြို့တော် တောင်ကြီး မှာလာပြီး တော့ေ ဆွး နွေးကြ တယ်။ အဲဒီမှာ သျှမ်းစော်ဘွားတွေ က ပြောတယ် ။...

ဘီးပေါက်လျှင် တိမ်းမမှောက်စေဖို့

Image
ဘီးပေါက်လျှင် တိမ်းမမှောက်စေဖို့ ------------------------------------- အဝေးပြေးလမ်းများတွင် ကားတာယာရုတ်တရက် ပွင့်/ပေါက်ခြင်းသည် ယာဉ်မောင်းများအတွက် အသက်အန္တရာယ်များဆုံး မတော်တဆဖြစ်ရပ်များတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။ HILUX SURF, PRADO, LAND CRUISER စသော 4×4 SUV အမြင့်ကားများအတွက် အဆိုပါတာယာပွင့်ခြင်းများ ပို၍ဆိုးပါသည်။ အခြားကားများ တာယာပွင့်လျှင် ထိန်း၍ရနိုင်သောလည်း 4×4 SUV အမြင့်ကားများ တာယာပွင့်လျှင် တိမ်းမှောက်ရန် ၉၀% သေချာသည်။ ယခုခေတ် အဆင့်မြင့် နည်းပညာများကြောင့် တာယာပွင့်ထွက်မှု အကြိမ်ရေလျော့နည်း လာသော်လည်း ယာဉ်မောင်းများ၏ အသက်အန္တရာယ်ကို ချိန်းခြောက်ဆဲဖြစ်သည်။ ထို့ကြောင့် ``ရုတ်တရက်တာယာပွင့်ခဲ့လျှင်´´ဆောင်ရွက်ရန် အောက်ပါအချက်(၆)ချက်ကို အကြံပြုအပ်ပါသည်။ *၁။ (အကောင်းဆုံးစည်းကမ်း) စိတ်ချရသော သတ်မှတ်အရှိန်နှုန်းအောက်တွင်သာ မောင်းနှင်ပါ။ တာယာပွင့်စဉ် အရှိန်လျော့နည်းလေ သင့်အသက်ရှင်ရန် အခွင့်အလမ်းများလေ ဖြစ်သည်။ 80 မှ 90 km/h နှင့် 120 မှ 140 km/h အရှိန်နှုန်းနှစ်ခုအနက် အသေအပျောက်အချိုးမှာ (၁း၁၀) ဖြစ်ပါသည်။ 130km/h အရှိန်နှင့် မောင်းစဉ် တာယာပွင့်၍ သင်ဘာမှမဖြစ်လျှင် မဟာကံထူးရှင်ဖြစ...

လန်ဒန်မြို့တော်ကောင်စီက ချီးမြှင့်တဲ့The Freedom of the City ဂုဏ်ပြုဆုလက်ခံ

Image
ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မြို့လယ်က Guildhall ခန်းမမှာ လန်ဒန်မြို့တော်ဝန် နဲ့ လန်ဒန်မြို့တော်ကောင်စီက ချီးမြှင့်တဲ့The Freedom of the City ဂုဏ်ပြုဆုလက်ခံရယူပြီးခန်းမတွင်းမှ ပြန်လည်ထွက်ခွာစဉ်။ #ဒေါ်အောင်ဆန်းစုကြည် #Guildhall #မြို့တော်ဝန် #TheFreedomoftheCity #ဘီဘီစီမြန်မာပိုင်း