Posts

အောင်ပြီဟေ့ အောင်ပြီ

Image
အောင်ပြီဟေ့ အောင်ပြီ #တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို လူမတိုးရပဲ အွန်လိုင်းကနေကြည့်ဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးအတွက်ပါရှင့်။ ဤ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း အနှစ်ချုပ် Post အား Share ပေးခြင်းဖြင့် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ကူညီပေးကြပါရန် ပညာရေးဝန်ကြီးဋ္ဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။ မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီး၏ မြို့နယ်အသီးသီးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေငြာပေးရန် Album များအား ပညာရေးဝန်ကြီးဋ္ဌာန မှ တည်ဆောက်ပေးထားပြီးဖြစ်၍ မိမိတို့ ကြည့်ရှုလိုသည့် မြို့နယ် Album အား Likeပြုလုပ်ထားခြင်းဖြင့် အောင်စာရင်းများ တင်သည်နှင့် တစ်ပြိုင်နက် Notificaiton ရယူသိရှိနိုင်မည် ဖြစ်ပါသည်။ အောင်စာရင်းထုတ်ပြန်မည့်အချိန်မှာ တရားဝင်ကြေငြာထားသည့် ဇွန်လ၁၁ရက်နေ့ နံနက်ပိုင်းဖြစ်ပါသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ကြည့်ရှုနိုင်သောစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ . နေပြည်တော်ကောင်စီနယ်မြေ https://www.facebook.com/moe.gov.mm/photos/a.925011847605879.1073741828.924512940989103/1003408263099570 . ကချင်ပြည်နယ် https...

ငပိစားသူများသတိထား...!

Image
ငါးပိရည်ကျို ပြုလုပ်ရာတွင် ငါးအရိုးများအနူးလွယ်စေသည့် ယူရီးယား ဓာတ်မြေသြဇာများ ထည့်သွင်းအသုံးပြုကာ ဈေးကွက်တွင်း ရောင်းချနေကြသဖြင့် ငါးပိ ကြိုက်သူ မြန်မာလူထုများ ကျန်းမာရေး အန္တရာယ် သတိထားကြရန် လိုသည်။ ထို့ပြင် ယင်းသို့ တွေ့ရှိချက်များအား အတည်ပြုရန် ဈေးကွက်တွင်းရှိ ငါးပိရည်ကျိုများကို ဓာတ်ခွဲခန်းပို့ကာ စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက ပြောဆိုသော်လည်း အမျိုးသား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ကမူ အတည်ပြုနိုင်ခြင်း မရှိသေးသောကြောင့် အရေးယူရန် မရှိဟု ဆိုသည်။ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က ဈေးကွက်တွင်းဖြန့်ချိနေသော ငါးပိရည်ကျို များအတွင်း ယူရီးယားမြေသြဇာများ ထည့်သွင်းနေခြင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေကြောင်း၊ လတ်တလောတွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ ငါးပိရည်ကျို များတွင် တွေ့ရှိနေရကြောင်း ပြောသည်။ “ဓာတ်မြေသြဇာ မပါတဲ့ ငါးပိရည်ကျို ကို ဒေသခံတွေနဲ့ ပေါင်းပြီး အတွင်းစည်းကနေ လိုက်ဝယ်တာ အကုန်လုံးနီးပါးက ယူရီးယားမြေသြဇာတွေ သုံးထားကြတယ်။ ဓာတ်မြေသြဇာ မပါတဲ့ ငါးပိရည် ကို ဈေးကွက်ထဲမှာ ဝယ်လို့မ...

တရုတ်ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ်တွေ လာပြီ

Image
တရုတ်ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ်တွေ လာပြီ ___________________________________ တရုတ်နိုင်ငံဟာ သူ့ရဲ့ ပထမဆုံး ပြည်တွင်းဖြစ် ကိုယ်ပိုင်ထုတ် ခရီးသည်တင် ဂျက်လေယာဉ်ကြီး တစင်းကို စတင် ပျံသန်းလိုက်ပါပြီ။  ဒါဟာ ခရီးသည်တင်လေယာဉ်ဈေးကွက်ကို လွှမ်းမိုးထားတဲ့ ဘိုရင်းနဲ့ အဲဘတ်စ်တို့ အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။ တရုတ် အစိုးရပိုင် Comac ကုမ္ပဏီရဲ့ ဒီစီမံကိန်းဟာ ၂၀၀၈ ခုနှစ်ကတည်း စတင်ခဲ့တာပါ။  စတင်ပျံသန်းမယ့် ခရီးစဉ်ကို အကြိမ်ကြိမ်နောက်ဆုတ်ခဲ့ရပေမယ့် ဒီနေ့မှာတော့ မိနစ် ၉၀ ကြာ လေထဲမှာ အဖွင့် ပျံသန်းပြီးနောက် တရုတ်ထုတ် လေယာဉ်ကြီးဟာ ရှန်ဟိုင်းမြို့ ဖူဒွန်လေဆိပ်ကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့ပါတယ်။ အခုအချိန်မှာ တရုတ်ပြည်ဖြစ် ဒီ လေယာဉ်အမျိုးအစားကို လေကြောင်းကုမ္ပဏီ၂၃ ခု က အစီးရေ ၅၀၀ ကျော် မှာယူထားကြပြီး ဝယ်ယူသူအများစုက တရုတ်လေကြောင်းလိုင်းတွေ ဖြစ်ပါတယ်။  အဓိက ဖောက်သည်ကတော့ တရုတ်အရှေ့ပိုင်း (China Eastern Airlines) လေကြောင်းလိုင်း ဖြစ်ပါတယ်။ ပြည်တွင်းဖြစ် ကိုယ်ပိုင် ခရီးသည်တင် လေယဉ် ထုတ်လုပ်ခြင်းဟာ ဘေဂျင်း အစိုးရရဲ့ ကမ္ဘာ့ လေကြောင်း ဈေးကွက်ထဲကို ထိုးဖောက်ရောက်ရှိလိုတဲ...

ခရမ်းပြာဂယက်

Image
Art of Myanmar ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် နမူနာတင်ထားသော Violet of Myanmar ဗီဒီယိုဖိုင်ပါ ဇာတ်ကွက်တစ်ခုခရမ်းရောင်လုံချည်ကို ၀တ် ဆင်၍ ပုံတော်ဖိနပ် စီးထားသည့် မိန်း ကလေးတစ်ဦး အစိမ်းရောင် မြက်ခင်းပေါ်တွင် စာထိုင်ဖတ်နေသည်။ မည်သူမည်ဝါမှန်းမသိရန် မျက်နှာကို ၀ါးထားပြီး မျက်နှာဖုံးကို ၀တ်ဆင်ထားသဖြင့် ၎င်းမျက်နှာ ကို မမြင်ရပေ။ ထိုမြင်ကွင်းသည် မြန်မာပြည်ရဲ့ ပထမဆုံး HD ဟု ကြေညာ ခဲ့သည့် Violet of Myanmar မြန် မာ အပြာကား၏ အမြည်းတစ် ပိုင်းတစ်စ ဖြစ်ပါသည်။ နှစ်နာရီကျော် ကြာမြင့်သည့် မြန်မာအပြာကားကို Art Of Myanmar ဆိုသည့် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် အွန်လိုင်းမှတစ် ဆင့် ကျပ်တစ်သောင်းဖြင့် ရောင်းချမည်ဟု ကြေညာခဲ့သည်။ အာရုံစိုက်ခံရစေရန်နှင့် စိတ်ဝင်စားမှုရရှိရန် လေးမိနစ်ခန့်ကြာ အမြည်းအဖြစ် ဗီဒီယိုဖိုင်တစ်ခုကို ကြိုတင်ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ ထိုဇာတ်ကားကို ‘ခရမ်းပြာ’ ဟုလည်း ခေါ်ဝေါ်နေသည်။ ဇာတ်ကားဝယ်ယူရန် အမေရိကန်နိုင်ငံကုတ်နံပါတ် Viber နံပါတ်တစ်ခုဖြင့် ဆက်သွယ်ဝယ်ယူရန် ပြောကြားခဲ့သော်လည်း နာရီပိုင်းအ တွင်း အမှာစာ ၂,၀၀၀ ခန့် ရောက်လာသဖြင့် Viber အကောင့် ပျက် သွားသည်ဟုဆိုကာ အရောင်းပိတ်ခဲ့သည်။ ထိုအပြာကား ဖြ...

နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) အား တောင်းဆိုထားသည့် နေရာတွင် ကျင်းပခွင့် မရပါက ညီလာခံ တက်၊ မတက် အဖွဲ့အတွင်း ဆွေးနွေးဆုံးဖြတ်မည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဆို

Image
၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) အား တောင်းဆိုထားသည့် နေရာတွင် ကျင်းပခွင့် မရပါက ညီလာခံ တက်၊ မတက် အဖွဲ့အတွင်း ဆွေးနွေးဆုံးဖြတ်မည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဆို ================== ================== ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး မတိုင်မီ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) အား တောင်းဆိုထားသည့် နေရာတွင် ကျင်းပခွင့် မရပါက ညီလာခံ တက်၊ မတက်အား အဖွဲ့အတွင်း ဆွေးနွေးဆုံးဖြတ်မည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင် လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဗဟို အလုပ်အမှုဆောင် ကော်မတီက ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအား တောင်ကြီးမြို့ သို့မဟုတ် ပင်လုံမြို့သို...

သထုံတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်နေ

Image
သထုံတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် သဘာဝဓာတ်ငွေ့နှင့်  စွန့်ပစ်အပူသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်နေ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ သထုံ  ၊  မေ  ၊  ၄ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းမှ မွန်ပြည်နယ်၊ သထုံမြို့နယ်၊  ကြာပန်းကျေးရွာရှိ သထုံ ဓာတ်အားပေးစက်ရုံဝင်းအတွင်း ကမ္ဘာဘဏ်ချေးငွေ ဒေါ်လာ သန်း ၁၄၀ ဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှု ပမာဏ ၁၁၈.၉ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေး စက်ရုံ တစ်ရုံကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ “မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားမလုံလောက်မှုနဲ့  ပြတ်တောက်မှုတွေ ကိုကြုံတွေ့နေရတယ်။ ဒါတွေကို အသက်သာဆုံးဖြစ်အောင် လျော့နည်း သွားအောင် တည်ဆောက်ရခြင်းဖြစ်ပါတယ်။ စီမံကိန်းကို ၂၀၁၆ ဇန်န၀ါရီလလောက်က စတယ် လက်ရှိအချိန်မှာတော့ စက်ရုံ အဆောက် အဦက ပြီးတော့မယ် ဒါပြီးရင် ဇွန်လ လောက်မှာ စက်အရံပစ္စည်းတွေ ဒီကိုသယ်တော့မယ်။ စီမံကိန်း တစ်ခုလုံး ဆိုရင်တော့ ၂၀၁၈ နှစ်ဆန်း ပိုင်းလောက် ပြီးဖို့ မျှော်မှန်းထားပါတယ် ဒီစီမံကိန်းကို ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ သန်...

#ရောင်းကောင်းနေတဲ့ဆိုင်ရှင်တွေဆီကအတုယူနိုင်တဲ့အချက်(၄)ချက်

Image
#ရောင်းကောင်းနေတဲ့ဆိုင်ရှင်တွေဆီကအတုယူနိုင်တဲ့အချက်(၄)ချက် ကိုယ့်ဆိုင်က ရောင်းမကောင်းလို့ စိတ်ညစ်နေရပြီလား? သူများတွေလို ရောင်းကောင်းအောင် ဘယ်လိုလုပ်ကြမလဲဆိုပြီး စဉ်းစားရခက်နေပါသလား? ကိုယ့်ဆိုင်မှာ ရောင်းအားတက်ဖို့ စတိုးဆိုင်ပိုင်ရှင်ကြီးတွေဆီက အတုယူသင့်တဲ့ နည်းလမ်းတွေကို E-ဘောင်ချာ​က ဖော်ပြပေးလိုက်ပါတယ်။ #ဝယ်သူတွေဦးစားပေးဂရုစိုက် အရမ်း ရောင်းကောင်းနေတဲ့ ဆိုင်ပိုင်ရှင်တွေဆိုတာ ဝယ်သူတစ်ယောက်ချင်းစီကို သေချာ ဂရုတစိုက် ရှိတတ်ကြပါတယ်။ ဝယ်သူကို ဝင်လာတာနဲ့ နှုတ်ဆက်တာ၊ ရောင်းမှား၊ ဝယ်မှားတွေ ရှိလာတဲ့အခါမှာလည်း ပြေလည်အောင် ဖြေရှင်းပေးနိုင်တာ၊ တစ်ခါဝယ်ပြီးသား ဝယ်သူတွေကို ကိုယ့်ဆိုင်မှာပဲ ထပ်ခါထပ်ခါ ဝယ်ချင်လာအောင် ဆွဲဆောင်ထားနိုင်တာ စတဲ့ အရည်အချင်းတွေ ရှိကြပါတယ်။ #အသစ်အဆန်းတွေတီထွင်ဖန်တီးနိုင်ခြင်း ဆိုင်မှာ ဈေးရောင်းတဲ့အခါ တစ်သတ်မတ်တည်း ရောင်းတာမျိုးထက် ပွဲတော်တွေဆို ဒစ်စကောင့်ချပေးတာ၊ ပရိုမိုးရှင်းပေးတာ၊ ဖောက်သည်တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ မေတ္တာလက်ဆောင်ပေးတာ စတဲ့ အစီအစဉ်တွေ ဖန်တီးနိုင်တာ၊ ဈေးကွက်မှာ ခေတ်စားလာမယ့် ကုန်ပစ္စည်းတွေကို ခန့်မှန်းနိုင်တာ စတဲ့ အရည်အချင်းတွေလည်း ရှိအောင...