Posts

ပြည်နယ်နှင့်တိုင်းဖွဲ့စည်းပုံအတွင်း- မည်သည့်အခါမှ ခွဲမထွက်ရ ဆိုသည့်အချက် - ထည့်သွင်းဖော်ပြမှုမသင့်ဟု SNLD ပြော

Image
ပြည်နယ်နှင့်တိုင်းဖွဲ့စည်းပုံအတွင်း- မည်သည့်အခါမှ ခွဲမထွက်ရ ဆိုသည့်အချက် - ထည့်သွင်းဖော်ပြမှုမသင့်ဟု  SNLD  ပြော သျှမ်းသံတော်ဆင့် / ဆိုင်ဖူး မေလ ၂၅ ရက် ၂၀၁၇ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယနေ့မှာ UPDJC မှ ချမှတ်ပေးထားသည့် နိုင်ငံရေးကဏ်ဏ္ဍ အစုအဖွဲ့အလိုက် ဆွေးနွေးရန်အတွက် အချက် ၂၁ ချက် ပါရှိသည့်အနက် အပိုဒ် ၈ အပိုဒ်ခွဲ (ဂ) တွင်ပါရှိသည့် ပြည်ထောင် စု နယ်မြေအတွင်းမှ မည်သည့် အခါမှ ခွဲမထွက်ရ ဆိုသည့် အချက် ထည့်သွင်းဖော်ပြမှုမသင့်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်  SNLD  ကျားခေါင်းပါတီဘက်မှ ဆွေးနွေးခဲ့သည်။ အဆိုပါ ပြည်ထောင်စု နယ်မြေအတွင်းမှ မည်သည့် အခါမှ ခွဲထွက်ခွင့်မပြုရ ဆိုသည့် အချက် ဖော်ပြရာတွင် အပိုဒ် ရ (က) မှာ ဒို့တာဝန်အရေးသုံးပါး ကို ဖော်ပြပြီးသားဖြစ်သည့်အတွက် ထည့်သွင်းရန် မလိုကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ နိုင်ငံရေးဆွေးနွေးပွဲ ကိုယ်စားလှယ် စိုင်းထင်ကျော် ကပြောသည်။  “ခု ပြန်လည်ဆွေးနွေးခွင့် ၂၁ ချက်ရှိပါတယ်၊ အဲ့ဒီ ၂၁ ချက်ထဲမှာ အပိုဒ် ၈ အပိုဒ်ခွဲ(ဂ) အနေနဲ့ ကျနော်တို့ ဆွေးနွေးရတာ ဖြစ်ပါတယ်၊ ဒါကို ကျနော်တို့ ကိုင်ြ...

ရှမ်းတပ်နှင့် တိုက်ပွဲများရပ်တန့်ရေး ဆွေးနွေးရန်အသင့်ရှိဟု တအာင်းတပ်ပြော

Image
ရှမ်းတပ်နှင့် တိုက်ပွဲများရပ်တန့်ရေး ဆွေးနွေးရန်အသင့်ရှိဟု တအာင်းတပ်ပြော ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) နဲ့ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ (အာစီအက်စ်အက်စ်) တို့ကြား တိုက်ပွဲတွေရပ်တန့်နိုင်ဖို့ လုံခြုံရေးအရ အဆင်ပြေတဲ့နေရာမှာ ဆွေးနွေးဖို့ အဆင်သင့်ရှိနေကြောင်း တီအန်အယ်လ်အေက ပြောပါတယ်။ တီအန်အယ်လ်အေ ပြန်ကြားရေးမှူး တာအိုက်ကျော်က “တွေ့ဆုံညှိနှိုင်းဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက ပြောတယ်။ သူတို့က တွေ့ဆုံဖို့ ရှောင်လွဲနေတယ်။ တရုတ်ပြည်၊ ပန်ဆန်း၊ မိုင်းလား တနေနေရာမှာ တွေ့ဖို့အစဉ်သင့်ရှိတယ်။ သူတို့ကလည်း ဒီချင်းမိုင်မှာပဲ အဆင်ပြေနေတယ်။ ချင်းမိုင်ကျတော့ ကျနော်တို့က အန်စီအေ လက်မှတ်မထိုးထားတော့ လုံခြုံရေးမှာ အခက်အခဲရှိတယ်။ တွေ့ဖို့ နေရာအဆင်ပြေရင်တော့ တွေ့ဖို့အဆင့်သင့်ပဲ” လို့ သူကပြောပါတယ်။ တအာင်းအမျိုးသားပါတီ (တီအန်ပီ)က ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာမှာ အာစီအက်စ်အက်စ်နဲ့ ကြားဝင်ညှိနှိုင်းခဲ့ကြောင်း မီဒီယာတွေမှာ ဖော်ပြထားပေမယ့် ရှမ်းပြည်တောင်ပိုင်းရှိ စာသင်ကျောင်းကိစ္စရပ်တွေကိုသာ ဆွေနွေးတာဖြစ်ပြီး တီအန်အယ်လ်အေ နဲ့ အာစီအက်စ်အက်စ် ...

လားရှိုးဟိုတယ်တွေကို ဆက်ကြေးကောက်တာ TNLAအဖွဲ့ စစ်ဆေးနေ

Image
လားရှိုးဟိုတယ်တွေကို ဆက်ကြေးကောက်တာ TNLAအဖွဲ့ စစ်ဆေးနေ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က ဟိုတယ်တွေကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က အခွန်ကောက်ခံတဲ့ စာတွေပေးပို့တာဟာ TNLA အဖွဲ့က စီစစ်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ "ရဲတပ်ဖွဲ့ကတော့ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေပါတယ်။ မြို့အဝင်ထွက်တွေမှာ အားလုံးပိတ်ဆို့ရှာဖွေနေတာ ၈ နေရာမှာလုပ်နေပါတယ်။ ကျွန်တော်တို့ မော်တော်ယာဉ်လှည့်ကင်း၊ မော်တော်ဆိုင်ကယ်လှည့်ကင်း၊ ခြေလျင်လှည့်ကင်း၊ အရပ်ဝတ်စောင့်ကြည့်အဖွဲ့များ ချထားပြီးတော့မှ အထူးသဖြင့် ဟိုတယ်တွေကို စောင့်ကြည့်လုံခြုံရေးတာဝန်ယူမှုတွေ လုပ်နေပါတယ်ခင်ဗျ။ ဟိုတယ်မှာရှိတဲ့ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့မှ ။ ကျန်တာတော့ မြို့တမြို့လုံးကို လှည့်ကင်းယာဉ်တွေနဲ့ လှည့်ပတ်ပြီးတော့မှ စောင့်ကြည့်နေပါတယ်ခင်ဗျ " အင်တာနက် လူမှုကွန်ယက်စာမျက်နှာမှာ ပျံနှံနေတဲ့ လားရှိုးမြို့ ဟိုတယ်တွေထံ အခွန် ကောက်ခံတဲ့စာမှာ TNLA အဖွဲ့ရဲ့ တံဆိပ်တုံးတွေ၊ ခေါင်းစီးလည်း မပါတဲ့အပြင် စာရဲ့အောက်မှာ လက်မှတ်ထိုးထားတဲ့ နာမည်နဲ့ အဖွဲ့ဝင်လည်း မရှိတာကြောင့် TNLA အနေနဲ့ စိစစ်နေတယ်လို့ ပြန်ကြားရေးတာဝန်ခံ ...

ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ

Image
#ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ ရှမ်းပြည်နယ်မှာ ကချင်၊ ဝ၊ တအာင်း၊ ရှမ်း၊ ကိုးကန့်၊ အခါ၊ ပအိုဝ်း အစရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းပေါင်း အနဲဆုံး ၈ ဖွဲ့ရှိပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ကျော့ကွင်းမှာဆင်းသက်သွား ပြီး ပြည်သူ့စစ်အသွင်ပြောင်းခဲ့ရတာ၊ အကျိုးစီးပွားလုပ်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ပင်းပြီးဖွဲ့ထားတဲ့ ဒေသခံ တိုင်းရင်းသားနဲ့ တရုတ်လူမျိုးတွေရဲ့ ပြည်သူ့စစ် စသဖြင့် ပြည်သူ့စစ်အင်အားကြီးကြီးငယ်ငယ် အဖွဲ့ပေါင်း ၂၀၀ ကျော်ရှိပါတယ်။ မြန်မာ့တပ်မတော်က စစ်တိုင်းဌာနချုပ် လေးခုနဲ့ ခြေမြန်တပ်မဌာနချုပ် တခု ဖွင့်လှစ်ထားပြီး၊ အားလုံးစုစုပေါင်း တပ်ရင်း ၂၀၀ ကျော် ရှမ်းပြည်နယ်ဒေသအသီးသီးမှာ အခြေချလှုပ်ရှားနေပါတယ်။ (က) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ၁) ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၄) နဲ့ တပ်မဟာ (၆) တို့နဲ့စုဖွဲ့ထားတဲ့ KIO တောင်ပိုင်းတိုင်း ၂) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၃) မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA- ကိုးကန့် ၄) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် - NDAA - မိုင်းလား ၅) ရှမ်းပြည်တိုးတက်ရေးပါ...

ကျောက်မဲမြို့၌ RCSS/SSA နှင့် TNLA တို့တိုက်ပွဲဖြစ်ပွား

Image
မြေမြုပ်မိုင်းရှင်းလင်းရေးလှုပ်ရှားမှုမှ ကျောက်မဲမြို့၌ RCSS/SSA နှင့် TNLA  တို့တိုက်ပွဲဖြစ်ပွား သျှမ်းသံတော်ဆင့် မေလ ၂၂ ရက် ၂၀၁၇ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်တို့ကြား တိုက်ပွဲများဖြစ်ပွါး မှုကြောင့် ဒေသခံရွာသားများ ကျောက်မဲမြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ ကျောက်မဲမြို့နယ် မြောက်ဘက်နှင့်အနောက်မြောက်ဘက်ရှိ ကွန်ကော်ကျေးရွာအုပ်စု၊  လွယ်အံကျေးရွာအုပ်စုအတွင်း  မေလ ၂၁ ရက် ၅၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့က  RCSS နှင့် TNLA ကြားတိုက်ပွဲဖြစ်ပွား မှုကြောင့်  ကျောက်မဲမြို့ ရပ်ကွက် ၈ သို့ စစ်ဘေးရှောင် ၁၀၀ နီးပါးခန့်ရောက်ရှိလာကြောင်း၊ များသောအားဖြင့် တအာင်းရွာသားများဖြစ်ပြီး သျှမ်းရွာသားတချို့လည်းပါဝင်ကြောင်း ကျောက်မဲမြို့ခံ စိုင်းပါက ပြောသည်။ “ကွန်ကော်အုပ်စုထဲက တော့ဖယ် အုံအွီးရွာသားတွေ၊ လွယ်အန်အုပ်စုထဲက ခုမ်ငင်း၊ ဝန်ကန်ရွာတွေက ရွာသား ၉၅ ယောက် ရပ်ကွက် ၈ မှာလာပြီး ခိုလှုံနေတယ်။ လောလောဆယ်တော့ တည်းခိုတဲ့စခန်း အနီးတဝိုက်ကရွာသားတွေသွ...

စော်ဘွားခေတ် ကျိုင်းတုံဝက်ဖှကျောဝ်(Wat Pha Kiao Keng Tung)

Image
စော်ဘွားခေတ် ကျိုင်းတုံဝက်ဖှကျောဝ်(Wat Pha Kiao Keng Tung) (วัดพระแก้วนครเชียงตุง เมื่อสมัยก่อน)  ဘုန်းတော်ကြီးကျောင်း တစ်ချိန်က ကျိုင်းတုံဟော်နန်းတော်ကြီးရဲ့နန်းဦးကျောင်းဖြစ်ပြီး 43ဆက်မြောက်ကျိုင်းတုံစော်ဘွားကြီးစောဝ်ဖှကွမ်ကျောဝ်အင်းထလိုင်း(Sao Mom Kawn Kiao Interng ruled during AD-1897 until 1937or M.E era of 1259 to 1297 reigned for 38 years.) အမြဲတရားဘာဝနာအားထုတ်သည့် ကျောင်းတော်ဖြစ်ပါတယ် ယနေ့ခေတ်ထိတိုင် မဟာမြတ်မုနိဘုရားကြီးဝိဟာရကျောင်းတော်ရဲ့ မြောက်ဘက်မုဒ်ဦးရှေ့တည့်တည့်တွင်တည်ရှိပါတယ် #Kyaw Ye Myint Aung

မြို့နယ်ပေါင်း ၅၂ မြို့နယ်အတွက် လျှပ်စစ်မီတာဘီလ်များကို CB Bank 's Mobile Banking ဖြင့် လွယ်ကူစွာ ပေးဆောင်နိုင်ပါပြီ.

Image
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်ပေါင်း ၅၂ မြို့နယ်အတွက် လျှပ်စစ်မီတာဘီလ်များကို CB Bank 's Mobile Banking ဖြင့် လွယ်ကူစွာ ပေးဆောင်နိုင်ပါပြီ. အချိန်မကုန်၊ လူမပန်းပဲ မိမိဖုန်းလေးထဲကနေ အချိန်မရွေး မီတာဘီလ်ဆောင်နိုင်ဖို့အတွက် CB Bank's Mobile Banking ကိုချိတ်ဆက်ထားဖို့တော့ လိုမယ်နော်!! နီးစပ်ရာ CB Bank's ဘဏ်ခွဲများသို့ အမြန်ဆုံးသွားရောက် ပြီးချိတ်ဆက်ထားဖို့ မမေ့နဲ့နော်... အောက်ဖော်ပြပါ Link တွင် CB Bank's Mobile Banking ဖြင့် Meter Bil ပေးဆောင်လို့ ရသော မြို့နယ်များကို ဖော်ပြထားပါသည် ။ http://bit.ly/MB_MeterBill သင်တို့၏ ရွေးချယ်မှုတိုင်းအတွက် CB Bank Mobile Banking မှ လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် စီစဉ်ထားပါသည် ။ CB Bank Mobile Banking #EasiMobile #Meter_Bil #Township_52 #Myanmar

မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ပါ ကော်မတီသည် စစ်ရေးမဟာမိတ်အဖွဲ့မဟုတ်ဟု UWSA ပြော

Image
မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ပါ ကော်မတီသည် စစ်ရေးမဟာမိတ်အဖွဲ့မဟုတ်ဟု UWSA ပြော  မြောက်ပိုင်းလက်နက် ကိုင်ခုနစ်ဖွဲ့ပါဝင်သည့် ပြည် ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်း ရေးကော်မတီသည် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရန် ဖွဲ့စည်းထား သော စစ်ရေးမဟာမိတ်အဖွဲ့အ စည်းတစ်ခုမဟုတ်ကြောင်းနှင့် အစိုးရ၊ တပ်မတော်နှင့် အများ ပြည်သူများအနေဖြင့် ကော်မတီ အပေါ် အထင်မလွဲမှားစေရန် မျှော်လင့်ကြောင်း ‘ဝ’လက်နက် ကိုင်အဖွဲ့ (UWSA) ဥက္ကဋ္ဌ ဦးပေါက်ယိုချန်းက ပြောသည်။ UWSA၊ ကချင်လက်နက် ကိုင်အဖွဲ့ (KIO)၊ ရှမ်းလက်နက် ကိုင်အဖွဲ့ (SSPP)၊ မိုင်းလားလက် နက်ကိုင်အဖွဲ့ (NDAA)၊တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုး ကန့်လက်နက်ကိုင်အဖွဲ့ (MND-AA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) တို့ပါဝင်သော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီကို ပြီးခဲ့သည့် ဧပြီကအတည်ပြုဖွဲ့စည်းခဲ့၍ ယင်းကော်မတီဥက္ကဋ္ဌသည် UWSA ဦးပေါက် ယိုချန်းဖြစ်သည်။ ဦးပေါက်ယိုချန်းကို ပြည်ပ မီဒီယာမှ ဆက်သွယ်မေးမြန်းချက်များကို UWSA လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းက မေလ ၁၉ ရက် ည တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်သည်။ ‘‘ဌာနချုပ်က တင်ခ...

RCSS ကြောင့် ရှမ်းတွေကို တိုင်းရင်းသားတွေ မုန်းရလိမ့်မယ်

Image
RCSS ကြောင့် ရှမ်းတွေကို တိုင်းရင်းသားတွေ မုန်းရလိမ့်မယ် ဒီလိုစာ မရေးချင်တာတော့ အမှန်ပါ။ အကြောင်းအရင်းက အောက်တန်းကျသောတိုင်းရင်းသားတွေရဲ့ စိတ်ဓာတ်နဲ့ မိမိရဲ့ page မှာမဖော်ပြလိုပါ။ လူမျိုးကြီးဝါဒဆန်ပြီး နိုင်ငံကို အလွဲသုံးစားလုပ်နေတဲ့ စစ်အဏာရှင်တွေကိုသာ မိမိဝေဖန်လေ့ရှိသည်။ သို့သော် အကြောင်းအမျိုးကြောင့် ဒီလိုစာမရေးရင် မှားနေတာတွေ အမှန်ဖြစ်သွားမှာကို မလိုလားသောကြောင့် ရေးခြင်းဖြစ်သည်။ RCSS ဟာ ရှမ်းမြောက်ကို ဗမာစစ်တပ်ရဲ့ အကူအညီမပါဘဲနဲ့ ဘယ်လိုပုံစံနဲ့မှ ရောက်ဖို့ မဖြစ်နိုင်ပါ။ မိုင်ပေါင်းထောင်ချီတဲ့နေရာဒေသကို တောတောင်များကျော်ဖြတ်တာဟာ လမ်းလျှောက်ရင်ဖြင့် လချီလောက်ထိ လျှောက်ရပါမယ်။ ဒါကြောင့် RCSS ဟာ ဗမာ့စစ်တပ်က ညွန်ကြားခြင်းအတိုင်း သွားနေသည်ကို ဘယ်တိုင်းရင်းသားမှ ယုံမှားဖွယ်မရှိပါ။ ကျွန်တော်သည် တအာင်းစစ်စစ်ဖြစ်သော်ငြားလည်း တအာင်းမှားရင် ကျွန်တော်ဝေဖန်ထောက်ပြခဲ့ပါတယ်။ သို့သော် ရှမ်းတွေက RCSS လုပ်ပုံကိုင်ပုံ လူ့အခွင့်အရေးချိုးဖောက်မှုကို မမြင်ချင်ဟန်ဆောင်သည်မှာ အင်မတန်စိတ်ပျက်ဖွယ်ကောင်းလှသည်။ ရှမ်းလူမျိုးတွေဟာ ဗမာတွေထက် လူမျိုးကြီးဆန်တယ်လို့ တိုင်းရင်းသားအများစုက ဆိုကြပါတယ်။ ရှမ်ြး...

လျှပ်​စစ်​ထမင်း​ပေါင်းအိုး ပျက်​ရင်​ ပစ်​မထားနဲ့ ပြင်​ပြီးသုံးပါ။(မီးဖို​ချောင်​ စရိတ်​ ​ချွေတာကြမယ်​)

Image
လျှပ်​စစ်​ထမင်း​ပေါင်းအိုး ပျက်​ရင်​ ပစ်​မထားနဲ့ ပြင်​ပြီးသုံးပါ။(မီးဖို​ချောင်​ စရိတ်​ ​ချွေတာကြမယ်​) ---------------------- မြို​ပေါ်​နေ မိသားစု​တွေအတွက်​ လျှပ်​စစ်​ထမင်း​ပေါင်းအိုးဟာ မရှိမဖြစ်​ အ​ရေးပါတဲ့ အိမ်​သုံးပစ္စည်းတခုပါ။ အသုံးများသလို အပျက်​လည်းများကြပါတယ်​။ အခုတ​ခေါက်​မှာ​တော့သားချင်းတ​ယောက်​ရဲ့ တရုတ်​ထမင်း​ပေါင်​အိုး (​လေးဘူးချက်​)တလုံး ပျက်​​​နေပြီး အမှိုက်​ထဲ ​ရောက်​မဲ့ ​ပေါင်းအိုး​လေး ပြုပြင်​ပုံကို တင်​ပြ​ပေးပါမယ်​။ --- ​ပေါင်းအိုးပြစ်​ချက်​များက​တော့ ----------------- 1.Power supply မီးအဝင်​​ခေါင်း အရည်​​ပျော်​​နေတယ်။ 2.ခလုတ်​(check point) မကြာခန တက်​​နေတယ်​။ ပြစ်​ချက်​ ၁ အတွက်​... ​အောက်​ခံ ​ကြွေသားပါတဲ့ မီးအဝင်​​ခေါင်း ​ဆော့ကက်​ အထိုင်​​ကို လျှပ်​စစ်​အပိုပစ္စည်းဆိုင်​​တွေမှာ ၅၀၀ိ/-နဲ့ ဝယ်​ပြီး ပုံမှာပြထားသလို လဲ​ပေးလိုက်​ရင်​ ​ရေရှည်​ အသုံးခံတဲ့​ခေါင်းဖြစ်​မယ်​။(ယိုးဒယား ဒယ်​အိုး အနီ သုံးတဲ့ ​ခေါင်းကြိုး တပ်​သုံးလို့ရသွားပြီ)။{အထိုင်​​ပေါက်​က အတူတူဘဲ နတ်​ကြပ်​ရုံပါ} ​အော်​ရီဂျင်​နယ်​ သုံး​ပေါက်​​ခေါင်းကြိုးနဲ့ အထိုင်​ ​ခေါင်း ​တွေက အပူဒ...

WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း

Image
WY(ခေါ်) ရာမ(စိတ်​ကြွရူးသွပ်​​ဆေးပြား)အ​ကြောင်း တ​စေ့တ​စောင်း 💀💉💊 ================================== ဖတ်​ဖို့မအား ​သေးရင်​ Share ထား​ပေါ့ဗျား ဗဟုသုတ​ရပါတယ်​😍 မိဘတွေက ကိုယ့်သားသမီးခြေလှမ်း ကြည့်နေသင့်တယ်။၁၆ ၁၇နှစ်နေ ၂၅ ၂၆ ကြားက သူငယ်ချင်းတွေ ဖျက်ဆီးမှုေ ကြာင့်ပါသွားတာအများကြီး။ တချို့အနုပညာသမား Model တွေကို ဆေးရောင်းသူတွေက အိတ်လိုက် အလကားပေးတ ယ်ပြောတယ် ။ဘေးနား ကသူတွေကို ဆေးစွဲအောင်ပြီးမှ့သူရောင်းမယ်လေ။ ဘဝပျက်သွားတဲ့ဘော်ဒါတွေအများကြီး အရင်က ဂီတနဲ့ရုပ်ရှင်ပဲ၊ နောက်ပိုင်း Model လောကပါ ဒါသုံးရင်ပိန်လို့ဆိုပြီး အရမ်းသုံးလာတယ်ကြားတယ်။ လမ်းမှားတွေပါ။ ဆင်ခြင်စေချင်တယ်။ ဒီစာကိုဖတ်၍ တစ်ဦးတစ်ယောက်အတွက်ပင် အကျိုးရှိညားကြိုးစားရေးသားရကျိုးနပ်ပါသည် စိတ်ကြွရူးသွပ်ဆေးပြား အကြောင်းကို ဗဟုသုတနှင့်အတွေ့အကြုံပေါင်းစပ်၍ သူငယ်ချင်းများအား သိစေချင်သောကြောင့် ရေးသား လိုက် ရပါသည် ။ ဆေးပြား၏ပုံစံမှာ ဘာမီတွန်အရွယ်အစားထက် အနည်းငယ် ငယ်ပြီးအရောင် မှာပန်းရောင်ရင့်ရင့်ဖြစ်ပြီး တချိုမှာ အစိမ်းေ ရာင် အဖြူရောင်တို့ဖြစ်ကြပါသည်။ ၎င်းဆေး ပြားကို ရေသန့်ဗူးခွံ သိုမဟုတ် ဖျော်ရည်ဗူးခွံဖြင့် ဗူးကိုဖေါက်ပြီးဖျော်...

ငါးနှစ်အတွင်း ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းပြီး တပ်မတော် ၂၅ရာခိုင်နှုန်း လွှတ်တော်မှ ထွက်ခွာမည်ဟု တပ်ချုပ်ပြော

Image
သမ္မတဦးထင်ကျော်၏ အစိုးရသက်တမ်းငါးနှစ်အတွင်း စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းမည်ဖြစ်ပြီး လွှတ်တော်တွင်း နေရာယူထားသော တပ်မတော်သားအမတ် ၂၅ရာခိုင်နှုန်းမှာလည်း ပြည်သူ့ဆန္ဒအတိုင်း ဖြစ်စေရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ “ကျွန်တော်တို့ ဒီဒုတိယငါးနှစ်မှာ တစ်ကယ်ငြိမ်းချမ်းရေးရအောင် လုပ်ချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်)ကိုလည်း ကျွန်တော်ပြောပါတယ်။ အစ်မရေ…ဒီကာလကတော့ ငြိမ်းချမ်းရေးရအောင် လုပ်ရလိမ့်မယ်။ သူလည်း ဒါကို လက်ခံပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ရွေးကောက်ခံ အရပ်သားအစိုးရသစ်တာဝန်ယူပြီးနောက် နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတွင် မေလ ၁၃ရက်က ပထမဆုံးအကြိမ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “နိုင်ငံရေးက အဓိက မဟုတ်ဘူး။ ငြိမ်းချမ်းရေးက အဓိကပါ။ နိုင်ငံရေးက သူ့အချိန်အခါနဲ့သူ လုပ်သွားလို့ရတယ်။ ငြိမ်းချမ်းရေးကျတော့ စောစောရလေ ကောင်းလေပဲ” ဟု ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။ ထို့ပြင် ပြည်သူက ရွေးချယ်တင်မြေ...

မြန်မာသံရုံးပက်စပိုစ့်ထုတ်ပေးရေးဌာနအားမကိုးနဲ့ မှားသွားမယ်

Image
မြန်မာသံရုံးပက်စပိုစ့်ထုတ်ပေးရေးဌာနအားမကိုးနဲ့ မှားသွားမယ်  မောင်/မယ်တို့ရေ၊ ကျနော် ဦးငယ်တစ်ယောက် ပက်စပိုစ့်သွား လျှောက်တာ ၀ါဆိုတော့မယ်အခုထိ ပက်စပိုစ့်အရိပ်ယောင်မမြင်ရ.. .ပန်းရောင်ဘတ်သက်တမ်းက ကုန်တော့မယ်..ကျနော်ဦးငယ်လို့  ကြုံနေရသူတွေ ဒုနဲ့ဒေးရှိတယ် ။ =========================================== ၆ နှစ်ပြည့်ယာယီစာအုပ်အနီသမားတွေ အတွက်သတိထားသင့် တာလေးပြောပြမလို့ ပါ ။ ၆ နှစ်ပြည့်စာအုပ်အနီသမားတွေထဲမှာ တချို့ က စာအုပ်ထဲမှာဗီဇာသက်တမ်း ရှိသေးတယ်ဆိုပြီး မှီမယ်ထင်လို့ မြန်မာသံရုံးမှာစာအုပ်လဲဖို့ အတွက် နိုင်ငံသားစီစစ်ထားတဲ့သူတွေရှိပါတယ် ။ မြန်မာသံရုံးကစာအုပ်က ဗီဇာသက်တမ်းကုန်ခါနီးအထိ စာအုပ်မထွက်လာလို့  မြန်မာပြည်မှာ စာအုပ်သွားထုတ်တဲ့သူတွေကို မြန်မာပြည်က ပတ်စပို့ စာအုပ်ထုတ်တဲ့ရုံးတွေက ဘန်ကောက်မြန်မာသံရုံးမှာနိုင်ငံသားစီစစ်ထားတဲ့အတွက် စာအုပ်ပျောက် ဒဏ်ကြေးဆိုပြီး ဒဏ်ငွေ ၁၅၀၀၀၀ ကျပ် ရိုက်နေပါတယ် ။ ယာယီနိုင်ငံကူးစာအုပ်အနီ ၉ လပိုင်းမှာ ၆ နှစ်ပြည့်ဗီဇာသက်တမ်းကုန်မယ် ။ မြန်မာသံရုံးမှာ ၂ လပိုင်းကနိုင်ငံသားသွားစီစစ်ထားတယ် ။ နာမည်စာရင်းမကျလာသေးဘူး ။ စာအုပ်မထွက်လာသေးဘူး ။ စာအုပ်မထုတ်...

PSLF-TNLA တအာင်းပလောင်အဖွဲ့ ရဲ့ ရက်စက်မှုဖြင့် ပြာကျသွားသော မိုးဝီးမြို့ နဲ့  ကျောက်မဲမြို

Image
ဘယ်မြန်မာသတင်းမှ ဖော်ပြခြင်းမခံရသော PSLF-TNLA တအာင်းပလောင်အဖွဲ့ ရဲ့ ရက်စက်မှုဖြင့် ပြာကျသွားသော မိုးဝီးမြို့ နဲ့  ကျောက်မဲမြို့ ပါ။ =================== ကျောက်မဲမြို့နယ် တော့ဆန်ရွာကတော့ မြင်တဲ့အတိုင်းပါပဲ ဗမာ့တပ်မတော်နှင့် TNLA တအာင်း တိုက်ပွဲကြောင့် ပျက်စီးသွားခဲ့သောအိမ်တွေပါ။ ဒီသတင်းကတော့ ဗမာများပိုင် မီဒီယာများဖြစ်တဲ့ BBC/ DVB/VOA မြန်မာ့အလင်း ကြေးမုံ ကမ္ဘောဇတိုင်းသတင်း နှင့် မြန်မာ့မီဒီယာများအားလုံးက လျစ်လျူ ရူထားခြင်းရတဲ့  ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ မီးရို့ ခံခြင်းသာဖြစ်သည်။ ဒါမဟုတ်လျှင်လဲ ခုတလော အစိုးရသစ်လက်ထက်မှာ မန္တလေး ရန်ကုန် နဲ့  မြန်မာအနေများတဲ့နေရာမဟုတ်လျှင် သတင်းက မဖော်ပြတော့ဘူးလား။ ဒါမဟုတ် မြန်မာပြည်မှာ ဒီမိုခရေစီ လူမိုက်အားပေးတဲ့ ဒီမိုခရေစီဖြစ်ပြီလား။ အိုက်ခမ်းမဲန့်  ကျောက်မဲ 11.05.2016

ဖေဖေ့ကိုလည်း ချစ်ကြပါ

Image
ဖေဖေ့ကိုလည်း  ချစ်ကြပါ ================ ဝမ်းနဲ့မလွယ်ခဲ့ရပေမယ့်  ဝမ်းရေးအတွက် နေပူကျဲကျဲမှာ ရုန်းကန်ခဲ့ရသူပါ … နို့ချိုမတိုက်ခဲ့ရပေမယ့်  ထမင်းစေ့လေးတွေ ဖန်တီးပေးခဲ့သူပါ … မေမေ့ပါးကို နမ်းတဲ့အချိန် ဖေဖေ့ပါးကြမ်းကြမ်းမှာ အနမ်းဝေးနေဆဲပါ … မေမေ့လို  ပုံပြင်မဟြေပြပေမယ့် ဘဝပုံပြင်တွေကို  လက်တွေ့ချပြသူပါ … မေမေ  သီချင်းသံတွေကြားမှာ ဖေဖေ့အတွက် သီချင်းတစ်ပုဒ်စပ်ပေးသူမရှိ … ရေချိုးပေးတဲ့ မေမေ့ကိုချစ်သလို ရေခပ်ပေးတဲ့ ဖေဖေ့ကိုမမေ့ပါနဲ့ … မေမေ့မေတ္တာ  ကြီးမားသလို ဖေဖေ့မေတ္တာလည်း နက်ရှိုင်းလှပါတယ် … မေမေ့ကို  ချစ်သလိုမျိုး ဖေဖေ့ကိုလည်း ချစ်ပေးပါကွယ် … သားနဲ့သမီးအတွက်ဆို  မေမေက မိုးကောင်းကင်ကြီးဖြစ်သလို … ဖေဖေကလည်း  သားနဲ့သမီးရဲ့ဘဝအတွက် ကမ္ဘာမြေကြီးတစ်ခုပါကွယ် … မေမေ့နို့ဖိုးဟာ  ဆပ်မကုန်သလို ဖေဖေ့ချွှေးဖိုးဟာလည်း ဆပ်မကုန်ပါဘူး ဖေဖေ့ကိုလည်း  ချစ်ပေးကြပါ … မေတ္တာဖြင့် ရေးသားခြင်းဖြစ်သည် ×××   Credit                           အမေ...

ဓါတ်​​တော်​ချိုင့်​ ​ရေတံခွန်​တွင်​ ​ ကိုရင်​​လေးတပါး​ရေနစ်​ရာ ​ကျောင်းသားကပ္ပိယမှ ကူဆယ်​ရင်း ကိုရင်​​ရော ကပ္ပိယပါ ​ရေနစ်​​သေဆုံး

Image
ရှမ်းပြည်​​တောင်​ပိုင်း မိုးနဲ မြို့နယ်​အတွင်းမှ ပြင်​ဦးလွင်​ မြို့နယ်​အတွင်း သို့ အလည်​အပတ်​ လာ​ရောက်​ရင်း ဓါတ်​​တော်​ချိုင့်​ ​ရေတံခွန်​တွင်​ ​ရေဆင်းကူးရာ ၁၁.၅.၂၀၁၇ ယမန်​​နေ့​နေ့လည်​ ၁း၃၀ ခန့်​က ကိုရင်​​လေးတပါး​ရေနစ်​ရာ ​ကျောင်းသားကပ္ပိယမှ ကူဆယ်​ရင်း ကိုရင်​​ရော ကပ္ပိယပါ ​ရေနစ်​​သေဆုံးတဲ့ ဖြစ်​စဉ်​ကို ​မေမြို့ ဓာတ်​​တော်​ ချိုင့်​ မဲပြာအိုင်​အတွင်းမှာ ဖြစ်​ပွားခဲ့ပါတယ်​.. ယင်းအခင်းဖြစ်​ပွားခြင်းကိစ္စအား အနီးစခန်းအုပ်​ချုပ်​​ရေးအဖွဲ့မှ သန္တိသုခ အခမဲ့ လူမှုကူညီ​ရေး အသင်းသို့ ဖုန်းဆက်​အကူအညီ ​တောင်းခဲ့၇ာ သန္တိသုခ အသင်းသားများမှ ၁၁.၅.၁၇ မှ ၁၂.၅.၁၇ အထိ ကြိုးစားရှာ​ဖွေခဲ့ရာ ယ​နေ့ ၁၂.၅.၁၇ ည​နေ ၃း၄၅ မိနစ်​အချိန်​ တွင်​ ​​ကိုရင်​​ရော​ကျောင်းသားအ​လောင်းပါဆည်​ယူနိုင်​ခဲ့ပါတယ်​.. ယင်းဖြစ်​စဉ်​အတွင်း အနီးစခန်းအုပ်​ချုပ်​​ရေးအဖွဲ့နှင့်​ ရဲတပ်​ဖွဲ့များ ကလည်း ပူး​ပေါင်းကူညီခဲ့ပါတယ်​... အ​လောင်းအား ​ဒေသန္တ၇ ကျွမ်းကျင်​သူနယ်​​မြေခံ ဦးလှမြင့်​ နှင့်​ သန္တိသုခ အသင်းသားများမှ ဆည်​ယူခဲ့ခြင်းဖြစ်​ပါတယ်​.. ယခု​တော့ ​မေမြို့ ​ဆေး၇ုံကြီး အ​အေးခန်းအတွင်းသို့ ပိ...

ခေါင်းဆောင်ဆိုတာ

Image
✔ Credit - Original Uploader ✔ 💥 ဝံပုလွေအုပ်လိုနိုင်ငံ 👹 ရှေ့ဆုံးက ၃ ကောင်က အသက်ကြီးပြီး အတွေ့အကြုံရှိ လမ်းရှာကျွမ်းတဲ့သူတွေပေါ့.. 👹 ဒုတိယနေရာက ၅ ကောင်က ဝံပုလွေအုပ်ထဲက သန်မာတဲ့တိုက်ခိုက်ရေးသမားတွေ သူတို့ကတော့ ရှေ့ကနေတိုက်ခိုက်လာမယ့် ရန်သူတွေကို ပြန်တိုက်ခိုက်ဖို့အတွက် တိုက်ခိုက်ရေးအုပ်ပေါ့ .. 👹 အလယ်က အုပ်စုလိုက်ကြီးကတော့ ဝံပုလွေကလေးငယ်တွေ ၊ ဝံပုလွေမတွေနဲ့ မတိုက်ခိုက်နိုင်တဲ့ကောင်တွေ ဝံပုလွေပြည်သူတွေပေါ့.. သူတို့ကို ရှေ့ကကာကွယ်မယ့် တိုက်ခိုက်ရေးအုပ်စုနဲ့ နောက်ဘက်မှာ ဘက်စုံထူးချွန်တဲ့တိုက်ခိုက်ရေးအုပ်တွေကရံထားတယ်.. တိုက်ခိုက်ရေးသမားတွေသာအသေခံသွားမယ် ဝံပုလွေပြည်သူတွေကိုတော့ အထိမခံဖူး အသက်ပေးမယ်ဆိုသူတွေဝန်းရံထားတယ်.... 👹 ဝံပုလွေပြည်သူတွေနောက်မှာတော့ ဝံပုလွေအုပ်ရဲ့ တိုက်ခိုက်ရေးအကျွမ်းကျင်ဆုံး အရဲရင့်ဆုံးနဲ့ အသန်မာဆုံးတွေကလိုက်တယ် .. နောက်ကျောကတိုက်ခိုက်လာတဲ့ရန်သူဟာ လူတွေမှာကြောက်စရာအကောင်းဆုံးဖြစ်သလို သူတို့လည်း ဝံပုလွေအုပ်ရဲ့နောက်ကျောကို ကာကွယ်ဖို့အတွက် အတော်ဆုံးတွေကိုထားထားတယ်... 👹 နောက်ဆုံးက တစ်ကောင်တည်းကတော့ ခေါင်းဆောင်ပါ သူ့နောက်မှ ဘယ်သူ့ကိုမှမ...

မူဆယ် ၁၀၅မိုင်စခန်းမှာ ပေါက်ကွဲမှုဖြစ်ပွား

Image
မူဆယ် ၁၀၅မိုင်စခန်းမှာ ပေါက်ကွဲမှုဖြစ်ပွား ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ၁၀၅မိုင်မှာ အင်္ဂါနေ့ ညနေပိုင်းက မိုင်းတလုံးပေါက်ကွဲခဲ့ပြီးနောက်ထပ်မိုင်းတလုံးကို လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းခဲ့ရပါတယ်။ ဒီ မိုင်းပေါက်ကွဲတာကြောင့် ထိခိုက်သေကျေတာမရှိပေမဲ့ မူဆယ်မြို့မှာ လုံခြုံရေးတင်းကျပ်ထားပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာ အစိုးရတပ်နဲ့ ပလောင်တပ်ဖွဲ့အကြား နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒီလအတွင်းမှာ အကြိမ်၂၀နီးပါး ဖြစ်ပွားခဲ့ပြီဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။ ဒီမိုင်းပေါက်ကွဲတာဟာ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကကျတဲ့ ကုန်သွယ်ရေးစခန်း မူဆယ် ၁၀၅မိုင်မှာ ဒီလ ၉ရက်နေ့ ညနေ ၄နာရီ ၅မိနစ်ဖြစ်ပွားခဲ့တာပါ။ မိုင်းပေါက်ကွဲမှုအခြေအနေကိုတော့ လုံခြုံရေးတပ်ဖွဲ့က တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။ “မူဆယ်မြို့ ၁၀၅ မိုင်၊ မိုင်းယုကျေးရွာ ပြည်ထောင်စုလမ်းမကြီးကနေမှ ပေ ၁၀၀ အကွာမှာ ဘုန်းကြီးကျောင်းအမည်က ထေရ၀ါဒ ဘုန်းကြီးကျောင်း အ၀င် ၀ဲဘက်အခြမ်း အပင် ကြားမှာ ထောင်ထားတဲ့ မိုင်းတလုံးက ပေါက်ကွဲသွားတာ။ လူ၊ တိရိစ္ဆာန်ပစ္စည်းဘာမှ ထိခိုက်မှုမရှိဘ...

တအာင်းတပ်မတော်နှင့်မြန်မာ့တပ်မတော်တို့ တိုက်ပွဲ

Image
တအာင်းတပ်မတော်နှင့်မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ================================= (၂)ကြိမ် ထပ်မံဖြစ်ပွား ============== ၂၀၁၇ ခုနှစ် မေလ ၆ ရက် တအာင်းဒေသ၊ တပ်မဟာ ၁ နယ်မြေ၊ မန်တုံမြို့နယ်နှင့် တပ်မဟာ ၃ နယ်မြေ၊ နမ္မတူမြို့နယ်တို့၌ ယနေ့ မေလ ၆ ရက်နေ့တွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့သည်။ နေ့လည် ၁၂း၀၀ နာရီမှ ၁၃း၀၀ နာရီအချိန်ထိ တပ်မဟာ ၃ နယ်မြေ၊ နမ္မတူမြို့နယ် ပန်စန့်ကျေးရွာ အနီးတွင် တအာင်းတပ်မတော် တပ်ရင်း ၇၆၅ နှင့် မြန်မာ့တပ်မတော် တပ်မ (၃၃) တို့ ကလည်းကောင်း၊ ညနေ ၁၆း၁၅ နာရီအချိန်မှ ၁၉း၀၀ နာရီအချိန်ထိ တပ်မဟာ ၁ နယ်မြေ မန်တုံမြို့နယ်၊ ၀ိန်းပတ်ကျေးရွာအနီးတွင် လည်းကောင်း တအာင်းတပ်မတော် တပ်ရင်း ၄၇၈ နှင့် မြန်မာ့တပ်မတော် တပ်မ (၈၈) တို့လည်းကောင်း အသီးသီးရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ နမ္မတူမြို့နယ်၊ ပန်စန့်ကျေးရွာအနီး တိုက်ပွဲတွင် မြန်မာ့တပ်မတော် စီးနင်းလာသည့် ကား ၂ စီးသည် တအာင်းတပ်မတော် ပစ်လိုက်သည့် ပခုံးထမ်းလောင်ချာ RPG ထိမှန်မှုကြောင့် တစ်စီး တိမ်းမှောက်ကာ တစ်စီး မီးလောင်ပျက်စီး သွားသည်။ ၀ိန်းပတ် အနီး တိုက်ပွဲတွင် တိုက်ပွဲ ည ၁၉း၀၀ နာရီအချိန် ပြီးသွားသော်လည်း မြန်မာ့တပ်မတော်သည် မိုင်းဝီးတပ်စခ...

ခွဲထွက်ရေးလား ပြည်ထောင်စုစိတ်ဓါတ်လား သျှမ်းစာရေး ဆရာတဦး ရဲ့ မှတ်တမ်း

Image
ခွဲထွက်ရေးလား ပြည်ထောင်စုစိတ်ဓါတ်လား သျှမ်းစာရေး ဆရာတဦး ရဲ့ မှတ်တမ်း (အမြင်သဘောထား) သျှမ်းသံတော်ဆင့် ဖေဖော်ဝါရီလ ၂၇ ရက် ၂၀၁၇ ( သျှမ်းစာပေပညာရှင် စာရေးဆရာ ကဗျာဆရာ ဟိဏ်းကာယန်း ထွန့်လွယ်ဟိုဆေ စာပေဟောပြောပွဲမှ မှတ်တမ်းတင် (သျှမ်း - ဗမာ) ဘာသာပြန်ထားချက် ကောက်နှုတ်ချက်တချို့သာဖြစ်သည်) ၁၉၄၇ တုန်းက လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၀ နှစ်ပြည့်လို့ တန်းတူညီမျှ ခွင့်မရှိဘူးလို့ မြင်ရင်ခွဲထွက်ချင် ခွဲထွက် လို့ရတယ်လို့ ဖွဲ့စည်းပုံမှာပါတယ်။ တကယ်တမ်း ၁၀ နှစ်ပြည့်တချိန်မှာတော့ ခွဲထွက်မယ်လို့ ဘယ်သျှမ်းစော်ဘွား မှမပြောဘူး။  ခွဲထွက်မယ်လို့ ဘယ်သျှမ်းနိုင်ငံရေးခေါင်းဆောင်မှမပြောဘူး။ “မှားနေတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတိုင်းဆက်သွားလို့မဖြစ်ဘူး။ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုတော့ အသစ်ပြန်လည်ရေးဆွဲမှဖြစ်မယ် ”- လို့ဘဲပြောတယ်။ ဘယ်သူမှခွဲထွက်ချင်စိတ်မရှိဘူး။  ပြည်ထောင်စုနိုင်ငံကို ချစ်ခင်မြတ်နိုး တဲ့ စိတ်ရှိကြတယ်။ ၁၉၆၁ သျှမ်းစော်ဘွား တွေ ဦးဆောင်တဲ့ တိုင်းရင်း သားေ ခါင်းဆောင်တွေဟာ သျှမ်းပြည် မြို့တော် တောင်ကြီး မှာလာပြီး တော့ေ ဆွး နွေးကြ တယ်။ အဲဒီမှာ သျှမ်းစော်ဘွားတွေ က ပြောတယ် ။...